@thuu_nee8:

ᥫᩣ NgAnhThu𐙚
ᥫᩣ NgAnhThu𐙚
Open In TikTok:
Region: VN
Saturday 21 November 2026 04:14:06 GMT
79181
15619
66
1094

Music

Download

Comments

anhthow._0213
Anh Tho :
tạo ba cái nét k giống ai
2026-11-21 15:13:26
27
nhuiuu18
kfnhu :
xinh vá
2026-11-22 13:17:11
1
_wanyi
Pé a :
Bạch nguyệt quang😍
2026-11-21 04:30:50
11
tam123_51
Tâm Nguyễn :
ỏ
2026-11-21 04:23:00
6
user196209194284232159
Q :
bạch nguyệt quang hả tr 😳
2026-11-21 15:08:38
5
daniusonglowkey
thien kim. :
s đc ảnh nét zay c
2026-11-22 03:49:49
3
nghduccvn
Nghducc :
tròi oii
2026-11-21 07:07:27
1
nguoidepnhatthegioi011
WHO CARES!! :
tr ơi đẹp v bà nội
2026-11-22 12:20:24
1
winnest6
Uh rs ha :
em yêu chị
2026-11-22 12:43:36
1
mcattuong_
Mã Cát Tường ౨ৎ 🦢 :
bạch nguyet quang
2026-11-21 06:04:00
1
tia_truong
Cha Mu Thy :
ultr tui kĩu
2026-11-21 06:27:10
0
khongbhtindanong
phương uyên :
gửi cho uyên thôi k dc à
2026-11-21 05:36:07
0
ghctequatr
𝓖𝓲𝓪 𝓗𝓪𝓷 :
ủa ai chộp đẹp dạ
2026-11-21 04:16:33
0
trwminkdonh
ngốc :
xh r
2026-11-22 02:53:22
0
tn_250884
Trang Nguyễn :
Iu iu
2026-11-22 08:42:59
0
cuppycakers.0
enjoythemoment :
nhìn nó dịu mà nó xinh
2026-11-22 12:42:20
1
nghuukhanhha
Khanh Haa :
2026-11-21 10:35:47
1
anhthow._0213
Anh Tho :
hai tui á
2026-11-21 15:12:25
4
vinhoyyy
zk a chề :
2026-11-21 04:17:17
0
p.zanh4
Phương Anh :
đẹp xĩu lun dòi chị ơii
2026-11-21 04:45:53
0
mannhi_2010
𝑀ẫ𝓃 𝒩𝒽𝒾 :
Xinh xỉu
2026-11-22 02:39:44
1
ninhththuy
#neir_ :
Gorgeous qs em gái 🥰
2026-11-21 17:12:40
1
anhkhoii217
anh khoi :
2026-11-21 04:43:00
1
maimai.labaolau_
B :
coi đep kia trờiii
2026-11-21 08:53:12
0
annhthu32
Casilla Nguyen :
🥰🥰🥰
2026-11-23 02:07:10
0
To see more videos from user @thuu_nee8, please go to the Tikwm homepage.

