@burmese9696: အဲဒီ ၁၉၃၁ ခုနှစ်မှာဗမာအစ တကောင်းက သမိုင်းကိုဖျက်ဖို့ သမိုင်းပါမောက္ခ လုစ်ကို ထုတ်သုံး လာခဲ့ပါတယ်၊၊ အင်္ဂလန် မှာ ဗလက်ဒင်ရဲ့ တပြည့် အင်္ဂလိပ်စာ မဟာ ဘွဲ့ရ လုစ်ဟာ ၁၉၀၈ ခုနှစ် ရန်ကုန်ကောလိပ်သို့ အင်္ဂလိပ်စာ ပါမောက္ခ အဖြစ် ရောက်ရှိ လာပါတယ်၊၊ ၁၉၁၂ ခုနှစ်မှာ မြန်မာဆရာ တယောက်လောက် မြန်မာစာပေကို မတတ်ကျွျမ်း မနှံ့စပ်ပေမဲ့ လုစ်ကို ရန်ကုန်ကောလိပ် မြန်မာစာဌာနမှာ ပါမောက္ခ အဖြစ် ခန့်ထားပြန်ပါတယ်၊၊ ၁၉၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ထူထောင်ပြီးနောက်မှာ သမိုင်းဌာနသို့ ကူးပြောင်း လုပ်ကိုင်ခဲ့ပါတယ်၊၊ းအဲဒီလိုနဲ့ပဲ ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဖြစ်လာခဲ့ပါတယ ၁၉၃၁ ခုနှစ် သြဂုတ် လ မှာ သမိုင်းပါမောက္ခ လုစ်ဟာ ဗမာအစတကောင်းကကို တန်ပြန် ဖျက်တဲ့ ဗမာအစ ေအဒီ ၉ ရာစု ေကျာက်ဆည် အယူအဆလုပ်ဇာတ်စာကို အင်္ဂလိပ်လို ထုတ်ဝေတဲ့ Rangon Time သတင်းစာမှာ နှစ်ရက်ဆက်တိုက် ပုံနှိပ်ထည့်သွင်းဖော်ပြခဲ့ပါတယ်၊၊ လုစ်ဟာ ၁၉၃၁ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အတွင်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနကို ေခြကုပ်ယူပြီး သမိုင်း သုတေသန စာတမ်း အသစ်ရေးတိုင်း (အနည်းဆုံး စာတမ်း အသစ် ၅ စောင်)မှာ ဗမာအစဟာ ဘီစီေခတ်တကောင်းမဟုတ် ၊ ဗမာအစဟာ ေအဒီ ၉ ရာစု ကျောက်ဆည်၊ ဗမာဟာ သာကီမျိုး မဟုတ် ပျူမျိုးမဟုတ်၊ ဗမာဆိုတာ အေဒီ ၉ ရာစု ယူနန် နန်စောအောက် မနေချင်လို့ ကျောက်ဆည်သို့ ရှောင်ပြေးလာတဲ့ မန်အရိုင်းလူမျိုးစုပါ ဆိုတဲ့ ပုံပြင်လုပ်ဇာတ် အယူအဆကို အထောက် အထားမဲ့ မှန်မှန် ထည့်သွင်း ရေးသား စာတမ်းဖတ်ခဲ့ပြီး မျက်နှာဖြူတွေ ဦးစီးတဲ့ Journal of Burma Research Society ( JBRS, ဗမာသုတေသန အသင်း) ကပုံနှိပ်ထုတ်ဝေတဲ့ ဖတ်ကြားပြီး သုေတသန စာတမ်းပေါင်းချုပ် စာအုပ် ကြီးတွေထဲမှာ မှန်မှန် ထည့်သွင်းပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့ပတယ်၊၊ ပျူဟာ မြန််မာ ဗြဟ္မာ ဆိုတဲ့ ခေတ်ပြိုင် အထောက်အထားအများအပြားကို သိလျက် နဲ့ ဗလက်ဒင် နဲ့ လုစ် မေဖာ်ပြပဲထိန်ချန်ထားခဲ့ကြပြီး ပျူဟာ မြန်မာ မဟုတ်ဆိုတဲ့ အမှားသမိုင်းကို လုပ်ကြံထိုးထည့်ခဲ့ကြပါတယ်၊၊ တက္ကသိုလ် ဘွဲ့မရှိလို့ ပြင်သစ်နိုင်ငံမှာ ရာထူးကောင်း နေရာကောင်း မရနိုင်တဲ့ ပြင်သစ်လူမျိုး ချားဒူရွိုင်ဆယ်လ်ကတော့ သူ့ကို မြန်မာနိုင်ငံ အင်္ဂလိပ် ဘုရင်ခံ က ပေးသနားတဲ့ ရှေးဟောင်းသုတေသန ဌာနမှူး ရာထူးနဲ့ လစာ ကိုရယူခံစားပြီး ကိုလိုနီဝါဒီ အင်္ဂလိပ်တွေ အကြိုက် ဗမာအစ တကောင်းက သမိုင်းကို ကူညီ ဖျက်ပေး သလို