@ashinjavana92: #မမ သာသနေ - ငါဘုရားရဲ့အဆုံးအမ သာသနာတော်အတွင်းမှာ ။ ပုရိသော - မှီတင်းနေထိုင်ကြတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး အပေါင်းသည် ။ ပုညမှိ ဆန္ဒံ ကယိရာထ- ကုသိုလ်တွေဖြစ်အောင် နေကြမယ်လို့ စိတ်ကူးကြကုန်ရာ၏ ။ ပုညံ- ဆင်းရဲကိုပယ်ဖျောက် ချမ်းသာကိုပေးနိုင်စွမ်းရှိတဲ့ ကုသိုလ်ကောင်းမှုကို ။ ကယိရာထ- ကြိုးစား၍ လက်တွေ့ အကောင်အထည် ဖော်ကြကုန်ရာ၏ ။ တံ- ထိုဆင်းရဲကိုပယ်ဖျောက် ချမ်းသာကိုပေးနိုင်စွမ်းရှိတဲ့ ကုသိုလ်ကောင်းမှုကို ။ ပုနပ္ပုနံ - တစ်ကြိမ်ပြီးတစ်ကြိမ် တစ်ခါပြီးတစ်ခါ တစ်မျိုးပြီးတစ်မျိုး တစ်နေရာပြီးတစ်နေရာ ဆက်ကာဆက်ကာ ။ ကယိရာ ကယိရာထ- နိဗ္ဗာန်မရောက်မချင်း ဆက်၍ဆက်၍ ပြုလုပ်ဆည်းပူး အားထုတ်တော်မူကြကုန်ရာ၏ ။ ကသ္မာ -အဘယ်ကြောင့်နည်း ။ ပုညဿ ဥစ္စယော -ကုသိုလ်ဖြစ်အောင် နေကြမယ်လို့ စိတ်ကူး၍နေခြင်း ကုသိုလ်ကောင်းမှုတွေကို လက်တွေ့အကောင်အထည်ဖော်ခြင်း ကုသိုလ်ကောင်းမှုတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် တစ်ခါပြီးတစ်ခါ တစ်နေရာပြီးတစ်နေရာ တစ်မျိုးပြီးတစ်မျိုး ဆက်၍ဆက်၍ ပြုလုပ်ဆည်းပူး အားထုတ်ခြင်းသည် ။ သုခေါ- ဘဝသံသရာမှာ မဆင်းရဲဘူး ချမ်းသာဖို့ ဖြစ်ပါပေ၏ ။ ဣတိ -ဤသို့ ။ ဘဂဝါ -ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ။ အဝေါစ - ကရုဏာရှေ့သွား မေတ္တာအားဖြင့် ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း ။။ #မြင်းမူတိပိဋကဓရရာတော် 🙏🙏🙏 #ဓမ္မဒါနမျှဝေပူဇော်ပါသည်🙏 🙏🙏 #ဓမ္မအသိဉာဏ်ရ၍အေးချမ်းကြပါစေ။

ꋬꇙꁝ꒐ꋊ꒻ꋬ꒦ꋬꋊꋬ 📚📖( Official )
ꋬꇙꁝ꒐ꋊ꒻ꋬ꒦ꋬꋊꋬ 📚📖( Official )
Open In TikTok:
Region: MM
Saturday 21 November 2026 06:50:41 GMT
4581
518
3
56

Music

Download

Comments

user2190998236611
တောကကိုရင် :
သာဓုပါ
2026-11-21 10:54:04
2
ashin.tawbala
Ashin Tawbala :
[လိုကျချ][လိုကျချ][လိုကျချ]
2026-11-22 14:14:38
1
nay.min.khant379
Nay Min Khant :
👏👏👏👏👏👏👏👏👏👏👏👏
2026-11-21 11:02:36
1
To see more videos from user @ashinjavana92, please go to the Tikwm homepage.

Other Videos


About