@thuta_insight: ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ထဲက စစ်ဗိုလ်ချုပ်ဟောင်းတွေ ပိုင်ဆိုင်တဲ့ VIP အိမ်ရာဝန်းအတွင်း အမြစ်တွယ်နေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းက ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၃၃ ဦး အပါအဝင် လူဦးရေ ၁၀၅ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ နယ်စပ်ဒေသတွေမှာ ဖိအားများလာတာကြောင့် ရန်ကုန်မြို့က လုံခြုံရေးစိတ်ချရတဲ့ VIP ခြံဝန်းတွေနဲ့ အဆင့်မြင့်ကွန်ဒိုတွေထဲကို ပြောင်းရွှေ့အခြေစိုက်လာတဲ့ ဒီဂိုဏ်းတွေကို ဒေသခံ ရဲနဲ့ စရဖ တို့ကိုတောင် ကြိုတင်အသိမပေးဘဲ တရုတ်သံရုံးရဲ့ တိုက်ရိုက်ဖိအားပေး ညွှန်ကြားချက်အရ ဗဟိုကနေ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။ #ရန်ကုန် #မရမ်းကုန်း #ကျားဖြန့် #မြန်မာသတင်း #အွန်လိုင်းငွေလိမ်ဂိုဏ်း
THUTA INSIGHT
Region: SG
Sunday 22 November 2026 01:31:21 GMT
Music
Download
Comments
Thaw Thaw Nyine :
ရွှေသမင်ဘယ်ကထွက်မင်းကြီးသာကထွက်သေားငါတို့မြန်မာနိုင်ငံ
2026-11-22 02:13:44
146
Min Thwin :
ဪခဏထိုးကြွေးတာပါ နာမည်ကောင်းရအောင်နဲ့ အာရုံလွှဲတာပါ
2026-11-22 03:43:00
14
Yu Yu Min :
ဖမ်းပီးဘာလုပ်ပြစ်လဲပြောအုံး
2026-11-22 02:19:40
30
Xero Xero :
တရုတ်အစိုးရ ဖမ်းခိုင်းမှ ဖမ်းတယ်ဆိုကတဲက သိရတာပေါ့
2026-11-22 02:26:56
50
Aung Aung :
ရွှေက္ကိုပ်ကပြောင်းလာသလားလို့တောင်ထင်ရတယ်ရန်ကုန်မြို့ကြီးရယ်
2026-11-22 03:27:09
15
® :
ရပ်ကွက် အုပ်ချုပ်ရေးမှူး မသိဘူးလား အပိုင် တာဝန်ရှိသူ အားလုံးကို အရေးယူ
2026-11-22 03:10:18
7
benben :
ရန်ကုန်မှာကျားဖြန့်မိ နေတာရန်ကုန်တိုင်းဝန်ကြီးချူပ် ထွေအုပ်ရပ် ကျေးအုပ် တွေပါဝင်ပက်သက် နေပါတယ်ဖမ်းသွားပါ
2026-11-22 02:53:13
55
Ma Lay :
ဘယ်သူကဖမ်းပြီးငွေတောင်းပြီးနိုင်ငံသားကဒ်ထုတ်ပေးလိုက်တာလဲထည့်ပြောသွား
2026-11-22 02:48:51
29
kyawkyaw :
အရမ်းလုပ်နေတယ်ပေါ့..မမေရိကန်ကြီးကိုပြဖို့
2026-11-22 02:06:51
38
Thu Rein Htyun10 :
လက်ခံတဲ့အိမ်ယာ ချိတ်ပိတ်ပါ
2026-11-22 03:21:34
9
Zaw Zaw :
ကျားဖြန့်ဆိုတာစစ်ဗိုလ်ချုပ်တွေမလုပ်ဘယ်သူမှမလုပ်ရဲဘူးဖမ်းမိတော့လဲဘာလုပ်မှယလဲမကြာခင်ပြန်လွတ်တာဘဲ
