@sieu.tichcuc: Áo phao siêu nhẹ 2026 Nam Mens

SIÊU TÍCH CỰC REVIEW
SIÊU TÍCH CỰC REVIEW
Open In TikTok:
Region: VN
Thursday 19 November 2026 15:00:44 GMT
260
3
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @sieu.tichcuc, please go to the Tikwm homepage.

Other Videos

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်ပါမောက္ခချုပ်များနှင့်ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် ဇူလိုင် ၁၄ ပညာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့်ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များတက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့သည်မှာ တစ်လခွဲရှိပြီဖြစ်ပါကြောင်း၊ ကျောင်းများ အေးချမ်းစွာဖွင့်လှစ်နိုင်ခဲ့သည့် အတွက် ဆရာဆရာမများအား ကျေးဇူးတင်ရှိပါကြောင်း၊ ဇွန်လတက္ကသိုလ်ဝင်တန်း ပြန်လည်သင်ကြားခြင်းနှင့် အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ဆရာဆရာမများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်ရာတွင် ကျောင်းနေပျော်ရန် အရေးကြီးပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းနေပျော်ရန် ဆရာဆရာမများက အင်တိုက်အားတိုက် စေတနာအပြည့်အ၀ထား၍ သင်ကြားပေးကြစေလိုကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိတို့တာ၀န်ယူ သင်ကြားနေသော ဘာသာရပ်များကို ကျောင်းသားကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားနိုင်မှသာလျှင် တာ၀န်ကျေပွန်မည်ဖြစ်ပါကြောင်း။ စာသင်ဆောင်များ၊ ရုံးများပတ်၀န်းကျင်တွင် သစ်ပင်အကိုင်းအခက်အလက်များ ရှိပါက အလင်းဖွင့်ပေးရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် အထူးပြုဘာသာရပ်အသီးသီးမှ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် ကျောင်းသားကျောင်းသူများ အနေဖြင့် project များကို မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပါမောက္ခများအနေဖြင့် ကျောင်းသားကျောင်းသူများ project  ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဖြစ်စေရန်အတွက် ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ် သန့်ရှင်းစေရေးအတွက် မဖြစ်မနေ အမြဲမပြတ် ပုံမှန်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်များရှိ သိပ္ပံဌာနများတွင် လက်တွေ့ခန်းသုံးပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကိုသတ်မှတ်ချက်များအတိုင်း စနစ်တကျ အကျိုးရှိထိရောက်စွာ အသုံးပြုကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများအနေဖြင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် Green Card ရှိသော ဆရာ ဆရာမများကိုသာ ခန့်ထားခြင်းနှင့် ဥပဒေတွင်ပါရှိသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ စက်တင်ဘာလအတွင်း တက္ကသိုလ်များစာမေးပွဲ ဖြေဆိုရာတွင် အမှားအယွင်းမရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ တိုင်းပြည်ချသ်စိတ်ရှိအောင်၊ လိမ်မာယဉ်ကျေးမှုရှိအောင် သင်ကြားလေ့ကျင့်ပေးစေလိုပါကြောင်း၊ ကိန်းဂဏန်းအချက်အလက်ဒေတာများ မှန်ကန်မှုရှိ‌စေရန် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အားကစားလှုပ်ရှားမှုများ စနစ်တကျင်းပဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာဆရာမများ အတန်းပုံမှန်၀င်ရောက်စေရန် ကြီးကြပ်ကြစေလိုကြောင်း၊ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် သင်ကြားသင်ယူမှုနည်းစနစ်များကို အသုံးပြုသင်ကြားစေလိုကြောင်း၊ ဒေသတွင်း အကျိုးစီးပွားကို အထောက်အကူပြုသည့် သုတေသနလုပ်ငန်းများဆောင်ရွက်ကြစေလိုကြောင်း‌ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်က အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများတွင် နိုင်ငံတော်အလံ အလေး ပြုခြင်းကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၀င် စာမေးပွဲဖြေဆိုစဉ်အတွင်း ပိတ်ထားသည့် ကျောင်းများ အစားထိုးဖွင့်လှစ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

About