@thet30550: မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှု ဖြစ်ပွား နိုဝင်ဘာ ၂၆၊ ၂၀၂၆ ။ မန္တလေးတိုင်း၊ မိတ္တီလာမြို့မှာ မြုပ်နှံပြီးသား ကလေးရဲ့ ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က မိတ္တီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ မိခင်ဖြစ်သူ ဈေးသွားရောင်းပြီး ပြန်လာချိန် နေအိမ်မှာ အသက် ၃ နှစ်အရွယ် ကလေးငယ် သေဆုံးနေတာကို တွေ့ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကလေးကို ကျေးရွာသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီးနောက် မိခင်ဖြစ်သူ နေ့စဥ်ငိုကြွေးနေတာကို မကြည့်နိုင်တော့တဲ့ အသက် ၆ နှစ်အရွယ် သားအကြီးဖြစ်သူက ကလေးငယ် သေဆုံးမှုနဲ့ ပတ်သတ်ပြီး မိထွေးဖြစ်သူ ရိုက်နှက်ခဲ့လို့ သေဆုံးခဲ့ကြောင်း ပြန်လည်ပြောရာက အလောင်းပြန်ဖော်ကာ အမှုမှန်ပေါ်ပေါက်ပြီး တရားစွဲဆိုမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ “မိခင်အရင်းက ဈေးသွားရောင်းနေရတော့ ကလေး ၂ ယောက်ကို မိထွေးနဲ့ အဖေလက်ထဲ ထားခဲ့ရတာ။ ပြန်လာတော့ ကလေးငယ်က ခုံပေါ်က ပြုတ်ကျသေတယ်ဆိုတော့ မိခင်က ငိုတာ။ ၂ ရက်လောက်နေတော့ ကလေးအကြီးကောင်က သူ့အမေငိုတာ မကြည့်ရက်လို့ မိထွေးက ကလေးငယ်ကို ခုံနဲ့ ရိုက်လိုက်လို့ သေသွားတာဆိုပြီး အမှန်အတိုင်းပြောပြတာ။ အဲ့ကျမှ ရွာကလူတွေက အလောင်းပြန်ဖော်ပြီး တရားစွဲဖို့ လုပ်ကြတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ ကလေးငယ်ရဲ့ ရုပ်အလောင်းကို မြင်တော်ကန် မွတ်စလင်သင်္ချိုင်းမှ ပြန်လည်တူးဖော်ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ သေဆုံးခြင်းကို အတည်ပြုစစ်ဆေးဆောင်ရွက်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မင်းမင်း(ထီလာ)

သက်နောင်စိုး
သက်နောင်စိုး
Open In TikTok:
Region: MM
Friday 27 November 2026 12:39:47 GMT
153870
5782
88
177

Music

Download

Comments

ahyeikphyu
Hnin Ei Phyu :
အစ္စလာမ်ဘာသာကိုးကွယ်လဲ တစ်လင်တစ်မယားစနစ်က အထူးဥပဒေမို့ မြန်မာနိုင်ငံသားအားလုံးနဲ့သက်ဆိုင်ပြီး ၂ယောက်ယူခွင့်ကိုမရှိပါဘူးနော်
2026-11-28 02:48:30
100
waves9883
Waves :
ရဲကတရားလိုလုပ်ပြီးတလင်တမယားနဲ့စွဲလိုက်ရင်မိုက်ပြီ
2026-11-27 15:51:33
67
arkarsoe5583
Arkar electric :
မိခင်အရင်းဈေးသွားရောင်းတာနဲ့မိထွေးကအိမ်အပေါ်ယောက်လာတာလားဘယ်လိုတွေလဲ
2026-11-27 15:29:19
34
yourqueen3577
I am Gemini ♊ :
ဒါမျိုးကလေ အိမ်ထောင်ပြုပီးရင်ခလေးတွေမျက်နာထောက်ပီးနောက်အိမ်ထောင်မပြုကြပါနဲ့ မိဘတွေအဆင်မပြေတဲ့အခါသားသမီးတွေဘဝအရမ်းဒုက္ခရောက့်ရပါတယ်
2026-11-27 18:40:43
21
phone.myat.min611
မောင်ကျန်ရစ် :
အဓိက တရားခံက အိမ်ရှင်ယောကျ်ားတရားစွဲပါ တယောက်တောင် ဝအောင်လုပ်မကြွေးနိုင်တဲ့အကောင်က မယားငယ်ပီး ဖြစ်တဲ့အမှု မယားငယ်နဲ့ လင်မယားနှစ်ယောက်စလုံးအပြစ်ရှိတယ်
2026-11-27 16:01:31
113
ayoke5852
Šhawnĝ🍀 (Đứa bé)🐝 :
ဖေနဲ့မေအိမ်ထောငိသာကွဲသွားကြတယ် အဖေထပ်ယူတဲ့မိထွေးတွေဒို့ညီအမပေါ်ခုလိုမလုပ်ခဲ့တာတကယ်ကျေးဇူးတင်တယ် တွေးကြည့်ရင်တကယ်ကြောက်စရာကြီး
2026-11-27 22:03:51
4
u.tin.htun3349
U Tin Htun :
တလင်တမယားဥပဒေကော/လူသတ်မှု့ကော စွဲတာခံရမှာ ဥပဒေဆိုတာတမျိုးထဲပါ
2026-11-28 01:29:31
6
thindar658
Thindar :
အဖြစ်ဆိုးလိုက်တာ ဘဝဆက်တိုင်း မိထွေး ပထွေးနဲ့ မဆုံကြပါစေနဲ့ ဆုတောင်းပေးပါတယ်
2026-11-28 04:48:32
4
user126168166
Thant Zin :
ပြင်းထန်စွာ အရေးယူသင့်တယ်
2026-11-27 22:03:49
10
daw.pa614
Daw Pa :
မိထွေး ဆို မုန်းတယ် အလိုတွေပဲလေ
2026-11-28 04:22:44
3
nayzaw1980
👑 ဦးနေဇော် 👑 :
တရားမျှတမှု ပေါ်ပါစေ
2026-11-27 14:49:47
11
paneimya
🍓pan🍓ei🍓 :
မိထွေမပြေားနဲပတ်ဝန်ကျင်နဲတောင်စိတ်မချလိုဘ၊ယ်သွားသွားကိုယ်သားသမီးကိုခေါ်သွားတာ🥰🥰
2026-11-28 04:12:44
2
ant.ant988
Ant Ant :
ကိုယ်ခလေးကို မိတွေနဲ့စိတ်ချရတယ်လို
2026-11-28 02:36:32
3
kkhin.mar.oo
KKhin Mar Oo :
ကလေး လေးသနားပါတယ်
2026-11-28 00:18:38
2
aung.soe0055
Aung Soe :
အဲတာမြင်တော်ကန်သချိုင်မဘူး။။အုပ်ကျင်တိုချဲသချိုင်။။မြင်တော်ကန်နံမည်မထဲပါနဲခဗျ
2026-11-28 03:26:16
1
koekoe2454
koekoe2454 :
စိတ်မကောင်းတာ
2026-11-28 04:59:07
1
thein.chit009
Thein Chit :
ရက်စက်ပ
2026-11-28 04:29:20
1
daw.tin.tin.san47
Daw Tin Tin San :
အယ်...ရက်စက်လိုက်တာ
2026-11-28 05:12:21
1
chindwin.rose
Chindwin Rose :
စိတ်မကောင်း စရာတေချည်းကြားရတယ်. သေဆုံးသွား ကလေးလေးအတွက် အမှန်တရားပေါ်ပေါက်ပီး တရားခံကိုအပြစ်ပေးနိုင်ပါစေ.
2026-11-27 14:51:24
25
shwezin_07
Daw Shwe Zin :
နောက်ဆုံးတော့ကလေးတေကဓါးစာခံဖြစ်ရတာပဲ
2026-11-27 15:30:47
5
broooo629
SRG :
မိထွေးဆိုမုန်းတယ်
2026-11-27 15:25:20
5
ma.moe1635
Ma Moe :
ထိထိရောက်ရောက်အရေးယူပေးပါ
2026-11-28 03:25:25
1
sky16218
sky :
သောင်ဗာသောင်ဗာ ကြားရတာတွေကကြောက်စရာ
2026-11-28 03:54:52
1
may.thit.sar71
May Thit Sar :
ဘယ်ဘာသာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာနေရင် မြန်မာဥပဒေ လိုက်နာရမယ် တလင်တမယား ဥပဒေနဲ့ တရားစွဲပါ
2026-11-28 02:59:50
1
chanthar68663
Chan Thar :
မြန်မာတွေသတိထားသင့်နေပြီ ငွေနောက်မလိုက်သင့်တောဘူး
2026-11-28 01:52:23
1
To see more videos from user @thet30550, please go to the Tikwm homepage.

Other Videos


About