@theworldstage21st: စူပါဉာဏ်ရည်နည်းပညာကို ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ကန့်သတ်ဖို့ အမေရိကန်က လက်မခံဘူးလို့ ထရမ့်ပ် ပြတ်ပြတ်သားသား ပြောကြား *** စူပါဉာဏ်ရည်နည်းပညာ (SI) ကို ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ကန့်သတ်ဖို့ အမေရိကန်က လက်မခံကြောင်း ၃၃ ကြိမ်မြောက် အာရှပစိဖိတ်စီးပွားရေးပူး ပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး(APEC) မှာ အမေရိကန်သမ္မတ ထရမ့်ပ်က ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။ ထရမ့်ပ်က“စူပါဉာဏ်ရည်နည်းပညာကို အမေရိကန်တွေက တီထွင်ခဲ့တာပါ။ ဒီနည်းပညာဟာ ကမ္ဘာတစ်ဝန်းက ပြည်သူတွေအတွက် မယုံနိုင်လောက်အောင် ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ စီးပွားရေးတိုးတက်မှုတွေကို ဖန်တီးပေးနေပါတယ်။ ဒါကြောင့် ဒီနည်းပညာရဲ့ ကြီးမားလှတဲ့ အလားအလာတွေကို ပျက်စီးသွားစေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမှ မလုပ်ချင်ပါဘူး။ ဒါဟာ သာမန်ဉာဏ်ရည်တုမဟုတ်ဘဲ Superintelligence နည်းပညာပါ။ ဒါပေမဲ့ သေချာစောင့်ကြည့်ဖို့၊ သတိထားကိုင်တွယ်ဖို့နဲ့ တန်ဖိုးထားကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းပညာမှာ ကောင်းကျိုးတွေက အများစုဖြစ်ပေမဲ့ ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစိတ်အပိုင်းတွေလည်း ရှိနေတဲ့အတွက် အဲဒီအန္တရာယ်တွေကို စနစ်တကျ ထိန်းချုပ်ဖို့ အထူးဂရုစိုက်ရပါမယ်။" လို့ ဆိုပါတယ်။ ဆက်လက်ပြီး "ဒါကြောင့် SI နည်းပညာကို ထိန်းချုပ်ကန့်သတ်ဖို့ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းချမှတ်မှုမျိုးကို ကျွန်တော်တို့ လုံးဝဆန့်ကျင်ပါတယ်။ အဲဒီလိုဖြစ်လာတာကိုလည်း ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။ The World Stage - ကမ္ဘာ့ဇာတ်ခုံ Source & footage: Fox News #SIနည်းပညာ #ထရမ့်ပ် #စူပါဉာဏ်ရည် #Superintelligence #fyp
The World Stage ကမ္ဘာ့ဇာတ်ခုံ
Region: MM
Thursday 19 November 2026 03:52:47 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @theworldstage21st, please go to the Tikwm
homepage.