@user565397061: သေချာတာပေါ့…ပြန်မတွဲတော့ဘူး။“မချစ်တော့လို့လား” ဆိုတော့…ချစ်တုန်းပဲ။လွမ်းတုန်းပဲ။တိတ်တိတ်လေး မျက်ရည်ကျရတဲ့အထိကိုသတိရနေတုန်းပဲ။ ဒီတစ်ခါတကယ်ပြတ်ပြီဆိုပြီးသူငယ်ချင်းတွေကို ပြောခဲ့ဖူးတယ်…ဒါပေမယ့်နောက်ဆုံးမှာတော့ပြန်တွဲခဲ့ကြတာပဲ။သူငယ်ချင်းတွေတောင်အားကျရတဲ့အထိ ချစ်ခဲ့ကြတယ်။ သူ့ကြောင့် အများကြီးပျော်ခဲ့ရသလို…သူ့ကြောင့်ပဲ အများကြီး ငိုခဲ့ရတယ်။ဒါပေမယ့်… ဒီတစ်ခါတော့တကယ်နောက်ဆုံးပါ။ရန်ဖြစ်တိုင်းထိခိုက်စေတဲ့ စကားတွေကိုမခံ နိုင်တော့ဘူး။မမှားပဲအမြဲတောင်းပန်နေရတဲ့Relationship မျိုးမှာလည်းထပ်မနေချင်တော့ဘူး။ဆက်သွားနေရင်…နင်လည်း ပင်ပန်းမယ်။ငါလည်းကိုယ့်ကိုယ်ကိုယ် သနားလာမယ်။“ငါမကောင်းဘူး” လို့ပြောလည်း ရပါတယ်။ နင့်ကိုစာမပို့ပဲ နေနိုင်အောင်…ငါတစ်ယောက်ထဲအခန်းထောင့်လေးမှာကြိတ်မှိတ်ပြီးနေခဲ့ရတာ။တကယ်တော့… အရာရာတိုင်းမှာနင်ပဲ ပါနေခဲ့တာ။တစ်ခုခုဆို“နင်ဆိုရင်…” ဆိုတဲ့စိတ်နဲ့ပဲ အသက်ရှင်ခဲ့တာ။ဒါပေမယ့်…ကြာလာလေလေငါက နင့်အတွက်တန်ဖိုးမရှိတော့သလိုခံစားလာရတယ်။ချစ်နေသေးပေမယ့်…ကိုယ့်ကိုယ်ကိုယ်မပျောက်သွားခင်ဒီတစ်ခါတော့ တကယ်ထွက်သွားလိုက်တော့မယ်…

꧁✭𝓩𝓔𝓝𝓞𝓝✭꧂
꧁✭𝓩𝓔𝓝𝓞𝓝✭꧂
Open In TikTok:
Region: MM
Monday 23 November 2026 06:49:55 GMT
85
11
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @user565397061, please go to the Tikwm homepage.

Other Videos


About