@sunflower225285: Lusiရဲ့ဂုဏ်သိက္ခာနှင့် ပုံတူဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် စတူဒီယိုမှ တရားဥပဒေကြောင်းအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးချက် ⚖️ အင်တာနက်ပေါ်ရှိ မလိုမုန်းထား ကောလာဟလများ၊ အသရေဖျက်မှုများ၊ ပုံတူဓာတ်ပုံများကို ခွင့်ပြုချက်မရှိဘဲ အလွဲသုံးစားပြုလုပ်ခြင်းနှင့် အရှက်ရစေရန် ပုံဖျက်ပြင်ဆင် (Edit) တင်ခြင်းများကို တုံ့ပြန်သည့်အနေဖြင့် Zhao Lusi Studio မှ ဥပဒေလမ်းကြောင်းအတိုင်း ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။ 📌 လက်ရှိ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ • Xiaohongshu၊ Taobao၊ TikTok၊ JD.com၊ Pinduoduo၊ Kuaishou၊ Hongguo၊ Weibo နှင့် Douban အစရှိသည့် ပလက်ဖောင်းများပေါ်မှ ချိုးဖောက်မှု အချက်အလက်ပေါင်း ၅၃,၃၈၉ ခု ကို စောင့်ကြည့်မှတ်တမ်းတင်နိုင်ခဲ့ပြီး စုစုပေါင်း ၅၁,၂၈၂ ခု ကို အောင်မြင်စွာ ဖယ်ရှား (Offline) နိုင်ခဲ့ပြီး ဖြစ်ပါသည်။ (ယခုတစ်ပတ်အတွင်း၌ပင် ပို့စ်အသစ် ၇၅၆ ခုကို ထပ်မံဖယ်ရှားနိုင်ခဲ့ပါသည်။) • (Chat Group) များအတွင်း အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍လည်း ရဲစခန်းတွင် တရားဝင် တိုင်ချက်ဖွင့် (အမှုဖွင့်မှတ်တမ်းတင်) ပြီးစီးပြီ ဖြစ်ပါသည်။ • ကွန်မန့် (Comment) နေရာများတွင် အရှက်ရစေရန် ရည်ရွယ်ချက်ဖြင့် ပုံဖျက်ပြင်ဆင်ထားသော ပုံများ တင်ခဲ့သူအားလုံး၏ သက်သေအထောက်အထားများကို စုဆောင်းထားပြီး တရားစွဲဆိုနိုင်ရန် ဥပဒေရေးရာဌာနသို့ ပေးပို့စစ်ဆေးခိုင်းထားပြီး ဖြစ်ပါတယ်၊ ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေးနှင့် ပုံတူဆိုင်ရာ အခွင့်အရေး ကဲ့သို့သော ချိုးဖောက်မှု အမျိုးမျိုးအတွက် တာဝန်ရှိမှုကို ကျွန်ုပ်တို့ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ သည်းခံခွင့်လွှတ်မည် မဟုတ်ပါ။ အင်တာနက်သည် ဥပဒေမဲ့ နေရာတစ်ခု မဟုတ်ပါ။ ကောလာဟလများ၊ အသရေဖျက်မှုများ၊ ပုံတူများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းနှင့် အခြားလုပ်ရပ်များအားလုံးသည် ချိုးဖောက်မှုများဖြစ်ပြီး သက်ဆိုင်ရာ ကျူးလွန်သူများသည် ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားဥပဒေကြောင်းအရ တာဝန်အားလုံးကို ပေးဆပ်ရမည် ဖြစ်ပါသည်။ ဒီတခါအတော်လေးပြင်းထန်။။။ ကြိုက်တယ်ဟာ ဒါမျိုး🙈 #zhaolusi #newsupdate #studio #law #fyp @Lusi💋老婆😎
Lusi💋老婆😎
Region: MM
Saturday 28 November 2026 06:01:34 GMT
Music
Download
Comments
Qoseng :
2026-11-28 06:16:34
2
Canlily :
2026-11-28 07:26:34
1
Noemi Fernandez :
que se aga justicia a zhao Lusi
2026-11-28 13:39:26
0
To see more videos from user @sunflower225285, please go to the Tikwm
homepage.