@pan61836: ဘယ်အရာကြောင့်ဆိုပြီး ခေါင်းစဥ်တပ်လို့ မရတော့လောက်အောင် အရာရာက ပြေးထွက်ချင်နေမိတဲ့အထိ ကျွန်မ ပင်ပန်းနေခဲ့ပြီ ထင်တယ် ။ အဆင်ပြေလာမှာပါဆိုပြီး လျှောက်လာရင်းက တစ်နေရာရာမှာ လဲကျလို့ရရင် ကောင်းမယ်ဆိုပြီး တွေးနေမိတဲ့အထိ ကျွန်မ စိတ်ကော လူကော နွမ်းနေခဲ့ပြီ ။ ပုံမှန်ဆို ကျွန်မ သိပ်သန်မာချင်ယောင်ဆောင်တတ်တာ ။ တော်ရုံတန်ရုံ ဒုက္ခမျိုးလောက်နဲ့ ထူးပြီး ညည်းပြနေတတ်တဲ့ လူတစ်ယောက်မဟုတ်ဘူး ။ ပြီးတော့ သိပ်အဆင်ပြေချင်ယောင်ဆောင်တတ်တာ ။ ဘယ်သူ့ကိုမဆို ကိုယ့်ကြောင့် ပူသွားပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ဘယ်အဆင်မပြေမှုကိုမဆို သိမ်းထားပြီး ပြုံးပြုံးလေး ရင့်ကျက်ပြခဲ့တာလေ ။ ဒီအချိန်မှာတော့ အဆင်ပြေရဲ့လားဆိုပြီး မေးမယ့် တစ်စုံတစ်ယောက်ကို တောင့်တနေမိတယ် ။ အဲ့ဒီမေးခွန်းလေးရဲ့အဆုံးမှာ ဘာတစ်ခုမှ အဆင်ပြေမနေတဲ့အကြောင်းကို ငိုပြီး ပြောလို့ရရင် ပြောပြချင်နေမိတယ် ။ တစ်ကြိမ်တစ်ခါမှ ဒီလောက်ထိ မပြိုလဲခဲ့ဖူးသလို အဆင်ပြေသွားမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် မညာနိုင်တဲ့အထိ ရုပ်မပျက်ခဲ့ဖူးဘူး ။ လုပ်လက်စ အလုပ်တွေကိုလေ ဖြစ်နိုင်ရင် နားထားချင်မိတဲ့အထိ စိတ်ကော လူကော ပင်ပန်းလို့ ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးချင်တဲ့အထိ အရာရာက ခဏပဲဖြစ်ဖြစ် အနားယူနေချင်မိတာ ။ ကျွန်မ ပင်ပန်းနေပြီ ။ ဒီအချိန်မှာ တစ်ခုခုကသာ အဆင်ပြေနေဦးမယ်ဆိုရင် အရာရာကို ကျော်လွှားနိုင်တဲ့အထိ ကျွန်မ သန်မာမှာပါ ။ ဒါပေမယ့် ဘယ်အရာကိုပဲ ငေးကြည့်ငေးကြည့် မပျော်စရာတွေ များနေတဲ့အခါ မျက်ရည်တွေပဲ ပျော်ကျလာရတယ် ။ ဒီရက်ထဲ ... သတိမေ့တာတွေ များလာတယ် ။ တစ်ခုခုဆို မျက်ရည် လွယ်လာတယ် ။ ထစ်ကနဲရှိ ဒေါသထွက်လွယ်နေတယ် ။ တစ်နေရာရာကို အကြာကြီး ငေးပြီး ဘာတွေးနေမိတာလဲ ပြန်တွေးမရတာတွေ ရှိလာတယ် ။ ကိုယ့်နာမည်ကို သုံးလေးခါခေါ်မှ ကြားရတဲ့ ရက်တွေရှိလာပြီး အလုပ်တွေ လုပ်နေရင်းက အတွေးတွေဟာ များလာနေတယ် ။ ကျွန်မ ... တကယ် ပင်ပန်းနေပါပြီ ။ စိတ်ကော လူကော ပေါ့ ။ ဒီအချိန်မှာ အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်ပေးတဲ့ စကားလုံးမျိုးပဲဖြစ်ဖြစ် ငိုချလိုက်ဆိုပြီး မြှောက်ပေမယ့် ပုခုံးမျိုးပဲဖြစ်ဖြစ် လိုနေမိတယ် ။ ငယ်ငယ်တုန်းကလိုပေါ့ အမေ ဥုံဖွလုပ်ပေးရင် ပျောက်သွားမယ့် အနာတရမျိုး ဖြစ်ချင်တယ် ။ ကိုယ်မသိတဲ့အရပ်ကို ခရီးတွေထွက်ရင်း ဘယ်သူမှ မရှိတဲ့အရပ်မှာ ပန်းတွေပျိုးရင်း ကိုယ်ဟာ မနက်ဖြန်ကို စိတ်မပူပဲ ဖြတ်သန်းချင်လာမိတယ် ။ #ကျေးကိုcrd

