@kelliran9: #မြောက်ဦးမြို့နယ်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက် AB News - နိုဝင်ဘာ ၂၀၊ ၂၀၂၆ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသနှင့် အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဉ် ၇ စီးဖြင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲခန့်မှ စတင်ကာ စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ် ၇ စီးကို အသုံးပြု၍ ရမ်းချောင်းဒေသနှင့်အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုနှင့် တစ်ပြိုင်နက်တည်းတွင် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ ကင်းထောက်လေယာဥ်ပျံဝဲမှုများ ပြုလုပ်နေကြောင်းသိရသည်။ လက်ရှိတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေအနေ အသေးစိတ်ကို AB News မှ ဆက်လက် စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။ #creatorsearchinsights #contenttopostontiktok
🅛🅤🅤🅒🅗🅐🅨
Region: MM
Friday 20 November 2026 06:21:33 GMT
Music
Download
Comments
Yin Nu Sein :
အားလံားဘေးကင်ကပ်ပါစီ
2026-11-20 09:25:28
0
မဟူရာ :
ဘေးကင်းပါစိ
2026-11-20 10:23:29
0
ThaZinThuChay :
မြောက်ဦးအြို့နယ်ကအမျိုးတိဘေးကင်းကပါစီ
2026-11-20 07:57:45
0
San Moe :
ဂရုစိုက်ကပ်ပါ
2026-11-20 08:58:54
0
No Ko :
ဘေးရန်ကင်းဝီးကပ်ပါဇီ🙏🙏🙏
2026-11-20 10:52:57
0
U Mg Md Kyi :
မြောက်ဦးအမျိုးတို့ ဝေးဝေးရှောင်ကြပါ
2026-11-20 06:42:34
0
Kyaw Htay :
စိတ်ပူရေတဝ
2026-11-20 06:44:42
0
santorita193 :
😥😥😰😰
2026-11-20 08:16:51
0
rtys. 3441 :
လက်နက်ဘေး လွတ်ကင်းစေတတ်သော ရတနသုတ်ကို ရွတ်ဖတ်ပါ။ မြန်မာလိုသာရွတ်ဖတ်ပါ။ ပါဠိလို လုံးဝမရွတ်ပါနဲ့။ အဓိပ္ပာယ်နားလည်မှ စေတနာထက်မြက်ပါတယ်။
ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို လျင်မြန်စွာကွယ်ပျောက်စေနိုင်ခဲ့၏။ လက်နက်ဘေးမှလည်း လွတ်ကင်းစေနိုင်တယ်လို့ ယူဆရပါတယ်။ ယခုအခါ၌ ဤရတနသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
၁။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်လည်းကောင်း၊ ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်ပြီး နတ်ပရိသတ်အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။
၂။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအညွတ်စည်းဝေးရောက်ရှိနေကြသော အသင်နတ်အများ နားဆင်ကြပါကုန်၊ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန်၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။
၃။ လူ့ပြည်၌ ဖြစ်စေ၊ နဂါးပြည် ဂဠုန်ပြည်၌ ဖြစ်စေ၊ နတ်ပြည်၌ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏၊ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ၊ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဥစ္စာ စီးပွား တိုးတက် ချမ်းသာကြပါစေသတည်း။
၄။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ကုန်ရာကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ် နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ၊ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏၊ ဤသို့ မှန်ကန်သောသစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ဥစ္စာ စီးပွား တိုးတက်ချမ်းသာကြပါစေသတည်း။
၅။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိကို ကိလေသာမှ စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊ မိမိ၏အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ်သမာဓိနှင့် တူမျှသော သမာဓိသည် မရှိ၊ ဤအရဟတ္တမဂ်သမာဓိတရားသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သသော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။
2026-11-20 11:57:41
0
Yin Nu Sein :
ဇာခါဘင်အီးချမ်းဘို့လည်းဂု
2026-11-20 09:25:55
0
Khiang Moe than :
😭😭😭😭😭😭😭
2026-11-20 11:57:14
0
Nyi Min :
🥰🥰🥰
2026-11-20 08:14:21
0
သဇင်🐽 :
😥😥😥
2026-11-20 06:58:03
0
I NO :
😥😥😥😥😥😥😥
2026-11-20 06:29:47
1
To see more videos from user @kelliran9, please go to the Tikwm
homepage.