@thounbox_: Kem nâng Tone dưỡng sáng da nữa nè #stemcera #kemnangtone #ST #xuhuong #review @Stemcera Vietnam

Thỏ Unbox ݁ ˖Ი𐑼⋆
Thỏ Unbox ݁ ˖Ი𐑼⋆
Open In TikTok:
Region: VN
Friday 20 November 2026 02:47:52 GMT
2
1
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @thounbox_, please go to the Tikwm homepage.

Other Videos

သုတေသနစာတမ်းတစ်စောင်ရဲ့
သုတေသနစာတမ်းတစ်စောင်ရဲ့ "အသက်" လို့တင်စားရမယ့် Abstract (အနှစ်ချုပ်) ကို ဘယ်လိုအထိရောက်ဆုံးရေးမလဲ။ ဘွဲ့လွန်စာတမ်းတစ်စောင်ကို စဖွင့်လိုက်တာနဲ့မာတိကာ (Contents) ထက်တောင် အရင်ဆုံးတွေ့ရမှာက Abstract (အနှစ်ချုပ်) ပါ။ စာစစ်သူ (Examiners) တွေဟာ Abstract ကို အကြိမ်ကြိမ်ဖတ်ရှုပြီး စာတမ်းတစ်ခုလုံးရဲ့ အဆင့်အတန်းကို အကဲဖြတ်ကြတာဖြစ်လို့ "First Impression" ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ ၁။ Abstract ကောင်းတစ်စောင်ရဲ့ ရည်ရွယ်ချက် (၃) ချက်ရှိပါတယ်။ (က)လမ်းပြမြေပုံ (Roadmap) စာတမ်းတစ်ခုလုံး မဖတ်ခင် သုတေသန ဘာအကြောင်းလဲဆိုတာ ကြိုသိစေပါတယ်။ (ခ) စစ်ဆေးရန် မှတ်ကျောက် (Benchmark) စာစစ်သူက စာတမ်းဖတ်ရင်း ရှုပ်ထွေးမှု ရှိလာရင် Abstract ကို ပြန်ကြည့်ပြီး စာရေးသူ ပြောထားတဲ့အတိုင်း တကယ်လုပ်ထားရဲ့လား ပြန်စစ်ဆေးပါတယ်။ (ဂ) Trailer (အစမ်းပြကွက်) ဂျာနယ်တွေမှာ ထုတ်ဝေတဲ့အခါ စာတမ်းတစ်ခုလုံး မဖတ်ဘဲ Abstract တစ်ခုတည်း ဖတ်ပြီး ဆုံးဖြတ်ကြသူတွေ များတာကြောင့် ပြည့်စုံလုံလောက်နေရပါမယ် (Self-contained)။ ၂။ အနှစ်ချုပ်ကိုစာလုံးရေဘယ်လောက်ရေးရမယ်ဆိုတာ မိမိတက္ကသိုလ်ရဲ့သတ်မှတ်ချက်ကိုစစ်ဆေးရမှာပါ။ ပုံမှန်ဆိုရင်တော့ စာလုံးရေ ၂၀၀ မှ ၅၀၀ အတွင်းရေးကြပါတယ်။ အဲ့လိုကျစ်လျစ်တဲ့စာတစ်ပုဒ်ကို ပြည့်စုံအောင်ရေးနိုင်ဖို့ဆိုရင် အောက်ပါ ဝါကျ (၇) ကြောင်းကို အစဉ်လိုက်ဖြည့်စွက်ရေးသားကြည့်ပါ- (က) Aim။ ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ ... ဖြစ်ပါသည်။ (ခ) Importance။ ဤအချက်သည် ... ကြောင့် အရေးပါပါသည်။ (ဂ) Background။ ဤသည်မှာ ယခင် သုတေသနများမှ ... ဆက်စပ် ဆင်းသက်လာခြင်း ဖြစ်သည်။ (ဃ) Methods။ သုတေသနကို ... နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ပါသည်။ (င) Observations။ ... ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ (စ) Interpretation။ ဤအချက်က ... ကို ညွှန်ပြနေပါသည်။ (ဆ) Conclusion & Implications။ ထိုကြောင့် ... ဖြစ်သည်ဟု ကောက်ချက်ချပါသည်။ လူမှုစီးပွားရေး (Socioeconomics) သုတေသန စာတမ်းတစ်စောင်အတွက် Abstract နမူနာကို လေ့လာကြည့်ပါ။ [1. Aim] The aim of this project is to examine the determinants of income stability among informal sector workers in the peri-urban townships of Mandalay City. [2. Importance] This is important because informal employment absorbs over 60% of the urban labor force yet remains highly vulnerable to economic shocks and lacks social protection. [3. Background] This follows from earlier research on urban livelihoods in developing economies in that it shifts the focus from aggregate city-level metrics to localized spatial disparities. [4. Methods] The research was carried out by administering structured household surveys to 250 informal workers across five townships and analyzing the data using Ordinary Least Squares (OLS) and Geographically Weighted Regression (GWR) models. [5. Observations] It was observed that access to micro-credit and proximity to major commercial corridors accounted for 78.7% of the spatial variation in household income stability. [6. Interpretation] This suggests that localized spatial infrastructure plays a more decisive role in sustaining informal livelihoods than individual demographic characteristics alone. [7. Conclusion & Implications] It is therefore concluded that urban poverty alleviation policies should prioritize spatially targeted infrastructure investments and accessible financial services in peripheral wards. ၁၉-၁၁-၂၀၂၆ Social Science Research #DissertationTips #AcademicWriting #WritingAbstract #ThesisWriting #ResearchMethodology

About