မိတဲ့ကောင်တွေစစ်မှု့ထမ်းထဲ့လိုက်လေဘာလို့မထဲ့တာလဲရပ်ကွက်ထဲကြတော့ပေါ်တာလိုက်ဆွဲးနေတယ်
2026-11-22 03:51:04
8
Win Tun :
လိမ်လည်မှု့ဂိုဏ်းတွေနဲ့ပါဝင်ပတ်သက်သူအရာထူးကြီးငယ်ကိုနိုင်ငံတော်အစိုးရအနေဖြင့်ပြင်းပြင်းထန်ထန်အရေးယူပါပိုင်ဆိုင်မှု့ကိုနိုင်ငံတော်ဘဏ်ဌာငွေအဖြစ်သိမ်းပါ
2026-11-22 02:16:12
26
Nyi Nyi :
နေခွင့်ပေးထားတဲ့သူကိုပိုပီးအရေးယူရမှာ
2026-11-22 03:02:22
7
ကျွန်းသား :
လူတွေဘဝပျက်စေတဲ့ကျားဖြန်ငွေလိမ်ဂိုဏ်း
2026-11-22 03:45:19
5
~♡H☆ :
ဘာဖြစ်လို့ဖမ်းရတာလဲဗျာ
လုပ်ဖော်ကိုင်ဖက်အချင်းချင်းဘဲလုပ်ယက်တယ်ဖမ်းမိသူတွေကိုအမည်နဲ့တကွပုံတွေဖော်ပြပါလား
2026-11-22 02:43:43
7
Sayar Ko Thet Soe :
ရပ်ကွက် အုပ်ချုပ်ရေးမှူး မသိဘူးလား အပိုင် တာဝန်ရှိသူ အားလုံးကို အရေးယူ
2026-11-22 03:22:07
7
Amayar Tin :
ရမ်ကုန်မှတပုံကြိး
2026-11-22 02:06:38
7
Kyaw San Aung :
very dangerous events.
2026-11-22 02:31:55
0
Xero Xero :
ပိုက်ဆံစားပြီးလွှတ်ထားတုန်းက လွှတ်ထား လစဥ်ကြေးကောက်နေပြီး မဖမ်းလို့မဖြစ်တော့တဲ့ ဖိအားရောက်တော့မှ ၀င်ဖမ်းတာပါ
2026-11-22 02:25:21
84
ko kyaw :
မန်းတလေးမာကျားဖျန့်တွေအများကြိးဘယ်သူမမဖမ်းဘူးလိုင်းကျေးယူနေကြတာမန်းလေး
2026-11-22 03:20:41
16
tiger white :
ရှိသေးတယ်အများကြီးပဲvipအိမ်ယာတေထဲမှာရှိသေးတယ်
2026-11-22 02:40:35
10
@queen theingi :
လာဘ်စားခွင့်ပြုထားတဲ့ ကျားဖြန့်စိတ်အလိုတူ သက်ဆိုင်ရာအဖွဲ့အစည်းက လူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပြပါ
2026-11-22 02:30:58
5
Ko Thu :
ရပ်ကွက်အုပ်ကြီးမသိဘူးဆိုတာမဖြစ်နိင်ဘူး
2026-11-22 04:04:48
2
May Htike San :
ပင်စင်လေးယူပြီး အေးဆေးနေပြီး ရှိတာလေးနဲ့ သားသမီးလုပ်စာလေးနဲ့ မိသားစု အေးဆေး စာသောက်နေသော လောဘ မရှိတော့သော စစ်ဗိုလ်ချုပ်ဟောင်းအချို့လည်းရှိပါသေးတယ်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-22 05:20:29
1
user7310038591665 :
ကာရောင်းမယ်ပြောပြီးလိမ်နေတဲ့အဖွဲ့လဲဖမ်းဖို့လိုနေပြီ
2026-11-22 05:28:10
1
To see more videos from user @thuta_insight, please go to the Tikwm
homepage.