@hannaynainglynn: ဒါရိုက်တာ မပွင့်က “Cut” လို့ ပြောလိုက်ပေမဲ့ ဝေဝေ့ရဲ့ မျက်ရည်တွေကတော့ ရပ်မသွားဘူး… ဒါရိုက်တာကတော့ cut လို့အော်လိုက်တာပဲ မကစ် ရင်ထဲမှာတော့ အဲ့ဒီခံစားချက်တွေ ကျန်နေတာ… ဝေဝေဆိုတဲ့ ဇာတ်ကောင်တစ်ယောက်အပေါ် မကစ် ဘယ်လောက်အထိ စိတ်နှစ်ပြီး သရုပ်ဆောင်ထားလဲဆိုတာ ဘေးကနေ ကြည့်နေရတဲ့ ကျွန်တော်တောင် တကယ်ကို ရင်ထဲထိတယ်… ကျွန်တော့်အတွက် မကစ်ကို အနုပညာရှင်တစ်ယောက်အနေနဲ့ တကယ်ကို လေးစားမိတဲ့ အခိုက်အတန့်လေးပါဗျ… ပြီးတော့ မကစ်က သရုပ်ဆောင်ခဲ့တာမဟုတ်ပဲ ရိုက်ကူးရေးကာလတလျှောက်လုံး သူဝေဝေအဖြစ် ရှင်သန်နေတာလို့ခံစားရတယ် အာ့တာအပြင် ဦးဘိုးသိန်းအဖြစ် ဦးကျော်ရဲအောင်ကလဲ တကယ့် ဝါရင့်သဘာရင့်ပီပီ မျက်လုံး acting တွေအရမ်းကို ကောင်းတာ “သမီး… ဖေဖေ လိုက်သွားရမလား” ဆိုတဲ့ ဦးဘိုးသိန်းရဲ့ စကားလေးတစ်ခွန်းနဲ့တင် ဝေဝေက ကလေးတစ်ယောက်လို ငိုချလိုက်ရော။ ပြီးတော့ ကိုယ့်ခံစားချက်တွေကို ပြန်ထိန်းရင်း ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လို ဦးဘိုးသိန်းကို လိုက်သွားဖို့ ပြန်ပြောခဲ့တယ်။ အဲ့ဒီခံစားချက်နှစ်ခုကို ဝေဝေ ပြောင်းလဲသွားတဲ့ပုံလေးက ကျွန်တော့်အတွက် တော်တော်ခံစားရတဲ့ Scene တခုလို့ပြောလို့ရတယ် တကယ်တော့ ဒီ Scene ကို ရိုက်မယ့်နေ့ မနက်အထိ ဝေဝေ့ကို ဘာဆံပင်လုပ်ပေးရမလဲဆိုတာ ကျွန်တော် မဆုံးဖြတ်နိုင်ဘူး ဆံမိတ်အတိုနဲ့ လုပ်ရမလား၊ ဆံမိတ်အရှည်နဲ့ လုပ်ရမလား၊ အပုံ့လေးပဲ ထုံးပေးရမလားဆိုပြီး အကြိမ်ကြိမ် စဉ်းစားရသလို Worry တွေကလည်း အရမ်းများနေပြီ။ ဘာလို့ ဆံပင်ပုံစံလေးတစ်ခုအတွက် ဒီလောက်ထိ စိတ်ပူခဲ့ရတာလဲဆိုတော့ မကစ်ရဲ့ ဝေဝေ့ Acting မှာ ကိုယ်ဖန်တီးပေးလိုက်တဲ့ အရာတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်သွားမှာ၊ မကစ် ပေးချင်တဲ့ ခံစားချက်တွေကို အားနည်းသွားစေမှာမျိုး စိုးရိမ်မိလို့ နောက်ဆုံးမှာတော့ အန်တီနှင်းနဲ့ တိုင်ပင်ပြီး… “သား… ဆံမိတ်အရှည်က အနှောင့်အယှက်မဖြစ်ပါဘူး၊ လုပ်လိုက်မယ်” ဆိုတာနဲ့ ဆံမိတ်အရှည်လေးပဲ လုပ်ဖြစ်ခဲ့ကြတယ် တကယ်ရိုက်ကူးတဲ့အချိန် Monitor ကနေ ကြည့်လိုက်ရတော့မှ ဒီဆံပင်ပုံစံလေးက ဝေဝေ့ရဲ့ Acting နဲ့အတူ ဘယ်လောက်အထိ Dramatic ဖြစ်နေလဲ၊ ဒီ Scene လေးအတွက် ဘယ်လောက်လိုက်ဖက်နေလဲဆိုတာ ကောင်းကောင်းနားလည်လိုက်တယ် အာ့တော့ ကျေနပ်တယ်… ပေ ၄၀ ပိတ်ကားကြီးပေါ်မှာ ပြန်ကြည့်ရတဲ့အချိန်မှာလည်း အဲ့ဒီမနက်က စိတ်ပူပြီး အကြိမ်ကြိမ် စဉ်းစားခဲ့ရတဲ့ ဆံပင်ပုံစံလေးအတွက်ရော၊ ဝေဝေ နဲ့ ဦးဘိုးသိန်းနဲ့ ကို သမီးနဲ့ ဖခင်ဆိုတာ သိသိသာသာ ပေါ်လွင်နေအောင် color matching ဖြစ်အောင် ရွေးချယ်ပေးခဲ့တဲ့ ဝတ်စုံလေးတွေအတွက်ပါ ကျေနပ်တယ်… @Wutt Hmone Shwe Yi Official @Pwint Theingi Zaw Makeup & Hair - @December Hnin Deaigner - @Thwin Su Htwe @မုန်း၍မဟူ မုန်း၍မဟူ | Behind the Wardrobe #မုန်း၍မဟူ #ဝေဝေ #ဦးဘိုးသိန်း #BehindTheWardrobe #WardrobeStylist

