@not.found0454: နေနိုင်သွားတဲ့ အခြေအနေထိ မရောက်သေးပေမယ့် နေတတ်လာပါပြီ ။ ဖုန်းတွေ မအားတဲ့အခါ ကိုယ့်ထက် အရေးကြီးတဲ့ လူတစ်ယောက်နဲ့ စကားတွေ ပြောနေမှာပေါ့ဆိုတဲ့ အမှန်တရားကို မျက်ရည်မ၀ဲပဲ လက်ခံတတ်လာပါပြီ ။ မီးလေးစိမ်းနေပေမယ့် ကိုယ့်ဆီ ဘာစာမှ ပို့မလာတဲ့အခါ အဲ့ဒီ မီးစိမ်းလေးက ကိုယ့်အတွက်မှ မဟုတ်တာဆိုပြီး ဖြေတတ်နေပါပြီ ။ နေနိုင်သွားဖို့ဆို ဒီထက် နည်းနည်းလေးပဲ လိုတော့တာပါ ။ ငိုတဲ့အခါ မင်းက ပိုကို ပိုလွန်းပါတယ်ဆိုတဲ့ အပြစ်တင်စကားတွေ စိတ်ပူတဲ့အခါ မလိုအပ်ပါဘူးဆိုပြီး လျစ်လျူရှူထားတာမျိုးတွေ လိုအပ်နေတဲ့အခါ မျှော်တဲ့သူ မောသွားတဲ့အထိ ပေါ်မလာတာမျိုးတွေ လွမ်းတဲ့အခါ အသံလေးကြားရဖို့ တကူးတက တောင်းဆိုရတာမျိုးတွေ ။ ဒီလောက်ဆို နေတတ်သွားဖို့ သင့်နေပြီပဲ မဟုတ်လား ။ #crd #fyp
@𝑴𝒓. 𝑺𝒎𝒊𝒍𝒆 😊
Region: TH
Sunday 22 November 2026 00:48:16 GMT
Music
Download
Comments
WM :
Crd
2026-11-22 03:23:31
1
Wuttyi 🫅🫅 Single Mon 🥰 :
စာသားလေးချပေးပါလားရှင်🥰
2026-11-22 05:21:24
0
Nant Marry Stellar :
ယူသံုးခွင့်ပြုပါ
2026-11-22 05:16:30
0
chit :
ပြန်တင်မယ်နော်
2026-11-22 03:20:19
0
To see more videos from user @not.found0454, please go to the Tikwm
homepage.