@abcdefghijkl998834: ကိသဝစ္ဆရသေ့ 🌺🌺🌺🌺🌺🌺 ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်း သည် “သရဘင်္ဂ”မည်သော ရသေ့ဖြစ်၍ တပည့်ပေါင်းများစွာတို့၏ ဆရာကြီးဖြစ်၏ ။ တပည့်ပရိသတ်တို့ များလွန်းသော ဆရာကြီးသည် တပည့်ကြီးတို့ကို ခေါင်းဆောင်ခန့်၍ ရသေ့တို့ကို ဒေသ အသီးသီးသို့ စေလွှတ်၏။ ထိုတပည့်တို့တွင် အရှင်မောဂ္ဂလ္လာန်လောင်း ရှင်ကိသဝစ္ဆရသေ့သည် ဒဏ္ဍကီမင်း၏နိုင်ငံ ကုမ္ဘဝတီမြို့၌ စစ်သူကြီးကို အမှီပြု၍ မင်းဥယျာဉ်၌ နေ၏ ။ တစ်နေ့သ၌ ဒဏ္ဍကီမင်းသည် ချီးမြှောက် ထားအပ်သော ပြည့်တန်ဆာမ တစ်ယောက်ကို ရာထူးမှ ချထားလိုက်သည် ။ ပြည့်တန်ဆာမသည် ရာထူးမှ အချခံရ သောကြောင့် စိတ်မချမ်းမသာဖြစ်လျက် မင်းဥယျာဉ်သို့ ထွက်လာရာ ရှင်ကိသဝစ္ဆ ရသေ့ကို တွေ့သည် ။ ထိုအခါ ပြည့်တန်ဆာမသည် ရသေ့ကို “သူယုတ်”ဟု မှတ်ထင်၍ ရသေ့၏ ခန္ဓာကိုယ်ပေါ်၌ ချွဲသလိပ်တို့ကို ထွေးချကာ ဆံကျစ်ကြားမှာလည်း ဒန်ပူ(သွားတိုက်တံ)ကို ပစ်ချခဲ့သည် ။ ထို့နောက် ဒဏ္ဍကီမင်းသည် ပြည့်တန်ဆာမကို ပြန်လည်သတိရ၍ မူလရာထူးကို ပြန်လည် ပေးအပ်ခဲ့သည် ။ ထိုအခါ ပြည့်တန်ဆာမသည် “ရသေ့ကိုယ်ပေါ်၌ အညစ်အကြေးများ စွန့်ပစ်သောကြောင့် မူလရာထူး ပြန်လည် ရရှိသည်”ဟု မှားယွင်းစွာ မှတ်ထင်သွားသည်။ ဒဏ္ဍကီမင်းသည် ပုရောဟိတ်ကိုလည်း ရာထူးမှ ချပြန်သည် ။ ရာထူးအချခံရသော ပုရောဟိတ်သည် “မူလရာထူး ပြန်လည်ရရှိရန် မည်သို့ ပြုလုပ်ရမည်နည်း”ဟု ပြည့်တန်ဆာမထံ နည်းစနစ်များ တောင်းခံခဲ့သည် ။ ပြည့်တန်ဆာမက “မင်းဥယျာဉ်အတွင်းရှိ ရသေ့၏ ကိုယ်ပေါ်၌ အညစ်အကြေးများ စွန့်ပစ်ရမည်”ဟု နည်းပေးလိုက်သည် ။ ပုရောဟိတ်လည်း ပြည့်တန်ဆာမ ပေးသော နည်းအတိုင်း ပြုလုပ်ရာ ကံအားလျော်စွာ မူလရာထူးကို ပြန်ရခဲ့သည် ။ ထို့နောက် စစ်တိုက်သွားမည့် ဒဏ္ဍကီမင်း ကိုလည်း ပုရောဟိတ်က “စစ်အောင်မြင်ဖို့ရန် ရသေ့အပေါ် အညစ်အကြေးများ စွန့်ပစ်ကြ ရမည်” ဟု နည်းပေးပြန်သည် ။ မင်းနှင့်တကွ စစ်သည်ဗိုလ်ပါတို့သည် ပုရောဟိတ်ပေးသော နည်းအတိုင်း ပြုလုပ်ကာ စစ်တိုက်ထွက်သွားကြသည် ။ မင်းကြီး ထွက်သွားပြီးနောက် မကြာမီ စစ်သူကြီး ရောက်ရှိလာပြီး ရသေ့မြတ်၏ ကိုယ်ပေါ်မှ အညစ်အကြေးများ ဖယ်ရှား ပေးပြီး ကောင်းမွန်စွာ ရေချိုးပေးလိုက်သည် ။ ထို့နောက် စစ်သူကြီးက