@akiya9977: #အိုမင်းခြင်းရဲ့ဒုက္ခ ... #တဖြည်းဖြည်း နဲ့ နာရလိမ့်ဦးမယ် ။ ရောဂါဘယတွေကြောင့်လည်းပဲ ငြီးတွားနေရဦးမယ်၊ အိပ်လို့လည်းမရ စားလို့လည်းမကောင်းနဲ့ နောက်ဆုံးတော့.... ရောဂါဘယတွေနဲ့ ကိုယ့်ကျင်ငယ်၊ ကိုယ့်ကျင်ကြီး ကိုယ်မနိုင်လို့ သူများထူမှ ထရတဲ့ဘ၀ ဖြစ်ရလိမ့်ဦီးမယ်။ ❖ #စုတေမနေ_သေခါနီးအခါမှာကျတော့_အသက်ကိုဆောင်လောက်အောင် ဓာတ်လေးပါးဖောက်ပြန်လို့ နာကျင်ပြီးတော့မှ နောက်ဆုံးသေရမှာ။ သေပြီးလို့ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ဆိုရင်ပဲ ဝါ၀င်းတောင့်တင်းရာကနေပြီးတော့ လေထိုး ထားတဲ့သားရေအိတ်ကြီး ပမာလိုတဲ့ ညိုဖောင်းလာပြီးတော့ အက်ကွဲကုန်ပြီတဲ့။ #သွေးတွေ_ပြည်တွေ_ဖြစ်လာပြီ။ ❖ လှပပါတယ်လို့ထင်ခဲ့တဲ့ ပါးပြင်တွေမှာလည်းပဲ အက်ကွဲလို့ သွေးတွေ၊ သွေးပုပ်တွေ၊ ပြည်တွေနဲ့ ရွံစရာအတိ ဖြစ်ပြီး မျက်လုံးများလည်း ပြူးအန်ထွက်လို့ မလှတော့ပါဘူး။ ❖ လက်မောင်း လက်ဖျံတွေလည်း အက်ကွဲလို့ သွေးတွေပြည်တွေနဲ့ ဒွါရပေါက်တွေကလည်း တစိုစိုနဲ့ ပိုးလောက်တွေစားလို့ ရွံစရာဖြစ်နေပါပြီ။ ❖ နောက်ပြီးတော့အသားတွေ ကုန်ခမ်းသွားမယ်။ အကြောတွေပါ ပြတ်တောက် ကုန်ခမ်းပြီးတော့ကာ ညှီစို့စို့အရိုးပဲ ကျန်ပါလိမ့်မယ်။ ❖ လည်ပင်းရိုးကတခြား၊ လက်မောင်းရိုး၊ လက်ဖျံရိုး တွေ တခြားစီပဲ ပြန့်ကျဲပြီးတော့ နေပါလိမ့်မယ်။ ❖ ပေါင်ရိုး၊ ဒူးခေါင်းရိုး၊ ခြေဖဝါး အားလုံးဟာ အဆစ်တွေပြုတ်ပြီးတော့ကာ ပြန့်ကျဲ၍နေပါလိမ့်မယ်တဲ့.....။ "" ❖ ဤအတိုင်းပဲ ဖြစ်လိမ့်ဦးမယ်လို့ ဆင်ခြင်ပါတဲ့။ ေနာက်ပြီးတော့ မြေကြီးထဲတစ်ပိုင်း၊ မြေပေါ်တစ်ပိုင်း၊ ဆွေးမြေ့ပြီးတော့ကာ နောက်ဆုံးတော့.. "" ❖ ဤကဲ့သို့ သေခဲ့ပေါင်း သံသရာမှာ အကြိမ်များစွာရှိခဲ့ပါပြီ။ သတ္တဝါမျိုးစုံ၊ ခန္ဓာအိမ်မျိုးစုံနဲ့ မြေသြဇာဖြစ်ခဲ့ပေါင်းလည်း များလှပါပြီ။ အကြိမ်ကြိမ် ပင်ပန်းခဲ့လှပါပြီ။ ❖ မခွာချင်ပဲခွာရတော့ ဤကိုယ်ကြီးကိုလည်း တွယ်တာတာ ဖြစ်သောကြောင့် မခံစားချင်ပဲ ခံစားရတော့ "အကုသိုလ်ဇော"ပဲ လာပါတယ်။ ဒါ့ကြောင့် မြေမှာကျတဲ့ မျက်ရည်တွေလည်းပဲ မနည်းတော့ပါဘူးတဲ့ ပင်ပန်းလှပါပြီ။ ❖ " ဥပါဒါန်၊ ကမ္မဘ၀ ဆိုတာရှိခဲ့တာပဲ " ❖ အကုသိုလ်ဇောအရှိန် နဲ့ သေကြတာမို့၊ တခါတရံ ကုသိုလ်ဇောအရှိန်က ထောက်ပံ့လိုက်လို့ အထက်ဆန်ပြီးတော့ကာ ဖွားသေ၊ သေခဲ့ရတယ်။ ❖ နတ်ဖြစ်လည်း သေလိုက်၊ အကြိမ်ကြိမ်ဖြစ်ရာ ဘ၀တိုင်းမှာလည်း ဒီလိုပဲ အာရုံတွေကျက်စားရင်း တစ်ငါငါနဲ့ ငြိတွယ်ပြီး သေတဲ့အခါမှာလည်း ပူလောင်လို့ ပင်ပန်းခဲ့လှပြီ။ ❖ စွန့်ခဲ့ရပြန်တာပဲ။ ❖ မင်းအို မင်းနာ မင်းသေ ဘ၀နဲ့ နောက်ဆုံးမှာ စွန့်ခဲ့ရတာပါပဲ။ စကြာမင်းရဲ့ မိဖုရား တွေလည်းဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးတော့ အို နာ သေ နဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ ❖ ဧကရာဇ်မင်း၊ ပဒေသရာဇ်မင်း စတဲ့ မင်းတွေ မင်းရဲ့မိဖုရားတွေလည်း ဖြစ်ခဲ့ပေါင်းများလှပါပြီ။ သေခဲ့ပေါင်းလည်းများလှပေါ့လို့ ဆင်ခြင်ကြပါ။ ကြိမ်ဖန်များစွာ ဖွားလိုက် သေလိုက်နဲ့ လာခဲ့ကြရတာ ပင်ပန်းလှပါပြီ။ ❖ လယ်သမားဘ၀ ကုန်သည်ဘ၀ ဖြစ်ခဲ့ပြီးပြီ။ သူတောင်းစား ဘ၀ ဖြစ်ခဲ့ပြီးပြီ ။ အနူအရွဲ အကျိုးအကန်း ဘ၀မျိုးစုံဖြစ်ခဲ့ပြီးပြီ။ ဆင်းရဲမျိုးစုံ ကြုံခဲ့ရပြီးပြီ။ နောက်ဆုံး ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘဝတွေလည်းပဲ မရေတွက်နိုင်တော့ပါဘူး ။ ပင်ပန်းလှပါပြီ။ ❝ သင်းကြ ၊ ရှာကြ ဖွေကြနဲ့ နောက်ဆုံး အကုန်ထားခဲ့ကြရတာပါပဲ။ ❞ ❖ ဆင်းရဲ လည်းမျိုးစုံခဲ့ပါပြီ။ ပင်ပန်းလှပါပြီ။ “” တရားတော်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။#မူရင်းကိုcrdပေးပါတယ်

Y🍁
Y🍁
Open In TikTok:
Region: MM
Friday 27 November 2026 08:40:16 GMT
1043
259
3
15

Music

Download

Comments

nyeinchan5901
ကိုလူဆိုးကြီး👩‍❤️‍💋‍👨 :
🙏🙏🙏🙏🙏🌹🌹🌹🌹🌹💐💐💐💐💐
2026-11-28 00:14:47
1
khat.zaw62
အလွမ်းတွေနဲ့ ငါ...🕺🤦‍♂️ :
🙏🙏🙏
2026-11-28 09:22:06
1
kyawu905
Oakar :
🙏🙏🙏
2026-11-27 11:05:52
1
To see more videos from user @akiya9977, please go to the Tikwm homepage.

Other Videos


About