@ashindhammapiya2: ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။ တစ်နေ့ကို ၁ခေါက်သာ ဖတ်ပါ။ ၁၀ရက် ၁၀ခေါက် ဖတ်ပြီးရင် ဒီတရားရဲ့ အဓိပ္ပာယ်ကို အနေအထားတစ်ခုထိ ရောက်ရှိပြီး သေချာ နားလည်သွားလိမ့်မယ်။ ဆားတောင်ဆရာတော် ဘုရားကြီးမိန့်ကြားထားခဲ့သော ဩဝါဒ ထိထိမိမိ အမှန်ကန်ဆုံး (၂၅ချက်) (၁) ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်း အားထုတ်ကြ။ သာသနာပပြီဆိုရင် ဝိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။ (၂) တရားအားထုတ်ဖို့တော့ မအားဘူး။ မအား ဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ (၃) တရား အားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာတဲ့ အလုပ် တွေတောင်မှ ဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံ ဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့အလုပ် ဘာ မလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘဝပေါ့။ တစ်ဘဝ တောင်မှ ခဏလေးပါ။၄) ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာ ကြား မခိုစေနဲ့။ (၅) တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလို ပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်း လိမ့် မယ် ထင်ပေမယ့် တကယ်စားတော့ မြိန်ချင် မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ် စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့ အားမထုတ်ချင် လည်းထုတ်။ထုတ်ချင်လည်း ထုတ်ပေါ့။ (၆) ဝိပဿနာတရား အားထုတ်ရတာ အလွန် ကောင်းပါတယ်။ အဝတ်လည်း ပြောင်းစရာ မလို ဘူး။ ဂူလည်း အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက် မူ ပြောင်းဖို့လိုတယ်။ (၇) ကိုယ့်ခန္ဓာကိုယ်ရှု့ သူများအပြစ် သွားရှု့မနေ နဲ့။ သူများအပြစ် သွားရှု့နေတော့ အမှုပွေတာပေါ့။ (၈) မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှု့ မှတ်နိုင်မှ ပတ်ဝန်းကျင် ရဲ့လောကဓံတွေကိုလည်း ခံနိုင်ရည် ရှိမယ်။ (၉) တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခို အောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိ တဲ့အပေါ် သတိထား။ သတိထားရင် တရားမြင် မယ်။ သတိမထားရင် အမှားဝင်မယ်။၁ဝ) အရိယာ သူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။ (၁၁) လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ် တင်းတိမ် မနေကြနဲ့။ ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။ (၁၂) ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။ အဲဒီ အချိန် လူက တရားနောက်ကို လိုက်ဖို့လိုတယ်။ (၁၃) ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ။ လောဘ ဒေါသ မောဟ ဖုံးနေတော့ ဘာမှ မသိ လိုက်ရဘူး။ (၁၄) အားကိုး မမှားစေနဲ့။ မိမိကိုယ်ကို မိမိ အားကိုး ရမယ်။ (၁၅) ဘာမဆို အတွင်းက အေးနေအောင် လုပ် ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းက အေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက် အေးအေး အတွင်းက ပူတော့ ပူတာပဲ။ (၁၆) တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့်နိုးထ ခြင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရား ပဲ။၁၇) လောကီချမ်းသာက တစ်ဘဝစာ တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာကမှ တစ်သံသရာလုံး အေး တာ။ တစ်ဘဝ တစ်နပ်စာ မလုပ်နဲ့။ တစ်သံသရာ လုံးစာ လုပ်ကြ။ (၁၈) မကောင်းတာ လုပ်တာသာ ကြောက်ရမှာ။ ကောင်းတာလုပ်တာ ကြောက်စရာမလိုဘူး။ မ ကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ် တာ ဘာမလုပ်ရဲစရာရှိသလဲ ? (၁၉) မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံ ရမှာပဲ။ ခံရမည့် အတူတူတော့ အခုကတည်းက ခံ လိုက်တော့ သံသရာ ပြတ်တာပေါ့။ (၂၀) လောဘ ဒေါသ မောဟ ကင်းအောင် ပြတ် အောင်လုပ်ကြ။ ဖြစ်အောင်လဲ မလုပ်နဲ့။ ပျက် အောင်လဲ မလုပ်နဲ့။ ဖြစ်တာပျက်တာ အမြဲ သိ နေပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။ ပျက် အောင်လုပ်တာ ဒေါသ။ ဖြစ်တာ ပျက်တာ မသိတာ မောဟ။ (၂၁) စိတ်ကဖြတ်လို့ ပြတ်တာ မဟုတ်ဘူး။ တရား ကဖြတ်မှ ပြတ်တာ။ တရားရှိအောင် အားထုတ် ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပါယ်ပေးတယ်။(၂၂) အမြတ်က မရှုံးစေနဲ့။ အရှုံးကသာ မြတ်ပါ စေ။ အကုသိုလ်က ကုသိုလ် ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။ (၂၃) ပုထုဇဉ်တွေ မကောင်းတာ လုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာ လုပ် နေသလို နောင်လည်း မကောင်းတာ လုပ်နေဦးမှာ ပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ဘာဆိုင်သလဲ? ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။ (၂၄) ဘုရားစကား နားလည်အောင်လုပ်။ ဘုရား စကား နားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။ (၂၅) နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်း ခဲ့တာလည်း များလှပြီ။ ဝိဇ္ဇာဉာဏ်မပါ ဓမ္မတာ တောင်းမို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါန ပြုကာ အခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံ နေသည်။ ငါတစ်လုံး ပါယ်ကာ ကွယ်ကာပေးမှ လွန်စွာမနှေး နိဗ္ဗာန်မြင်မည်။မျှဝေပူဇော်ပါသည်။ သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာ ရှိပါစေ..#ဓမ္မဒါန #တရားအသိနဲ့ပေးချမ်းကြပါစေး #foryoupage #fy

