@zayartbz7.1: KIO ဌာနချုပ် လိုင်ဇာမြို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၂၈ ကချင်ပြည်နယ်ရှိ KIO ဌာနချုပ် လိုင်ဇာမြို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်နှင့် နံနက် ၁ နာရီ ၃၈ မိနစ်အချိန် မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တက်လာသော တိုက်လေယာဉ် ၂ စီးက လိုင်ဇာမြို့ကို ဗုံး ၄ ကြိမ် ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။ "ဒီမနက်အစောကြီး ဗုံးကျဲချသွားတာပါ။ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိပါတယ်။ ၃ ဦးသေဆုံးပါတယ်။ ကင်းထောက်ဒရုန်းတွေ လေယာဉ်တွေကတော့ အမြဲဝဲနေပါတယ်။ လေကြောင်းအန္တရာယ်သတိပေးချက်လည်း ထုတ်ထားပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နေပြီး မကွေးတိုင်းနှင့်ကရင်နီပြည်နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြားသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ (သတင်းကို မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၇ မိနစ်အချိန်တွင် ပြန်လည် ပြင်ဆင်ထားပါသည်။)@Zayar Tbz 13 @Zayar TBZ 5 #ဒေသသတင်းရင်းမြစ် #zayartbz #ပြည်တွင်းသတင်း #ပြည်သူများဘေးကင်းကြပါစေ #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး

ZayarTBZ 7.1News🍉
ZayarTBZ 7.1News🍉
Open In TikTok:
Region: TH
Sunday 29 November 2026 00:51:50 GMT
4884
474
8
14

Music

Download

Comments

nay.pyi.taw157
ဝက္ကမူသားလေး9/🇯🇵🇰🇷🎌 :
မင်္ဂလာပါ
2026-11-29 02:16:23
0
myo.min12346
myomin :
😳😳😳
2026-11-29 01:39:59
1
may.thu.tun33
May Thu Tun :
🌹🌹🌹
2026-11-29 04:57:18
0
user88335807945517
ကျော်ထွန်း :
@@@
2026-11-29 12:03:20
0
To see more videos from user @zayartbz7.1, please go to the Tikwm homepage.

Other Videos


About