Other Videos

“ဘာနိုင်ငံသားမှန်း မသိသူတွေကို ဝှိုက်ကတ်ပေးပြီး မဲပေးခွင့်ပါ ပေးထားတယ်” လို့ ခင်ရီ ကိုယ်တိုင် ပြောခဲ့တဲ့ ၂၀၁၃ ကြေးမုံသတင်းစာ မှတ်တမ်း Democratic Press | ၂၀၂၆ နိုဝင်ဘာ ၂၂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကိစ္စနဲ့ ပတ်သက်ပြီး မဘသတွေ၊ စစ်အုပ်စု ထောက်ခံသူတွေ၊ ကြံ့ဖွတ်ပါတီ ထောက်ခံသူတွေနဲ့ အသိုင်းအဝိုင်းက  နိုင်ငံကို ကာကွယ်ဖို့ ဆိုပြီး အကြီးအကျယ်ဟစ်ကြွေးနေပါတယ်။ ဒါကြောင့် လက်ရှိ စစ်တပ်ရဲ့ အတုအယောင် ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌ ကြံ့ဖွတ်ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ခင်ရီ ကိုယ်တိုင် လဝကဝန်ကြီး လုပ်ခဲ့တုန်းက ပြောခဲ့တဲ့ စကားဟောင်းတစ်ခုကို Democratic Press က သမိုင်းသက်သေအဖြစ် ထုတ်ပြပါဦးမယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာ အင်တာဗျူးမှာ ထိုစဉ်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး  တာဝန်ဖြစ်တဲ့ ခင်ရီ ကိုယ်တိုင်က ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ထားသူတွေကို မဲပေးခွင့် ပေးထားကြောင်း တရားဝင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လဝက ဝန်ကြီးဆိုတာ ဘယ်လိုရာထူးလဲတော့ မြန်မာပြည်သားတွေ ကောင်းကောင်းသိကြပါတယ်။ အဲဒီသတင်းစာထဲမှာ ဦးခင်ရီ ပြောခဲ့တဲ့ မူရင်းစကား အတိအကျကတော့— “လောလောဆယ် ဘာနိုင်ငံသားမှန်း မသိတဲ့သူတွေကို ကျွန်တော်တို့ဆီမှာ ဝှိုက်ကတ်ပေးပါတယ်။ မည်သည့်နိုင်ငံသားလို့ အဆုံးအဖြတ်မပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ သူကိုယ်တိုင်လည်း မည်သည့်နိုင်ငံသားရယ်လို့ အထောက်အထားမပြနိုင်တဲ့သူတွေကို ကျွန်တော်တို့နိုင်ငံမှာ နေခွင့်ပေးပါတယ်။ ကျောင်းနေခွင့်ပေးပါတယ်။ မဲလည်း ပေးခွင့်ပေးထားပါတယ်။” ဆိုပြီး ပုံနှိပ်ဖော်ပြထားတာပါ။ ⬛ဘယ်လို မဲပေးခွင့် ပေးခဲ့တာလဲ တကယ်တော့ ဝှိုက်ကတ် (White Card) ဆိုတာ နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် မဟုတ်ပါဘူး။ ကတ်ပြားရဲ့ ကျောဘက်မှာကိုက “ဒီလက်မှတ်ကိုင်ထားတာဟာ ဘယ်နိုင်ငံသားဖြစ်ကြောင်းကိုမှ အထောက်အထား မပြုပါ” လို့ အတိအလင်း ရေးထားတာပါ။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာတော့ ဒီဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် ပြုခဲ့ပါတယ်။  နိုင်ငံတကာ အစီရင်ခံစာတွေ (ICG နဲ့ HRW) ရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း (ဘူးသီးတောင်၊ မောင်တော) က ဝှိုက်ကတ်ကိုင်ဆောင်သူတွေရဲ့ မဲတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုဖို့နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ အဓိက အသုံးချခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ရိုဟင်ဂျာ/မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး (ဦးရွှေမောင်၊ ဦးအောင်ဇော်ဝင်း၊ ဦးဌေးဝင်းနဲ့ ဦးအောင်မျိုးမင်း) တောင် ရှိခဲ့ပါတယ်။ နောက်ထပ်လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေ ကိုယ်တိုင် ရခိုင်ပြည်နယ်ဘက်သွားပြီး ဝှိုက်ကတ်တွေ အမြန်ထုတ်ပေးဖို့နဲ့ နိုင်ငံသားဖြစ်ခွင့် ကတိတွေပေးပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ⬛ သန်းရွှေ လက်ထက် ၁၉၉၅ ကတည်းက စတင်ထုတ်ပေးခဲ့တဲ့ ဝှိုက်ကတ်  တကယ်တော့ ဒီဝှိုက်ကတ် (White Card) တွေကို ခင်ရီရဲချုပ် မဖြစ်ခင်ကတည်းက စပေးခဲ့တာ ဖြစ်လို့ ဒီအကြောင်းကို အသိဆုံးက ခင်ရီပါပဲ။  စပေးခဲ့တာ မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နဝတ စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ် ဧပြီလကတည်းက စတင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေ ပြန်လက်ခံရာမှာ နိုင်ငံသားစိစစ်မှု မပြီးပြတ်သေးသူတွေအတွက်ဆိုပြီး ထုတ်ပေးခဲ့တာပါ။ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် လူဦးရေ ၅ သိန်းကျော် အပါအဝင် တစ်နိုင်ငံလုံးမှာ စုစုပေါင်း လူဦးရေ ၇ သိန်းခွဲကျော်အထိ ဝှိုက်ကတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒီကတ်ပြားရဲ့ ကျောဘက်မှာကိုက “ဒီလက်မှတ်ကိုင်ထားတာဟာ ဘယ်နိုင်ငံသားဖြစ်ကြောင်းကိုမှ အထောက်အထား မပြုပါ” လို့ အတိအလင်း ရေးထားတာပါ။ ⬛ အသုံးချပြီးမှ ပြန်ရုပ်သိမ်းခဲ့တဲ့ ဝှိုက်ကတ် ၂၀၁၀ ရွေးကောက်ပွဲ ပြီးလို့ ၂၀၁၃ ခုနှစ်အထိ ဦးခင်ရီ ကိုယ်တိုင်က ဝှိုက်ကတ်သမားတွေကို မဲပေးခွင့် ပေးထားတယ်လို့ သတင်းစာထဲမှာ ထုတ်ပြောနေခဲ့ပေမဲ့၊ ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာတော့ လူထုကန့်ကွက်မှုတွေ များလာတာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရက ဝှိုက်ကတ်တွေကို သက်တမ်းကုန်ဆုံးကြောင်း ကြေညာပြီး ပြန်သိမ်းခဲ့သလို မဲပေးခွင့်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။  ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ ဦးရွှေမောင် အပါအဝင် ကိုယ်စားလှယ်လောင်း အများစုကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ပယ်ချခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ ICJ အရေးနဲ့ ပတ်သက်ပြီး တခြားသူတွေကို အပြစ်တင် ဝေဖန်နေကြပေမဲ့၊ တကယ်တမ်း ဘယ်နိုင်ငံသားမှန်း မသိသူတွေကို ကတ်ထုတ်ပေးပြီး မဲပေးခွင့်ပါ ပေးခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့သူဟာ လက်ရှိ ကြံ့ခိုင်ရေးပါတီကို ဦးဆောင်နေတဲ့ ဦးခင်ရီပါ။

About