꧁༒☬ 𝓭 𝓶 𝓯 𝔂☬༒꧂
꧁༒☬ 𝓭 𝓶 𝓯 𝔂☬༒꧂
Open In TikTok:
Region: MM
Friday 20 November 2026 14:42:36 GMT
4491
1108
54
102

Music

Download

Comments

kokobaby5671
Min🎲 Thu Kha🎲 :
ပါဠိစာလေးလိုချင်လိုက်တာ🙏
2026-11-21 13:42:52
1
ko.soe.moe.aung573
ဂျိုးဖြူ :
သာဓုသာဓုသာဓုသာဓုသာဓုပါဘုရာ း
2026-11-21 08:21:32
1
daw.khin.cho.myin11
Daw Khin Cho Myint :
2026-11-20 21:10:50
2
kyukyu7736
Kyu Kyu :
သာဓုသာဓုသာဓုပါဘုရား[ဆုတောင်း][ဆုတောင်း][ဆုတောင်း]
2026-11-21 06:17:34
1
g4631341
G4 :
ကြည်ညိုဖွယ်ရာအသံတော်နဲ့ဆရာတော်ဘုရား သာဓု သာဓု သာဓု
2026-11-21 13:22:19
1
asn01936
Asn :
သာဓု သာဓု သာဓု ။
2026-11-21 05:39:37
1
user2190998236611
တောကကိုရင် :
သာဓုပါ
2026-11-20 14:55:55
2
ko.lay6105
Ko Lay :
ဿာဓု ဿာဓု ဿာဓု ပါဘုရား
2026-11-21 01:55:53
1
ko.paing.lay489
Ko Paing Lay :
2026-11-21 01:25:34
2
ko.soe7374
Ko Soe :
🙏🙏🙏
2026-11-21 03:46:16
1
user5282730859252
aung :
သာဓုပါ
2026-11-20 15:20:52
1
a.lynn812
A.Lynn :
🙏🙏🙏
2026-11-21 05:32:09
1
linn.htay61
Linn Htay :
🙏🙏🙏🙏🙏
2026-11-21 13:31:05
1
naylinkoko970
Nay Lin kokoရန်ကုန်သားလေး :
🙏🙏🙏🙏🙏
2026-11-21 01:22:30
2
godpower1129
Moe thuzar :
🙏🙏🙏
2026-11-21 03:22:36
1
user53711769125941
မနက်ဖြန်ရှိ့ရင်ချစ်လို့ရသေးတယ် :
🙏🙏🙏
2026-11-21 04:00:49
1
mg.htike8891
mg htike :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-21 08:21:30
1
unaing2240
Unaing :
2026-11-22 05:02:28
0
daw.aye.aye8978
Daw Aye Aye :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-11-22 13:46:39
0
aungnyolwin6
☸Aung☸Myo☸Lwin☸ :
Copy ယူလို့ရပါလား🙏🙏🙏
2026-11-22 13:05:18
0
maythukha023
May Thu Kha :
🙏🙏🙏🙏🙏🙏
2026-11-21 04:16:30
1
thayetkan0
HTOO :
👍👍👍
2026-11-21 05:22:21
1
hninhnin57677943
🇲🇲Hnin🍒Hnin🇲🇲🍒🇨🇳 :
🙏🙏🙏
2026-11-21 14:04:32
1
dee92921
Dee :
🙏🙏🙏🙏🙏
2026-11-21 14:23:44
1
nay.min.khant379
Nay Min Khant :
👏👏👏👏👏👏👏👏👏👏👏👏👏
2026-11-21 10:57:58
1
To see more videos from user @ashindhammapiya2, please go to the Tikwm homepage.

Other Videos


About