ရသေ့မြတ်ကို “မင်းအား မည်သို့ ဖြစ်လတ္တံ့နည်း”ဟု မေး၏ ။ ထိုအခါ ရသေ့က “ဒါယကာ၊ ငါသည် တစ်စုံတစ်ရာ အမျက်မထွက်ပါ ။ (စိတ်မဆိုးပါ။) သို့သော် နတ်တို့သည်ကား အမျက်ထွက်ကြကုန်၏ ။ ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ တိုင်းပြည် ပျက်စီးလတ္တံ့။ သင်သည် သားမယားတို့ကို ခေါ်၍ တိုင်းတစ်ပါးသို့ ထွက်ပြေးပါလော့”ဟု ပြောကြားသည် ။ စစ်တိုက်သွားသော ဒဏ္ဍကီမင်းသည် ကံအားလျော်စွာ စစ်နိုင်ကာ တိုင်းပြည်သို့ ပြန်လာခဲ့သည် ။ ဒဏ္ဍကီမင်း တိုင်းပြည်သို့ ပြန်ရောက်လာလျှင် နတ်တို့သည် ရှေးဦးစွာ မိုးရွာစေ၏ ။ ထို့နောက် သဲဖြူမိုး၊ နတ်ပန်းမိုး၊ ပဲမိုး၊ အသပြာ ရွှေမိုး,ငွေမိုး၊ နတ်ဝတ် တန်ဆာမိုး တို့ကို အစဉ်အတိုင်း ရွာစေ၏ ။ ထိုအခါ လူတို့သည် ရွာချအပ်သော ပစ္စည်းဥစ္စာတို့ကို ဝမ်းမြောက်ဝမ်းသာ ကောက်ယူကြကုန်၏ ။ ထိုစဉ် လက်နက်မိုး ရွာချလိုက်ရာ ခန္ဓာကိုယ်တို့သည် အပိုင်းအပိုင်း ပြတ်ကုန်၏ ။ ထို့နောက် မီးကျီးမိုး၊ တောင်ထွတ်မိုး၊ သဲမိုးတို့ ရွာချပြန်ရာ ယူဇနာခြောက်ဆယ်ရှိ သော ကုမ္ဘဝတီမြို့ကြီးသည် ပျက်စီးလေ၏ ။ (သရဘင်္ဂဇာတ်၊ ဇာ၊ ၂၊ ၅။ ဇာ၊ ဋ္ဌ၊ ၅၊ ၁၄၁) ကုမ္ဘဝတီမြို့ကြီး ပျက်စီးရခြင်း အကြောင်းကား မပြစ်မှားထိုက်သည်ကို ပြစ်မှားသောကြောင့် ဖြစ်သည် ။ လောက၌ လူတို့သည် အယူဝါဒတစ်ခု (သို့မဟုတ်) ယုံကြည်မှုတစ်ခုသည် မှားပင်မှားနေသော် လည်း “အမှားကြာ အမှန်ဖြစ်” ဆိုသည့် အတိုင်း ကြာလာသောအခါ ထိုအယူဝါဒ, ယုံကြည်မှုကို “အမှန်”ဟု လွဲမှားစွာ အောက်မေ့မှတ်ထင် တတ်ကြကုန်၏ ။ ပြည့်တန်ဆာမ, ပုရောဟိတ်, မင်းနှင့်တကွ စစ်သည်တော်တို့သည် ရှင်ကိသဝစ္ဆရသေ့ ခန္ဓာကိုယ်ပေါ်၌ နှပ်တံတွေးစသော မစင် အညစ်အကြေးများ စွန့်ပစ်ကြသည် ။ ဤသို့ပြုလုပ်ကြခြင်းသည် “အမှားပင်” ဖြစ်သည် ။ သို့သော် သူတို့အားလုံးက “အစစအရာရာ အောင်မြင်သည်၊ လာဘ်ကီး ကောင်းသည်” ဟု ယုံကြည်ကြသောကြောင့် သူတို့လုပ်တာ “အမှန်”ဟု မှတ်ထင်နေကြလေသည် ။ ဤသို့ အလွဲလွဲ အချော်ချော် မှတ်ထင် ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင် ဖြစ်တော့သည် ။
🇲🇲 H🇲🇲 H🇲🇲 A🇲🇲
Region: TH
Monday 28 July 2025 00:06:58 GMT
Music
Download
Comments
thantitthukha :
ဘုရားဟောတွေလေ မသိဘူးလား။ခုကာလနဲ့ သွားတိုက်နေတယ်။