ပျူဟာ မြန်မာမဟုတ် ဆိုတဲ့ လုပ်ဇာတ်ကို ကူညီ လုပ်ပေး၊ သံယောင်လိုက် ေပြာေပး ဖြန့်ပေးခဲ့ တဲ့ အင်္ဂလိပ်ပင်း ပြင်သစ်တဦးဖြစ်ပါတယ်၊၊ လုစ်ဟာ ကိုလိုနီ ေခတ်ရန်ကုန်တက္ကသိုလ် မှာ သမိုင်းပါမောက္ခ နေရာကို ရယူပြီး ပျူဟာ မြန်မာ မဟုတ်ဆိုတဲ့ သမိုင်းမှား မှိုင်းကို သူ့တပြည့် မြန်မာကျောင်းသားကျောင်းသူတွေ ထံ နားစွဲအောင် လက်ချာရိုက် သင်ကြားခဲ့ပါတယ်၊၊ ရှေးသု ဌာနမှူး ချားဒူရွိင်ဆယ်လ် ကတော့ ဗလက်ဒင်နဲ့ လုစ်ဖန်တီးတီထွင် ရေးသားပြောဆိုကြတဲ့ မြန်မာ သမိုင်းအမှားဖြစ်တဲ့ ပျူ ဟာ မြန်မာ မဟုတ်ဆိုတဲ့ လုပ်ကြံချက်ကို ရှေးသုဌာနထုတ် စာအုပ် စာတမ်းတွေမှာ ကူညီ ထောက်ပ့ံ ထည့်သွင်း ပုံနိပ် ဖော်ပြ ဖြန့်ချိပေးခဲ့ပါတယ်၊ ဘီအေ ဘွဲ့ရ မဆိုထားနဲ့ လွတ်လပ်ရေး ရပြီးခေတ် နိုင်ငံတော် အစိုးရက နိုင်ငံတော် ဘဏ်ဋ္ာငွေနဲ့ ပညာတော်သင်တွေ လွှတ်ကာ သမိုင်း မဟာဝိဇ္ဇာ MA ဘွဲ့ ၊ ပါရဂူ Phd. ဘွဲ့ တွေကို အနောက်တိုင်း တက္ကသိုလ် ကြီးတွေကနေ ထူးချွန် အောင်မြင် ရရှိခဲ့တဲ့ မြန်မာနိုင်ငံသား သမိုင်း ပညာရှင် အများစုတောင် လုစ်ကို ပြန်မပြောရဲ ပြိုင်မပြောရဲ ငယ်ကြောက် လို ဖြစ်နေခဲ့ကြတဲ့ လုစ်တပြည့်ေဟာင်းေတွ ဖြစ်တာ များတာေကြာင့် လုစ်ေပြာတဲ့ မြန်မာသမိုင်းအစ ျကျာက်ဆည် ဆိုတာကို အထောက်အထား ရှိ မရှိ မစစ်ဆေးကြပဲ မျက်ေစ့စုံမိှတ် လက်ခံယူခဲ့ကြပါတယ်၊၊ အဲဒီလို သမိုင်းဆရာ မျိုးေတွ လက်ချက်နဲ့ မဟုတ်က ဟုတ်က မြန်မာ သမိုင်းအမှားတွေဟာ မြန်မာစွယ်စုံကျမ်းထဲရောက်၊ ကျောင်းစာ သင်ရိုးညွှန်းတန်းထဲရောက် နဲ့ မေတာ်မတရားနေရာရခဲ့ ကြပါတယ်၊၊ မြန်မာစွယ်စုံကျမ်းနဲ့ ေကျာင်းသင်ရိုးညွှန်းတန်းထဲ မထည့်ခင်မှာ မြန်မာဟာ ပျူ မဟုတ် လို့ လုစ် ေပြာတာ အေထာက်အထားေတွမှန်ရဲ့လား၊ မငြင်ူနိုင်ေအာင် ခိုင်လုံရဲ့လား၊ မြန်မာအစ ကျောက်ဆည် အေဒီ ၉ ရာစုဆိုတာ အထောက်အထားမှန်ရှိရဲ့လား ခိုင်လုံရဲ့လားဆိုတာတွေကို စစ်ဆေး အတည်ပြုခြင်းသို့မဟုတ် ပယ်ခြင်းကို လုပ်ေဆာင်ကြရမှာကို မစစ်ေဆး မလုပ်ဆောင် ခဲ့ကြတဲ့ မြန်မာနိုင်ငံသားးသမိုင်းပညာရှင် သမိုင်းဆရာတွေဟာ (လုစ်တပြည့် ) တွေ များသလို သင်ရိုးညွှန်းတန်း ထဲထည့်ဖို့ လုပ်ပိုင်ခွင့် နေရာတွေကို လည်း ရရှိထားခဲ့ကြတော့ ပျူဟာ မြန်မာ မဟုတ်ဆိုတဲ့ အမှား၊ မြန်မာ အစ ကျောက်ဆည် အေဒီ ၉ ရာစု ဆိုတဲ့ အမှားတွေဟာ သင်ရိုးညွှန်းတန်းနဲ့ မြန်မာ့ စွယ်စုံ ကျမ်းထဲသို့ မထည့်သင့်ပဲ ထည့်သွင်းခံလိုက်ရပါတယ်၊၊#ပျူ
Burmeseမြန်မာလူမျိုး
Region: MM
Sunday 19 April 2026 14:19:59 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @burmese9696, please go to the Tikwm
homepage.