@sunflower12701: ကလေးငယ်က မနေ့က event မှာပြောသွားတယ် “သူ အသက်(၃၀)ပြည့်ရင် အနားယူပြီး ချင်းမိုင်မှာအခြေချမယ်တဲ့၊ ဒါပေမဲ့ သူစဉ်စားနေတုန်းပါတဲ့”လေ အဲ့စကားလေးကိုကြားတော့ အရင်က သူပြောဖူးတဲ့စကားလေးတစ်ခွန်းကို ပြန်သတိရသွားတယ် “Fan လေးတွေဘက်က သူ့ကိုမလိုချင်တော့ဘူးလို့ ပြောမလာသရွေ့ သူ ဒီအနုပညာလောကမှာရှိနေဦးမှာပါတဲ့” ဒီစကားလေးကို သူ စကားအဖြစ်ပဲ ပေါ့ပေါ့တန်တန်ပြောခဲ့တာမဟုတ်ပါဘူး၊ သူ့ရင်ထဲက အစစ်အမှန်ကိုပဲ ပြောခဲ့တာပါ၊ ဒီကလေးကလေ စိတ်ထဲက မပါပဲ ဘာမှမပြောတတ်၊ မလုပ်တတ်တဲ့သူမျိုးမို့လို့ပါ ဒါပေမဲ့ မနေ့က သူပြောတဲ့စကားလေးကို စစကြားတဲ့အချိန်မှာ ကိုယ်ဝမ်းနည်းမိသေးတယ်၊ သူ အနုပညာအလုပ်ကို အနားယူမယ်လို့ပြောတဲ့အချိန်က တအားစောနေသေးတယ်လို့ တွေးမိလိုက်လို့ပါ၊ ဒါပေမဲ့ ကိုယ် ပြန်စဉ်းစားကြည့်လိုက်တော့ အနုပညာရှင်တစ်ယောက်သာ မဟုတ်ရင်၊ idol တစ်ယောက်သာမဟုတ်ခဲ့ရင် သူလည်း လူသားထဲက လူသားတစ်ယောက်ပဲလေ၊ သူ့မှာလည်း စိတ်ကူးထားတဲ့အရာလေးတွေ၊ တခြားအိပ်မက်တွေ၊ တခြားဖြစ်ချင်တဲ့အရာတွေလည်း ရှိချင်ရှိနေနိုင်မှာပေါ့၊ ဒါက သူ့အမှားမှမဟုတ်တာပဲလေ၊ ကိုယ်ဖြစ်ချင်တဲ့အရာတိုင်းကို လူတိုင်းက ထုတ်ပြောပိုင်ခွင့်၊ စိတ်ကူးယဉ်ပိုင်ခွင့်ရှိတာပဲလေ၊ ဒါကို ဒီလိုတော့ မလုပ်သင့်ပါဘူး၊ မလုပ်ပါနဲ့ဦးလို့ တို့တွေမှာ ပြောပိုင်ခွင့်မရှိဘူး၊ ဒါက သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်မို့လို့ပါ Perth ရွေးချယ်တဲ့လမ်းတိုင်းကို လက်ခံပေးပြီး သူ့ဆုံးဖြတ်ချက်တိုင်းကို လေးစားပေးမှာပါလို့ တို့အရင်ကတည်းကပြောခဲ့ပြီးသားပါ၊ သူလျှောက်တဲ့လမ်းတိုင်းကို supportလုပ်ပေးမှာ၊ သူပြောခဲ့သလို သူသာ အသက်(၃၀)မှာ ဒီartist life က ထွက်ပြီး သာမန်ဘဝလေးမှာ အေး”ချမ်း”နေတော့မယ်ဆိုရင်လည်း သူ ရွေးချယ်လိုက်တဲ့life ကို လက်ခံပေးပြီး ဒီ fan girl life က ထွက်သွားမှာ၊ ထွက်သွားတယ်ဆိုတာ သူ့ကိုစွန့်လွှတ်လိုက်တာမဟုတ်ဘူး၊ သူ update ပေးလာတိုင်း သူတင်ပေးတဲ့အရာတွေကြည့်ပြီး သူ့ကိုအလွမ်းဖြေမယ်၊ သူ ပျော်နေတာသိရင် ကိုယ်လည်းသူနဲ့ထပ်တူပျော်ပေးမယ်၊ ကိုယ့်အတွက် အရေးကြီးတာက သူပျော်နေဖို့ပါပဲ ကိုယ့်မှာ သူနဲ့ပတ်သက်ပြီး နောင်တဆိုတာမျိုးရှိလားလို့ မေးလာခဲ့ရင် လာမယ့် (၅)နှစ်အတွင်းမှာ သူနဲ့တွေ့နိုင်ဦးမှာ သိပ်မသေချာပေမဲ့ တကယ်လို့မတွေ့နိုင်ခဲ့ရင်လည်း ဝမ်းနည်းမိတာကလွဲရင် သူနဲ့ ပတ်သတ်ပြီး ကိုယ့်မှာ နောင်တဆိုတာမျိုးမရှိပါဘူး၊ ဘာလို့လဲဆို သူ့ရဲ့ fanတစ်ယောက်၊ KDPPE တစ်ယောက်ဖြစ်ခဲ့တဲ့အချိန်ကစပြီး ကိုယ် သူ့ရွေးချယ်မှုတိုင်းကို လေးစားပေးခဲ့တယ်၊ သူ့ရဲ့အနုပညာအလုပ်တိုင်းကို အားပေးခဲ့တယ်၊ သူသွားတဲ့လမ်းကြောင်းတိုင်းမှာ တတ်နိုင်တဲ့ဘက်က support လုပ်ပေးခဲ့တာ ကိုယ့်ကိုယ်ကိုအသိဆုံးမို့ ကိုယ့်မှာ နောင်တဆိုတာ လုံးဝမရှိခဲ့ပါဘူး အမှန်တိုင်းပြောရရင်တော့ သူ ဒီအနုပညာလောကထဲမှာ ရှိနေသမျှ ကာလပတ်လုံး သူကြုံတွေ့ခဲ့ရတဲ့အရာတွေမှန်သမျှ၊ သူ ခံစားခဲ့ရတဲ့ ဖိအားတွေ၊ အတိုက်အခိုက်တွေမှန်သမျှကို ကိုယ်တိုင်သိခဲ့ရတာမို့ သူသာ ပျော်မယ်ဆို၊ သူသာ စိတ်အေးချမ်းရမယ်ဆို သူရွေးချယ်မယ့် life က သူ့အတွက် တကယ်ကိုအကောင်းဆုံးဖြစ်မယ်ဆိုတာ ကိုယ်ယုံကြည်ပါတယ်၊ အနည်းဆုံးတော့ ဒီကလေးငယ်က toxic ဆန်တဲ့တချို့ fanတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ လွတ်မြောက်သွားတာပေါ့ #perthtanapon #perthppe #kdppe #fyp #fypシ゚viral

