@dawnaalin101: သုံးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး အချက်လေးချက်ပါ ငြိမ်းချမ်းရေးကြေညာစာတမ်းကို တရုတ်နဲ့ ရုရှား ထုတ်ပြန် ~~~~ နိုဝင်ဘာ ၁၉၊ ၂၀၂၆ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရှိ ချီလင်ဗီလာမှာ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မိနစ် ၈၀ ခန့် တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက်ရခဲ့တဲ့ အချက်လေးချက်ပါ ငြိမ်းချမ်းရေးကြေညာစာတမ်းကို တရုတ်နဲ့ ရုရှားဘက်က ထုတ်ပြန်လိုက်ပါတယ်။ နျူကလီးယားစစ်ပွဲမှာ ဘယ်သူမှ အနိုင်ရနိုင်မှာ မဟုတ်သလို ဒီလိုစစ်ပွဲမျိုးကို ဘယ်တော့မှ မဆင်နွှဲသင့်ဘူးလို့ ခေါင်းဆောင်သုံးဦးက ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် နျူကလီးယားလက်နက် အသုံးပြုမိနိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့နဲ့ နောက်ထပ်နိုင်ငံတွေဆီ နျူကလီးယားလက်နက် မပြန့်ပွားအောင် တားဆီးဖို့ သုံးနိုင်ငံ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ လက်နက်အရေအတွက်ကို ဘယ်လောက်ထိ လျှော့ချကြမယ်ဆိုတဲ့ ကတိကဝတ်တော့ စာတမ်းမှာ မပါဝင်ခဲ့ပါဘူး။ စွမ်းအင်ကဏ္ဍမှာလည သန့်စင်ပြီး ရေနံထွက်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ဖြန့်ဖြူးဖို့ သုံးနိုင်ငံက စီစဉ်ထားတယ်လို့ သိရပါတယ်။ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်ဖို့ အရေးကြီးတယ်လို့ ဖော်ပြထားပေမဲ့ ဘယ်နိုင်ငံက ဘယ်လောက်တိုးထုတ်မယ်၊ ဘယ်တော့စမယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ အမေရိကန် သုံးနိုင်ငံအနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ကုလသမဂ္ဂက ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်အောင် ကုလသမ္မဂက်ု ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အလားတူအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်သင့်ဘူးလို့လည်း ခေါင်းဆောင်သုံးဦးက ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ နိုင်ငံ့တာဝန်ရှိသူတွေကို တရားစွဲဆိုခံရမှုမှ ကင်းလွတ်ခွင့်ကိုလည်း လေးစားလိုက်နာဖို့ အရေးကြီးတယ်လို့ သုံးနိုင်ငံက ဆိုပါတယ်။ ကြေညာစာတမ်းမှာ ယူကရိန်းစစ်ပွဲနဲ့ အီရန်စစ်ပွဲကို အမည်တပ်ဖော်ပြထားခြင်း မရှိသလို အဲဒီစစ်ပွဲတွေ ရပ်စဲရေးအတွက် သဘောတူညီချက်လည်း မပါဝင်ဘူးလို့ သိရပါတယ်။ ကိုးကား — ငြိမ်းချမ်းရေးကြေညာစာတမ်း၊Reuters ၊ AP သတင်းရုပ်သံ - Reuters (ဆွေးနွေးပွဲမတိုင်ခင်ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်း) ... #ရှန်ကျန်း #ငြိမ်းချမ်းရေးကြေညာစာတမ်း #နျူကလီးယားအရေး #ကမ္ဘာ့နိုင်ငံရေး #ဒေါနအလင်း

ဒေါနအလင်း
ဒေါနအလင်း
Open In TikTok:
Region: TH
Thursday 19 November 2026 13:03:14 GMT
39235
2674
46
56

