@skibidi_1743837: #အိမ်ထောင်ရေးမှာ အခက်ခဲဆုံးအရာက လင်မယားချင်း ရန်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပြောစရာစကားတွေမရှိတော့ဘဲ တိတ်ဆိတ်သွားတာ။ တစ်ယောက်ခံစားချက်ကို တစ်ယောက် လျစ်လျူရှုလိုက်တဲ့ အချိန်ပါ။ အစပိုင်းမှာတော့ ငါဘာများမှားသွားလို့လဲ။ သူဘာဖြစ်နေတာလဲ။ ငါ့ကို အရင်လို မချစ်တော့တာလား။ ဆိုတဲ့မေးခွန်းတွေနဲ့ နေ့တိုင်း ရင်နာရတယ်။ သူ့မျက်နှာပေး/ စကားတစ်ခွန်း/ အပြုအမူလေးတစ်ခုကိုတောင် အဓိပ္ပာယ်ဖွင့်ရင်း မျက်ရည်ကျခဲ့ရတယ်။ ဒါပေမယ့် အိမ်ထောင်သက်က ငါးနှစ်/ဆယ်နှစ်အထိ ကြာလာတဲ့အခါ၊ နာကျင်မှုက ပျောက်သွားတာ မဟုတ်ပေမယ့် နာကျင်မှုနဲ့ အတူနေနည်းကို သင်ယူတတ်သွားတယ်။ တိတ်ဆိတ်သွားရင် "ဖြစ်နေကျပဲလေ။တစ်နေ့နေ့ ပုံမှန်ပြန်ဖြစ်လာမှာပါ။"လို့ ပေါ့ပေါ့ပါးပါးပဲ တွေးဖြစ်တယ်။ အရင်လို မျှော်လင့်မနေတော့ဘူး။ သူအေးစက်နေလည်း ထူးမဆန်းတော့ဘူး။ စကားမပြောလည်း ဝမ်းမနည်းတော့ဘူး။ တစ်ချိန်က ရင်ကိုခွဲပစ်သလို ခံစားရတဲ့အရာတွေ "ရေချိုးခန်းထဲ ကြိတ်ငိုရတာတွေ" "နံရံကို လက်သီးနဲ့ ထိုးမိတာတွေ"က အခုတော့ ဖြစ်နေကျ အဖြစ်အပျက်တစ်ခုလို ဖြစ်သွားတယ်။ လူတွေက အဲဒါကို အရေထူသွားတယ် လို့ ထင်ကြတယ်။ တကယ်တော့ ဒီလို အရေထူသွားတာဟာ နှလုံးသားက ထပ်ပြီးမနာအောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မျှော်လင့်ချက်တွေကို လျှော့ချလိုက်တာပါ။ အချစ်ကုန်သွားလို့ မဟုတ်ဘဲ၊ နာကျင်တဲ့ ခံစားမှုကို အကြိမ်ကြိမ် မခံစားချင်လို့ emotional shutdown လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ် လိုက်တာပါ။ မပြေလည်တဲ့ ခံစားချက်ကို တဖြည်းဖြည်းပိတ်လိုက်တာပါ။ အဲဒီလို အရေထူသွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်အရှိဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ရန်ဖြစ်နေသေးရင် ပြန်ညှိနိုင်သေးတယ်။ ဒါပေမယ့် ဘာမှမခံစားတော့တဲ့ အခြေအနေကို ရောက်သွားရင်၊ နှလုံးသားနှစ်ခုကြားက အကွာအဝေးဟာ စကားတစ်ခွန်းနဲ့ ပြန်ဖြည့်ဖို့တောင် ခက်ခဲသွားနိုင်ပါတယ် #မူရင်းကိုcrdပေးပါတယ် #anyar #အိမ်ရှင်မတွေဆီရောက် #fyppppppppppppppppppppppp

$$$ran
$$$ran
Open In TikTok:
Region: MM
Friday 20 November 2026 08:26:13 GMT
342031
32940
443
6359