2025-07-28 05:20:31
10
နေ တိုး :
သူများမကောင်းကြောင်းပြောတတ်သူတွေ့သတိထားကြ
2026-08-29 12:04:11
0
Zawmin naing :
ယာဒိသံ ပဝတေ ဗီဇံ၊
တာဒိသံ ဟရတေ ဖလံ။
2025-07-28 05:27:52
3
ပုဂံ :
ဉပမာပေးစကားလုံးတွေကြိုတ်တယ်
2025-07-28 02:34:44
5
ဧရာဝတီက ကိုကိုကြီး :
အဲ့တော့ကပ်ဘေးသင့်တာပေါ့နော့်
2025-07-28 13:06:32
3
တောသားကြီး :
ဟုလိုက်တာဗျာ..အလိုဖြစ်နေပီ
2025-07-28 12:24:49
2
💞Cho Cho💞 :
ဒို့တိုင်းပြည်ကြီးတည်တန့်ခိုင်မြဲပါစေ
တပ်မတော်သားများအားလိုးဘေးကင်းကြပါစေ💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
2025-07-30 05:11:37
3
ATM :
ကောင်းလိုက်တဲ့စာသားလေးဗျာ
2025-07-28 04:21:14
3
Daw Hnin Wai :
@မိမိကိုကိုပြန်ဆန်းစစ်ကြဖို့လိုသည်သတိသံဝေဂရကြပါစေလူအသက်ကတန်းဘိုးကြိးပါတယ်
2025-08-02 04:07:50
1
ငမောက် :
ဟုတ် ကျုပ်မှတ်ထားတယ် ခင်ဗျာ
2025-07-28 14:01:21
2
shwe su :
ခုခေတ်တကယ်ဖစ်နေတယ်
2025-07-28 06:45:16
2
ပစ်လစ်ကီ :
@အမှန်ပါဘဲ
2025-07-28 05:39:33
3
မန်းလေးရောက်အညာသားလေး :
ငါကလဲမင်းလိုပါပဲမဆဲပါဘူး
2025-07-29 07:20:41
2
Zar Nyi :
တော်သေးတယ် သူယုတ်မာတွေဘက် ကိုယ်ရောစိတ်ရော တစက်မှ မပါခဲ့ဘူး
2025-07-28 13:45:50
3
ရာဇာအောင်1950 :
ပြည့် ရဲ့ တန်ဆာ -
( ဘိုတောက် တန်ခိုး နဲ့ ဥမာဒန်တီopn. နဲ့ - )
2025-07-28 02:29:05
1
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 :
မြေကြီးလက်နဲ့ရိုက်ရင် လွဲခြင်လွဲအုံးမှာ
2025-07-28 08:44:14
4
Daw Hnin Wai :
ကုပြုလုပ်သမြခံကြရလေမည်ဘယ်သူ့အပြစ်မဟုတ်ကိုပြုသိကံကိုခံကြရမည်
2025-08-02 04:05:43
1
Ko Tun (official) :
👍👍👍
2025-09-26 14:30:29
1
Ko Min :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2025-08-27 13:18:33
1
ArkarMyintMo :
🌷🌷🌷
2025-08-22 14:05:43
1
💞Cho Cho💞 :
👍👍👍
2025-07-30 05:06:23
2
Ma Khaing :
❤❤❤
2025-07-28 23:41:53
2
U Kyaw :
🥰🥰🥰
2025-07-28 09:56:33
2
ဧရာဝတီက ကိုကိုကြီး :
🥰💚💚💚🇲🇲🇲🇲🇲🇲👍👍👍
2025-07-28 13:05:44
2
To see more videos from user @abcdefghijkl998834, please go to the Tikwm
homepage.