Pan
Pan
Open In TikTok:
Region: MM
Sunday 15 March 2026 07:40:44 GMT
1726618
148538
622
9154

Music

Download

Comments

chan415934
Chan🦋 :
အသဲကွဲမှာပင်ပန်းတာမဟုတ်ဘူးမိသားစုကိစ္စကလဲပင်ပန်းရတာပဲ😔
2026-03-19 13:58:54
275
sandar.oo0626
🍓အသေးလေး🍓 :
ကျမအိပ်မပျော်သေးပါဘူးခုထိငိုတုန်းပါ
2026-03-20 17:04:23
9
lway2252zx7
Monar🥑 :
ပင်ပန်းနေလဲ ပြုံးထားပါတယ်
2026-04-22 18:52:27
4
azinaung6851
မိအိန်ကျေဝ်ဂေါဝ် :
စာသားလေးချပေးပါလား🥺🥺🥺
2026-03-15 08:09:25
26
user504368950
ပန်းသဇင် (မဟုတ်တဲ့)မသဇင်🍀🍀 :
တကယ်ပင်ပန်းနေပီ အားပေးမယ့်သူမရှိဘူး ဖေးမမယ့်သူမရှိဘူး ကိုယ်တစ်ယောက်ထဲလို့ ခံစားနေမိတယ်
2026-03-20 15:18:09
6
pone.pone1062
Pone Pone💞 :
copyယူမယ်နော်ပြန်တင်ချင်လို့🥰🥺
2026-03-19 11:01:14
6
thanarsoe20
"Thanar🤭" 2005* :
အရမ်ပင်ပန်းနေပါပီ😭😭😭
2026-03-19 16:21:18
50
nun.yuya
🍓 :
ကြိုက်လို့တင်ထားတယ်ရှင်🥺
2026-05-10 10:07:48
1
67890yoshinar
မယ်လှ🤪🤪 :
အရမ်းပင်ပန်းနေပီ 😔😔
2026-03-21 18:51:50
1
lover_of_cappuccino
❄️ ℍ𝕒𝕪𝕞𝕒𝕣𝕟 ♎️ :
မန့်ထဲဝင်ကြည့်တာ ကိုယ့်လိုပဲ စိတ်ပင်ပန်းတဲ့လူတွေအများကြီးပါလား😢
2026-03-19 17:18:54
17
.th.th.khg
💗💫Orçhïd🪻🫶 :
စာသာလေးချပေးပါလား🥺
2026-03-19 11:02:19
7
ayenaychioo001
🍀Ã🍀 :
တကယ်ပင်ပန်းနေပီ😳😳😳
2026-04-19 03:48:36
2
thandar.soe6971
Thandar Soe🇲🇲😊🇨🇳 :
အရမ်းပင်ပန်းနေပီအမေ 😭
2026-04-18 11:38:49
2
honey124427
ဒေါ်ကောက်စိန်😡 :
တင်ခွင့်ပြုပါ🥺
2026-05-04 12:17:09
1
htay.htay.oo514
Htay Htay Oo :
😳😳😳😳ပင်ပန်းတာပေါ့
2026-05-26 05:14:59
1
ya.min.han50
🎨 :
ပြန်တင်မယ်နော်အမ😞💐
2026-05-08 05:51:10
1
u.maung7713
U Maung :
ဘဝရဲ့အခိုက်အတန့်မှာဖြစ်တဲ့အရာတွေဟာပြီးသွားမှာပါအားတင်းထားပါ
2026-05-24 05:14:56
1
mi.khin.lay803
Mi Khin Lay :
ပြန်တင်ခွင့်ပြုပါရှင့်
2026-05-07 08:29:22
1
165kkkkkkkk
𝙏𝙝𝙖𝙚🧸 𝙉𝙜𝙚 :
ဟူး
2026-03-23 21:27:02
2
gugu0448
🍀Ha Eun🌺🌸 :
စာသားလေးချပေးပ့လားရှင်
2026-04-02 18:15:20
1
wwsoe4
W"S💦💧♑🐰 :
စာသားလေးချပေးပါလား🥺
2026-03-25 14:17:15
2
shwethipyoe00
Shwe Thi :
ပင်ပန်းနေပြီအရမ်းပဲ🥺
2026-03-25 17:23:56
2
juele186
🌱ဒေါ်☘️ဂျူးလီ🍀♋ :
စာသားcopyယူခွင့်ပြုပါ☺️
2026-03-30 16:55:49
2
hay.mar.htain.lin
Hay Mar Htain Lin :
တကယ်တအားစိတ်ပင်ပန်းနေပြီး
2026-03-30 14:22:54
2
marlar27118
SM Queen :
အရမ်းနာကျင်နေရပီ😭
2026-04-05 00:28:31
2
To see more videos from user @pan61836, please go to the Tikwm homepage.

Other Videos


About