Music

Download

Comments

soet56329gmail.co
♏️ဝက်ခလေး🐷💙 :
စိတ်ဒဏ်ရာတွေ မေ့မရဘူး အခုလဲ သူနဲ့ရှေ့ဆက်ရတာသူအပေါ် ဘာခံစာချက်မှမရှိတော့ဘူး တာပေမဲ့ ဒီတိုင်ရှေ့ဆက်ရမှာဘဲ ငါတို့က ခလေးတွေရဲ့မိဘတွေဖြစ်ကြတယ် နာကျင်လာမေးရင်အရမ်းကိုနာကျင်ခဲတာပေါ့ ဒီရင်ဘက်ထဲမှာ😔
2026-11-20 14:26:38
203
blacklove.717
♏♡𝑺𝒄𝒐𝒓𝒑𝒊𝒐 𝑨𝒏𝒈𝒆𝒍 ♡♏ :
ဒီနေက ဘယ်သူမှ အဖတ်မလုပ်တဲ့ ငါရဲ့မွေးနေ့😔😔🎂
2026-11-21 00:54:17
18
userlowc268z7d
✨💫🌟Sumaiya 🌟💫✨ :
That’s be small, but they leave scars that will never heal.
2026-11-21 02:43:34
1
user766690976
Pink :
ဘဝကတိုတိုလေးပါ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ တန်ဖိုးထားပါ သူတပါးကိုစော်ကားခွင့်မပေးပါနဲ့ ကိုယ်ပျော်ရဲ့လားစဉ်းစားပါ မပျော်ရင်လှည့်ထွက်ခဲ့ပါ
2026-11-20 23:13:24
14
skibidi_1743837
$$$ran :
အိမ်ထောင်ရေးမှာ အခက်ခဲဆုံးအရာက လင်မယားချင်း ရန်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပြောစရာစကားတွေမရှိတော့ဘဲ တိတ်ဆိတ်သွားတာ။ တစ်ယောက်ခံစားချက်ကို တစ်ယောက် လျစ်လျူရှုလိုက်တဲ့ အချိန်ပါ။ အစပိုင်းမှာတော့ ငါဘာများမှားသွားလို့လဲ။ သူဘာဖြစ်နေတာလဲ။ ငါ့ကို အရင်လို မချစ်တော့တာလား။ ဆိုတဲ့မေးခွန်းတွေနဲ့ နေ့တိုင်း ရင်နာရတယ်။ သူ့မျက်နှာပေး/ စကားတစ်ခွန်း/ အပြုအမူလေးတစ်ခုကိုတောင် အဓိပ္ပာယ်ဖွင့်ရင်း မျက်ရည်ကျခဲ့ရတယ်။ ဒါပေမယ့် အိမ်ထောင်သက်က ငါးနှစ်/ဆယ်နှစ်အထိ ကြာလာတဲ့အခါ၊ နာကျင်မှုက ပျောက်သွားတာ မဟုတ်ပေမယ့် နာကျင်မှုနဲ့ အတူနေနည်းကို သင်ယူတတ်သွားတယ်။ တိတ်ဆိတ်သွားရင် "ဖြစ်နေကျပဲလေ။တစ်နေ့နေ့ ပုံမှန်ပြန်ဖြစ်လာမှာပါ။"လို့ ပေါ့ပေါ့ပါးပါးပဲ တွေးဖြစ်တယ်။ အရင်လို မျှော်လင့်မနေတော့ဘူး။ သူအေးစက်နေလည်း ထူးမဆန်းတော့ဘူး။ စကားမပြောလည်း ဝမ်းမနည်းတော့ဘူး။ တစ်ချိန်က ရင်ကိုခွဲပစ်သလို ခံစားရတဲ့အရာတွေ "ရေချိုးခန်းထဲ ကြိတ်ငိုရတာတွေ" "နံရံကို လက်သီးနဲ့ ထိုးမိတာတွေ"က အခုတော့ ဖြစ်နေကျ အဖြစ်အပျက်တစ်ခုလို ဖြစ်သွားတယ်။ လူတွေက အဲဒါကို အရေထူသွားတယ် လို့ ထင်ကြတယ်။ တကယ်တော့ ဒီလို အရေထူသွားတာဟာ နှလုံးသားက ထပ်ပြီးမနာအောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မျှော်လင့်ချက်တွေကို လျှော့ချလိုက်တာပါ။ အချစ်ကုန်သွားလို့ မဟုတ်ဘဲ၊ နာကျင်တဲ့ ခံစားမှုကို အကြိမ်ကြိမ် မခံစားချင်လို့ emotional shutdown လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ် လိုက်တာပါ။ မပြေလည်တဲ့ ခံစားချက်ကို တဖြည်းဖြည်းပိတ်လိုက်တာပါ။ အဲဒီလို အရေထူသွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်အရှိဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ရန်ဖြစ်နေသေးရင် ပြန်ညှိနိုင်သေးတယ်။ ဒါပေမယ့် ဘာမှမခံစားတော့တဲ့ အခြေအနေကို ရောက်သွားရင်၊ နှလုံးသားနှစ်ခုကြားက အကွာအဝေးဟာ စကားတစ်ခွန်းနဲ့ ပြန်ဖြည့်ဖို့တောင် ခက်ခဲသွားနိုင်ပါတယ် #မူရင်းကိုcrdပေးပါတယ် #anyar #အိမ်ရှင်မတွေဆီရောက် #
2026-11-20 08:27:37
56
hsanglao
🍀🍀Hsang Lao🍀🍀 :
