@dekalke2.1:

dekalke2.1
dekalke2.1
Open In TikTok:
Region: FR
Saturday 21 November 2026 20:17:21 GMT
1145
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @dekalke2.1, please go to the Tikwm homepage.

Other Videos


"အတန်းပိုင် ဆရာမသို့" __________________; စာသင်ခန်းရဲ့ နောက်ဆုံးခုံတန်းက ကျွန်တော် တောထဲကို ရှေ့ဆုံးကထွက်ခဲ့တယ်။ အမြဲတမ်း လူတော်ဖြစ်ဖို့ တိုက်တွန်းခဲ့တဲ့ ဆရာမ လူကောင်းဖြစ်ဖို့ပဲ အမြဲကျင့်ကြံတဲ့ကျွန်တော် အယူအဆတွေ ကွဲလွဲသွားခဲ့တယ် ထင်ရဲ့။ ပညာတတ်အသိုင်းဝိုင်းတွေကြားမှာ ကျွန်တော်ဟာ အရိုင်းဆန်ခဲ့ပါတယ်။ မှန်ပါတယ် ဆရာမ ဆရာမ ပြောခဲ့သလို ကျွန်တော် သူပုန်ကောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ရေးပြီး ထပ်ခဲ့တဲ့ စာစီစာကုံးတွေ အမှတ်ပေးစည်းမျဉ်းနဲ့ မကိုက်ခဲ့သလို ပညာတတ်အရေခွံခြုံထားမှ အထင်ကြီးကြတဲ့ လူ့အသိုင်းဝိုင်းကြားမှာ ကျွန်တော်ဟာ လူတွေချမှတ်တဲ့စည်းမျဉ်းနဲ့ ထပ်တူမကျခဲ့ပြန်ဘူး။ ဆရာမ အမြဲချီးကျူးခဲ့တဲ့ ကောင်ကြီးကတော့ ပခုံးပေါ်မှာ ပန်းတွေပွင့်နေတယ်တဲ့ ဆရာမ ဂုဏ်ယူမဆုံးဖြစ်နေလောက်ရောပေါ့။ ကျွန်တော်က ဒီနိုင်ငံကြီးထဲမှာပဲ ပန်းတွေစိုက်ချင်ခဲ့တာပါ။ ဆရာမ ပြောခဲ့သလို ကျွန်တော့်အတွေးအခေါ်တွေဟာ အမြဲသေးသိမ်နေတတ်ပါတယ်။ အောင်မှတ်မရခဲ့လို့ ဆရာမပေးခဲ့တဲ့ ကြိမ်ဒဏ်တွေအတွက် ကျွန်တော် လိပ်ပြာလုံခဲ့ပါတယ် ကျွန်တော် လူတော်ဆိုတဲ့နေရာကို ခိုးမယူချင်ဘူးလေ။ ဒီအတွက် ဆရာမဂုဏ်မယူခဲ့တာဟာလည်း သဘာဝကျပါတယ် ဆရာမ။ ကျွန်တော် ဖြေခဲ့တဲ့ မှား/မှန် ပုစ္ဆာတွေမှာ မှန်တာက မှားပြီး မှားတာက မှန်နေတတ်ပါတယ်။ အမှန်နဲ့ အမှားကို အတိအကျသိဖို့ စာကျက်ပျင်းခဲ့တဲ့ ဒီကောင်ကြီး စာတွေ အမြဲဖတ်ဖြစ်ပါတယ် ဆရာမ ဒီတခါ ဘဝစာမေးပွဲမှာတော့ ကျွန်တော် ဂုဏ်ထူးထွက်ချင်ပါတယ်။ #fyp #foryou #fyppppppppppppppppppppppp

About