Music

Download

Comments

umyomin652
umyomin :
သူတို့ကြတော့နျူကလီးယားတွေကိုင်ထားပြီးသူများကြတော့မကိုင်ရမပိုင်ဆိုင်ဘူးဆိုတော့တရားတယ်လို့ဘယ်သူပြောနိုင်လဲ
2026-11-19 14:49:40
3
u.zin.u.zin80
U Zin U Zin :
နိုင်ငံငယ်တွေအတွက် နိုင်ငံကြီးတွေရဲ့ ကစားကွက်ထဲ အသုံးချမခံရအောင် နေထိုင်ပြောဆို လုပ်ကိုင်တတ်ကြဖို့အရေးကြီးတယ်
2026-11-19 14:53:04
14
nayaungaung134
Nay Aung :
ခေါင်းဆောင်ကြီးများကျမ်းမာချမ်းသာကြပါစေ
2026-11-19 14:44:39
5
rionimo
RiO3 :
ကုလသမဂ္ဂက အမြဲစိုးရိမ်နေတော့ ဆေးတိုက်ကြတော့မယ်ပေါ့ နောက်ပိုင်းပိုရှုပ်လာတော့မယ်
2026-11-19 14:44:19
6
thanthan.hla10
thanthan hla :
ချစ်ခင်ကြပါ ကဘာ့နိုင်ငံအကြီးအကဲများ ခုလိုမြင်ရတာ ရင်ထဲမှာပီတိများစွာဖြစ် ရပါတယ် အမြဲလက်တွဲချစ်ခင်နိုင်ပါစေ
2026-11-19 15:13:30
3
multi.king64
Multi King :
ကမ္ဘာပေါ်ဒုက္ခပေါင်းဆုံခံစားနေရတယ် ၃ယောက်ပေါင်း ပြီးလောင်းမကျော်ပါနဲ့တော့
2026-11-19 15:07:29
0
toe.toe9324
SHWE TOE :
နိုင်ငံငယ်လေးတွေပဲထက်နာဦးမှာ ကြားခံနဲ့
2026-11-19 15:58:47
1
simple.life4904
simple life ♐ 🏹🏹🏹 :
သဘောအကျဆုံးကပူတင်ပဲ လမ်းလျှောက်တာကအစ ယောက်ကျားပီးတယ် ခပ်မိုက်မိုက်ပဲ
2026-11-19 14:57:25
2
user937508168057
မိဖုရား(ရောင်းဝယ်ရေး) :
တစ်ယောက်လိုသေးတယ် သူပါရင် ပိုပြည့်စုံ ကိုကို ကင်ဂျုံ 😁
2026-11-19 15:27:49
1
akadiuuip6l
သက်ပိုင် :
နူကလီးယားမြန်မာကိုရှရှားကကူညီမှာကြောက်နေကြတာခုသတင်းသာအမှန်ဆိုရင်မြန်မာကိုတရာစွဲတဲ့ကောင်တွေမလွယ်ဘူး
2026-11-19 16:16:23
0
chanthar.fully
chanthar fully. :
2026-11-19 16:59:28
0
shwemoeshein
Oracle aReA :
ဂဠုန်က မြွေကနေနဂါးဖြစ်ပြောင်းလာသူနဲ့ ဝက်ကနေ ဝံ ယောင်ဆောင်သူကို noti လာတတ်တဲ့ သဘော [Thinking] အရိယာဆင်မင်းက အေးဆေးထိုင်ကြည့်[Thinking][Big LOL]
2026-11-19 15:29:58
0
koswe508
ကျောက်စိမ်းချစ်သူ :
2026-11-19 17:08:08
0
ko.lay4342
ko shan :
ညီနောင်သုံးယောက် 😁😁
2026-11-19 15:01:03
0
user17063477560833
ဓူဝံ ကြယ် :
ရုရှား တရုပ် အမေရိကန် မြန်မာ လေးနိုင်ငံသည် စိတ်တူ ဆန္ဒတူ သဘောတူကြည်ဖြူနေပါက ကမ္ဘာကြီးအတွက် လေးချောင်းထောက် စပွဲခုံ စပွဲဝိုငိးနှင့်အလားတူ မပြိုကွဲနိုင်ပါ။ ဒါကြော့အမျိုးနိုင်ငံရေးက အဓိကကျသည်
2026-11-19 16:20:50
0
user9319218885481
user9319218885481 :
ကုလသမဂ္ဂ မြန်မာပြည်မှာ ထားတော့မယ်
2026-11-19 14:18:18
0
tunlin5908
tunlin :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-19 15:30:39
0
daw.tin.tin.khain101
Daw Thin Thin Khaing :
👍
2026-11-19 15:19:31
0
htoowin1
htoowin1 :
ဘာမှမထိရောက်ဘူး
2026-11-19 14:43:29
0
user5124471625763
user5124471625763 :
ကြိုက်သွားပြီ
2026-11-19 14:25:16
0
dawsandarwin206
Daw sandar :
👍👍👍👍👍
2026-11-19 17:34:25
0
user602833966
Zaw Zaw :
👍
2026-11-19 14:47:34
0
ukt39020jo8
ukt39020jo8 :
👍👍👍👍👍
2026-11-19 14:54:29
0
chitko6501
chitko6501 :
သူတော်ကောင်းယောင်ဟန်ဆောင်နေသောလူ ကြီးများ
2026-11-19 14:49:19
0
primezjerbt
San San :
👍👏👏👏👏
2026-11-19 14:24:33
0
To see more videos from user @dawnaalin101, please go to the Tikwm homepage.

Other Videos


About