@.yan.gyi.aung: ငြိမ်းချမ်းရေး ============ " ငမျိုးရေ သမ္မတကြီးကတော့ ရက်တစ်ရာ စီမံကိန်း နဲ့ ငြိမ်းချမ်းရေး စကား ပြောလာပြီကွ အဲဒါ မင်းအမြင်လေး လုပ်ပါအုံး.... '' " ကွီးစိုးက အချွန်နဲ့ မပြန်ပြီ ကျုပ်ကို မိတ်ဆွေတယောက်ရဲ့ သားကပြောနေတယ် ဦးမျိုးဝင်း (ခေတ္တ ပြင်ပ). ပါလာတာလား တဲ့.. 😁😁'' " သြော် အခုမေးခွန်းနဲ့ ဘာဆိုင်လို့လဲ ကွ ငါတို့ သိချင်တာက အပြောတွေကနေ အလုပ်နဲ့ သက်သေပြနိုင်မလား သိချင်တာ '' " ကဲဗျာ ပထမဆုံး အစိုးရအဖွဲ့ကို လေ့လာကြည့် ဝန်ကြီးဟောင်း ၂၀ ပြန်ပါလာတယ် ၊ 35 % ပဲ ပြောင်းလဲတဲ့ သဘောရှိတယ် '' " ဒီတော့.....'' " အရင် ၅ နှစ်တာ ကာလတုန်းက နမူနာ လေးတွေပြောမယ် ၊ အဲဒီတုန်းက ကျနော်မှတ်မိနေတဲ့ တပ်ချုပ်ကြီးရဲ့ စီမံကိန်းတွေရှိတယ် ဆီထွက်သီးနှံ မြေပဲ နေကြာ နှမ်း စိုက်ဧက အပြည့် ရည်မှန်းအထွက်နှုံးအပြည့် ရအောင်စိုက်မယ်ဆိုရင် ပြည်ပက စားဆီ မဝယ်ရတော့ဘူး ဆိုပြီး စိုက်ဧက အပြည့်စိုက်ပါ အထွက်တိုးအောင် စနစ်တကျစိုက်ပါဆိုပြီး လုပ်ကြတယ် ။ ဆန် နဲ့ ဝါဂွမ်းလည်း အဲသလိုပဲ စီမံပြီး လုပ်ကြတယ် ။ တိုင်း / ပြည်နယ် ဝန်ကြီးချုပ်တွေ လယ်ကွက်ထဲက မထွက်ဘူး ၊ ပြည်ထောင်စုဝန်ကြီးတွေလည်း တောင်သူတွေဆီ တောက်လျှောက်သွားကြတယ် '' " တကယ်လုပ် အဟုတ်ဖြစ်ရမယ်ပေါ့ ကွာ '' " အဲဒါတော့ မသိဘူး ခုထိ စားအုန်းဆီ မချိမဆန့်ဝယ်နေရတုန်းပဲ ၊ အဝတ်အထည် နိုင်ငံခြားက သွင်းနေရတာ တနှစ်တနှစ် ကွန်တိန်နာတွေ ဆိပ်ကမ်းမှာ သွားရေကြည့်ပေတော့ '' " ဒါဆို မအောင်မြင်ဘူးပေါ့ '' " 2023 က လုပ်နေတာ သီးပင်သက်တမ်း ၄ လ လောက်အတွင်း သိနိုင်တယ်လေ ဟန်ကျရင် စားအုန်းဆီ ဘယ်ဝယ်နေရမလဲဗျ ဝါဂွမ်းက ပိုဆိုး သူ့ကို လိမ်နေပါတယ်လို့ အစည်းအဝေးမှာ ပြောတောင်သွားသေးတယ် '' " အင်း ဒါဆို ရက် ၁၀၀ စီမံကိန်းက.....'' " သမ္မတကြီးက ခိုင်းတော့ အတော်ခိုင်းတတ်တယ်ဗျ အားနည်းချက်က ခိုင်းပြီး တကယ်လုပ်နေကြသလား ၊ ရလာဒ်က အပေါင်းလက္ခဏာပြရဲ့လား ၊ မတိုးတက်ရင် ဘာပြုပြင်ရမလဲ ဆိုပြီး ကောင်တာချက် မလုပ်တာ အတော်ဆိုးတယ် အဲဒီအချက် ပြုပြင်အားထည့်ရင်တော့ မျှော်လင့်ချက် ရှိမှာပါ '' " ဟကောင် အဲလို လုပ်ရင် အောင်မြင်ရမှာ မဟုတ်ဖူးလား ကွ မျှော်လင့်ရုံပဲလား...? " " စဥ်းစားကြည့်လေ စာရင်းဇယားတွေနဲ့ လိမ်ခဲ့တဲ့ ဝန်ကြီးဌာနတွေက တကယ်လုပ်မှ အောင်မြင်မှာ မဟုတ်လား ဗျ ဒီတော့ သူတို့ မလိမ်မညာပဲ တကယ်လုပ်ပြီဆိုမှ အောင်မြင်မှာပေါ့ အရိုးရင့်ပြီး လိမ်ကျင့်စွဲနေရင် ထုံးစံအတိုင်း စာရွက်ပေါ်မှာ အောင်မြင်ပြီး မြေပြင်မှာ ခွပ်ခွပ်လန်နေအုံးမှာပဲ လေ '' " သူတို့လည်း တကယ်လုပ်ကြမှာပါကွာ '' " အင်းးးဆုတောင်းရတာပါပဲဗျာ အသက်တွေလည်း ကြီးလာပြီ ကြွေသီးလေးစားပြီး သက်တမ်းကုန်အောင် နေသွားမှ ဆိုတဲ့ မလုပ်မရှုပ်မပြုတ် မူနဲ့ အသားကျနေသော လူကြီးမင်းများကလည်း ဒီတချီတော့ တကယ်လုပ်မယ် အထက်ကလည်း တိတိကျကျ ကြီးကြပ်စီမံမယ် ဆိုရင်တော့ ပိုကောင်းမှာပါပဲ '' " မင်းကလည်းကွာ လွှတ်တော်ကလည်း စောင့်ကြပ်ထိမ်းကြောင်းမှာပါကွ '' " ရွေးကောက်ပွဲ ကတိတွေကို တရစပ်ပေးပြီး လွှတ်တော်ကနေ ထိမ်းကြောင်းမယ်လို့ ကြွေးကြော်နေတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗလ နဲ့ ဇ ကို စောင့်ကြည့်ရမယ်လေ... မြန်မာ့နိုင်ငံရေး လေ့လာရတာ ခရစ်စမတ် ထင်းရှူးပင်တွေချည်း တွေ့ရပါများနေလို့ ဂရုစိုက်ကြည့်နိုင်မှရယ်.... '' " ