@zayartbz5: စစ်တပ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရခဲ့သည့် ကလေးငယ် ဆေးခန်းသွားရန် အမေနှင့် အဖေမှာ ပိုက်ဆံမရှိဘူးဟု ငိုကျွေး 28 Nov 2026 By MPA စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ကလေးငယ်တစ်ဦးကို လူကြီးတစ်ဦးက ဆေးခန်းပို့ဆောင်ပေးမည်ဟု ပြောဆိုချိန်တွင် ကလေးငယ်က ဆေးကုသရန် မိဘများ၌ ငွေကြေးမရှိကြောင်း ငိုယိုပြောဆိုခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ပျံ့နှံ့လာသည်။ ဒဏ်ရာရရှိနေသည့် အဆိုပါကလေးငယ်သည် ဆေးခန်းသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုနေသည့်တိုင် မိဘများ၏ ငွေကြေးအခက်အခဲကြောင့် စိုးရိမ်ပူပန်နေပြီး ၎င်း၏ မိခင်နှင့် ဖခင် မည်သည့်နေရာ၌ ရှိနေသနည်းဟုလည်း ငိုယိုမေးမြန်းနေသည့် မြင်ကွင်းမှာ ကြည့်ရှုသူများကို စိတ်ထိခိုက်စေခဲ့သည်။ ရုပ်သံဖိုင်ထဲတွင် ကလေးငယ်၏ ဒဏ်ရာအခြေအနေ၊ မိဘများ၏ တည်နေရာနှင့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒေသတို့ကို အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအကြား ကလေးငယ်များပါ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသခွင့်ရရှိရန်ပင် စိုးရိမ်ကြောက်ရွံ့နေရသည့် အခြေအနေကို ယင်းရုပ်သံက ထင်ဟပ်ပြသနေသည်။ လေကြောင်းတိုက်ခိုက်မှု ကလေးငယ် MPA@ZayarTBZ 7.1News🍉 @Zayar Tbz 13 #ပြည်သူများဘေးကင်းကြပါစေ #ပြည်တွင်းသတင်း #ဒေသသတင်းရင်းမြစ် #zayartbz #မြန်မာသတင်း
Zayar TBZ 5
Region: TH
Saturday 28 November 2026 08:19:46 GMT
Music
Download
Comments
𝐙𝐢𝐧 𝐌𝐢𝐧 𝐎𝐨 :
နာကျင်နေတာသိရဲ့သားတောင်ကလေးရယ်
2026-11-28 10:21:55
1144
ko Aung Aung❤️❤️❤️❤️❤️❤️❤️ :
တော်ကျပါတော့ကွာ နှစ်ဖက်လုံးကိုတောင်းပန်ပါတယ် အာဏာတွေ ပါဝါတွေလုပ်မနေပါနဲ့တော့
ပေးဆပ်နေရတာလက်နက်မဲ့ပြည်သူတွေ နဲ့အပြစ်မရှိတဲ့ကလေးတွေကွာ
တော်လောက်ပြီထင်တယ်ကွာ မျက်ရည်တွေလဲကျမိတယ်ကွာ
2026-11-28 10:42:43
985
ပရဟိတ ဘာသာရေး ညီအကိုများ🙏 :
စစ်တန်းလျားမှာမနေပဲ အာဏသိမ်းချင်မှတော့
မလိုလားအပ်တာတွေဖစ်လာကြတာ နစ်မနည်း
ရွေးကောက်ပွဲမဲနိုင်တဲ့သူကိုကျ ထောင်ချပီး
စစ်တပ်က ကာကွယ်ရေးအလုပ်မလုပ်ပဲ နိုင်ငံရေးထဲဝင်ရှပ်နေမှာတော့ နောင် 10 နှစ်နေလဲဘာမှဖစ်မလာပိုဆိုစရွားဖို့ပဲဖစ်လာတော့မှာ
2026-11-28 10:46:50
80
ကြယ်တံခွန် :
ရက်စက်ယုတ်မာလိုက်ကြတာကွာ
2026-11-28 09:58:06
2427
user13359417181387 :
စိတ်ထဲဘယ်လိုခံစားရမှန်းမသိတော့ဘူး မိသားစုဘေးကင်းပါစေ သမီးလေးအနာအမြန်ပျောက်ပါစေ
2026-11-28 10:24:24
406
Min Thit phone second shop :
ငါတို့တွေ ကလေးငယ်အတွက် ဝိုင်းဝန်းလှုဒါန်းကြရအောင်🥺🥺
2026-11-28 10:48:24
88
GONxJasMiNE :
ဗုံးကျဲတဲ့သူမြင်ပါစေဗျာစိတ်မကောင်းလိုက်တာဗျာ
2026-11-28 10:23:15
127
Naru TO439 :
သူမှာကြောက်တဲ့စိတ်နဲ့ မိဘကို စိတ်ပူတဲ့စိတ်နဲ့ သူရဲ့ဒန်ရာကို နာရမှာကိုမသိတော့ဘူး မြင်ကြစမ်းပါ မြင်ကြစမ်းပါ ငါမောင်နစ်မ ငါညီမ ဆိုပီ ဝင်ကြည့်ကြစမ်းပါ ဘယ်လောက်ရင်နာဖိုကောင်းလဲး
2026-11-28 10:47:45
942
Htay Htay :
သနာလိုက်တာရင်တေကွဲရပါတယ်
2026-11-28 10:04:55
140
Zaw Win :
လုပ်ရက်လိုက်ကြတာ ဒီလိုတွေ ဖြစ်နေတာ မမြင်ကြတာလား တမင်ကြိးကို လိုက်လိုဗုံးကြဲးနေတာလား
2026-11-28 10:26:52
329
mrzawgyi (official account) :
မြန်မာနိုင်ငံတစ်နိုင်ငံလုံး မြင်ပါစေ ကြားပါစေ တစ်ကမ္ဘာလုံး မြင်နိုင်ကြားနိုင်ကြပါစေ ရင်ထဲစောက်ရမ်းကျေကွဲရပါတယ် ဗျာ😭😭😭😭
2026-11-28 10:32:35
61
Hy Pe :
အဲ့ကလေးက ဘယ်ကလဲဗျာ သူ့မိဘတွေကိုသိရင် ကျတော့်ကိုပြောပေးပါလား ကလေးဆေးရုံစရိတ်တတ်နိူင်သမျ ပေးချင်လို့ပါ
2026-11-28 10:46:04
198
Angle Lina :
ရင်နာဖို့ကောင်းလိုက်ဒါ
2026-11-28 10:26:03
31
ပစ်တိုင်း ထောင် :
သနားပါတယ်အပစ်မဲ့ကလေး..လေးတွေငါ့သားသမီးဆိုတဲစိတ်နဲ့ကြည့်ပေးကျပါ
2026-11-28 10:35:26
30
Aung Zaw Latt :
ကလေးရယ်ဦးရင်မှာမခံစားနိူင်တော့ဘူး
2026-11-28 12:15:28
0
yemyatkyaw :
ဟာ ကြေကွဲစရာ
2026-11-28 09:55:19
33
𝐎𝐝𝐞𝐥𝐢α. :
သမီးလေးရယ် ရင်ထဲမကောင်းလိုက်တာ လှုချင်လိုက်တာဆေးဖိူးလေး ဆက်သွယ်လို့ရမဲ့နံပတ်လေးများ မရှိကျဘူးလာ
2026-11-28 12:04:27
8
စော်မကြောက်တဲ့ကိုတောက် :
သနားပါတယ်ကွာ မသေတာပဲကံကောင်းကလေးရယ်
2026-11-28 10:10:19
399
k :
ရက်စက်လိုက်တာကွာ
2026-11-28 09:59:58
61
sithu aung. :
ငါတို့ဘယ်လိုကူညီရမလဲကွာ🥵 အချင်းချင်းတွေပဲ ဒီလောက်ရက်စက်ဖို့လိုလား ဒါကတော့တော်တော်များသွားပီ😡😡😡
2026-11-28 10:30:42
235
Aung Thinn :
ခ လေးကသတိကောင်းသူအနာတောင်ဂရုမစိုက်ဘူး
2026-11-28 10:24:42
71
ရေနံချောင်းသားလေးပါဗျာ🥰🥰🥰 :
သမီးရယ် သနားလိုက်တာကွယ် လူယုတ်မာတွေ ရက်စက်လိုက်ကြတာ🥺😢
2026-11-28 10:31:14
52
Shwe Min Thar :
တကယ်ပါရင် တွေနာဖို့တကယ် ကောင်းတယ်
🥺🥺🥺🥺🥺
2026-11-28 10:19:37
11
Ko Naing :
ရက်စက်လွန်းတယ် ဒီတိုင်းပြည်မှာ ဒီစစ်တပ်ဟာ တကယ်ကို မရှိသင့်တော့ဘူး
2026-11-28 11:03:05
15
Ƥ𝔂𝐚𝑒 Ƥ𝓱𝔂Ø 𝐀ย𝐍𝕘 :
ပိုက်ဆံမရှိဘူးတဲ့😭
2026-11-28 10:48:55
19
To see more videos from user @zayartbz5, please go to the Tikwm
homepage.