ကြည့်ရင်းနဲ့ဘာလို့မျက်ရည်ကျရပါလိမ့်🥲🥲
2026-11-20 14:09:32
33
yuyalay3664
🤍💙ဆရာမလေးယုယု💙🤍 :
ကိုယ်လဲ တစ်ခြားမိသားစုလို့ ပျော်စရာမိသားစုလေးဖြစ်ချင်တယ်.. သူ့ရဲ့စကားတွေက နှလုံးသားကို သံရိုက်ထားသလို နာကျင်နေပေမဲ့ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းက သူနာကျင်သွားမှာဆိုးလို့ပြောမထွက်ပဲ မျိုသိပ်ခံစားရတာ...ရင်ထဲမှာသူစိုက်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹
2026-11-20 14:46:56
12
phway.phway6501
Phway Phway :
ညှိနှိုင်းတာတွေ ပြုပြင်ပေးမယ်ဆိုတာတွေ အဆင်ပြေအောင် နေကြမယ်ဆိုတာတွေ တစ်ခုမှ မလိုတော့ဘူး Game over 😂 အကြာကြီး သည်းခံခဲ့ပြီးပြီ ဒီလောက်ဆို တော်လောက်ပြီ ပေါ့
2026-11-20 14:43:00
18
zarlay.1510.mm7
Zar Lay :
စာသားလေးချပေးပါလားရှင်[Heartwarming][Heartwarming]
2026-11-21 04:16:27
1
thin.thin.kyaw48
Thin Thin Kyaw (ပုံ့ပုံ့) :
အိမ်ထောင်ရေးကံမကောင်းတဲ့မိန်းမတိုင်းကိုစာနာပါသည်။ကိုယ်တေတောင်တခါတလေလေးစကားများတာနာကျင်ရတယ်မျက်ရည်တေတာကျိုးသလိုတယောက်ထဲစိတ်ပင်ပန်းရတယ်🥺🥺🥺
2026-11-21 05:46:46
0
han12345__
E :
ကိုယ်ဆိုတာသူ့တွက်ဘာတန်ဖိုးမမရှိ
2026-11-20 14:44:03
6
dawkhinoonge
khinOoNge :
အဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အချိန်သူကတစ်ခြားလူနဲ့နီးစပ်ပြီးနောက်ကျောကိုပြန်ထိုးလာတဲ့အခါမနည်းကျားကန်ပြီးထည်ဆောက်ခဲ့တဲ့အိမ်ထောင်းရေးကိုဆက်မတောင့်ခံနိုင်တော့လို့လက်လွှတ်ခဲ့မိတယ်
2026-11-20 13:10:02
5
moemakha192
🇲🇲Moe Makha🇸🇬 :
ပြန်တင်ခွင့်ပြုပါနော်🙂
2026-11-21 04:03:05
1
sandar.lin652
ဒေါ်ဆယ်မိ :
ငိုချင်🥹🥹🥹
2026-11-21 05:03:03
1
user59040151129788
ဆူးခက် :
စိတ်ဒဏ်ရာပေးတဲ့သူတွေကိုအရမ်းမုန်းတယ်ဘဝအဆက်ဆက်ကျေပါတော့ဝဋ်ကျွေးရယ်❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-11-21 03:48:01
1
zunme22
Zun Me Ko :
ပြန်တင်ပါရစေ😟
2026-11-21 04:05:18
1
ayeyukhaingmaw
ရွှေရည်ဝင်း Online Shop :
ပြောစရာစကားတွေမရှိတော့ပဲတိတိဆိတ်သွားခဲ့ပြီ
2026-11-20 14:54:03
7
hlayamin2025
ေမေမအီအီချို :
😳😳😳😳😳😳😳😳💕💕💕💕💕💕
2026-11-21 05:23:13
0
lawon29
လဝန်း လဝန်း :
2026-11-21 05:11:40
1
thetyee123
thetyee123 :
မှန်တယ်
2026-11-21 04:52:18
1
aanang829
AaNang :
💪💪💪
2026-11-21 01:44:20
1
user281868404
🦊Myat Noe🦊 :
2026-11-21 00:56:04
1
kyawkokozaw1.5
ကျော်ကိုကိုဇော်🧝 :
😌
2026-11-21 01:51:05
1
aye.thae.po.jpn
Aye Thae Po (🇯🇵acc🇯🇵) :
စိတ်ဒဏ်ရာရသွားပြီးရင် အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ဘူး
2026-11-21 03:57:33
0
user51474424
Aye♥️ Thar ♥️zin♥️ Moe♥️♥️♥️ :
နာကျင်တာများတော့သူဘာလုပ်လုပ်စိတ်မဝင်စားတော့ဘူးနေ့တိုင်းညတိုင်းတိတ်ဆိတ်နိင်သွားပီလေ ရုန်းထွက်ဖို့ပဲရှိနေတော့တာ 😥😥😥
2026-11-21 04:41:43
2
To see more videos from user @skibidi_1743837, please go to the Tikwm homepage.

Other Videos


About