Han_Nay_Naing_Lynn
Han_Nay_Naing_Lynn
Open In TikTok:
Region: TH
Sunday 29 November 2026 05:17:30 GMT
209156
18109
68
247

Music

Download

Comments

shweeii369
အရီး သောင်းမေ :
ဝေဝေက အခုလို ဆံထုံးနဲ့မဟုတ်ပါဘူးဟယ်
2026-11-29 06:54:33
19
yangonmobileyango04
SannSannYee✍️ :
အနုပညာသမားတွေရဲ့နောက်ဆုံးလက်ကျန်ကနှလုံးရောဂါစွဲကျန်ခဲ့ရတာပါပဲ😢
2026-11-29 06:48:04
30
mway.kham
Mway Kham :
ငါတောင်ကြည့်ရင်းနဲ့ငိုနေပီ🥺
2026-11-29 07:46:32
4
nini.mar76
NiNi Mar :
အမေ အဖေ ဆုံးရုံးထားတဲ့ခံစားချက်က 😭😭😭
2026-11-29 06:45:47
10
shwe.phue1
Shwe Phue :
သူ့ဖေဖေကိုသတိရသွားတာနေမှာပါ
2026-11-29 06:58:29
7
mai939406
Mai :
ဘယ်လောက်ပဲချမ်းသာပါစေလိုလေသိမရှိနေရပါစေလူတိုင်မှာကိုယ်ခံစားချက်ကိုယ်ကိုယ်အပူနဲ့ကိုယ်ရှိနေစမြဲပါပဲ
2026-11-29 07:11:53
3
guguneedoppa
Mochi's PaPa :
ဦးကျော်ရဲအောင် ဇာတ်ကိုပို့တာ တော်တော်ကောင်းတယ်နော် silent acting လုပ်သွားတာ
2026-11-29 08:26:16
2
pontpont2341
Pont Pont Thwe🍀 :
မကစ်က သူ့အဖေဆုံးတော့တိမ်ပန်းချီရိုက်နေရတာလို့ သတင်းတွေဖတ်ရတယ်ရယ်🥺အက်တော့အဖေကိုလွမ်းတာနဲ့ပါသွားတာရှိမှာငိုနေလိုက်တာအကယ်ဒမီလေးကိုယ့်idolကိုထပ်ရစေချင်တယ်🙏❤
2026-11-29 07:42:31
1
zabuangel0907
zabuangel0907 (A to the Z🌻) :
အရမ်းတော်တာပဲ အကယ်ဒမီ မင်းသမီးပီသချက်❤️
2026-11-29 07:10:15
3
woon_yann0
Woon_Yann :
အဖေ လို့သတိရသွားမိတယ်ထင်တယ်ရယ်
2026-11-29 08:09:51
3
moe.ei.phyu05
Moe Ei Phyu :
သွားကြည့်ရင် ငါ့အတွက် တစ်သျှူးတစ်ထုတ်တောင်လောက်မှာ မဟုတ်ဖူး ကိုယ်က အရမ်းမိဘနဲ့ ပတ်သတ်ပီးemotion အရမ်းဖစ်တော့ 😭😭
2026-11-29 06:19:09
10
thanyawzin523
chan🤍❤🤍aye karyi ko :
သရုပ်ဆောင်အလုပ်ကလည်းမလွယ်ဘူးနော်
2026-11-29 06:33:09
15
es073571gmail.com0
ဉီးသောင်းဟန် :
ဉီးကိုမလွမ်းပါနဲ့တော့နော်😳
2026-11-29 07:11:09
1
pauktakaya7
♑ :
ယူသုံးလို့ရလားရှင့်
2026-11-29 06:48:45
1
aye.aye.aung1462
Su lay :
အာ့နေရာမှာရင်ထဲစို့တက်လာတာ😢
2026-11-29 06:22:01
0
user4680501968010
user4680501968010 :
အဖေ့ကိုသတိရသွားတယ်
2026-11-29 08:02:24
0
aingyin707
🍬 :
တို့တုန်းကဆိုဝတ္တုဖတ်ပြီးငိုလိုက်ရတာ
2026-11-29 08:23:26
0
thi.dar.htun5
apple🍎 :
ငါတောင်ငိုချင်လာပီ😖
2026-11-29 08:25:43
0
buti2185
KzOn(ပုံ့ပုံ့) :
သူအဖေသတိရသွားတာထင်ဆယ်
2026-11-29 06:19:17
139
hninnwayoo134
Myat Su Hnin :
အော် လူတိုင်းမှာသောက ကိုယ်စီနဲ့ပါလား ဘ၀ပေး အခြေအနေအရ လိုလေသေး မရှိ ပိုင်ဆိုင်ထားရတဲ့ဘ၀လေးကလည်း ရုပ်ရှင်ရိုက်တဲ့ အချိန်မှာ မျက်ရည်ကျရသေးတယ်တာပဲ နော်
2026-11-29 06:35:16
78
user500681733
🤑 :
အဲဒီခံစားချက်ကိုဖအေတွေမရှိတဲ့လူတွေပဲခံစားတတ်တာ❤️❤️❤️
2026-11-29 07:09:47
8
nyo.nyo3556
Nyo Nyo :
😭
2026-11-29 07:05:40
0
khaingoo084
khaingoo084 :
ငိုမိပီ😌
2026-11-29 08:25:52
0
sawsaw1500528
sawsaw :
အဖေရေ😳😳😳😳😳😳😳😳😳😳
2026-11-29 08:27:38
0
alex.lin751
Alex Lin :
အားပေးလျက်ပါအမ
2026-11-29 06:27:02
0
To see more videos from user @hannaynainglynn, please go to the Tikwm homepage.

Other Videos


About