ထနပလက်ပေါ်ကသွေးကြောစိမ်းလေး🍀
ထနပလက်ပေါ်ကသွေးကြောစိမ်းလေး🍀
Open In TikTok:
Region: MM
Monday 23 November 2026 03:37:11 GMT
568
208
6
10

Music

Download

Comments

mazinthetwai
🌻🌹 Wai Wai 🐯🐶 :
ကိုယ်တေသွားမတွေ့နိုင်ခင် နားသွားရင်ဝမ်းနည်းမှုကလွဲလို့ သူရွေးချယ်မှုတိုင်းကို support ပေးနေမှာပါ🥺🥺
2026-11-23 03:45:04
1
phoo_psd
𝒑𝒉𝒐𝒐ᵖˢ𐙚 :
အကယ်၍သွားမတွေ့နိုင်ရင်တောင် ဝမ်းနည်းတယ်ဆိုပင်မဲ့သူတို့ရွေးချယ်မှုတိုင်းကိုအဆုံးထိ support ပေးနေမှာပါ 🥺
2026-11-23 06:21:00
1
perthsantafangirl03
ထနပ်ပွန်ရဲ့🍎လက်စွပ်လေး💞💍🥬 :
ဘာပဲ့ဖြင့်ဖြင့်supportပေးနေမာပါအမြဲတမ်းကလေးနှစ်ယောက်ကို
2026-11-23 05:09:52
1
To see more videos from user @sunflower12701, please go to the Tikwm homepage.

Other Videos


About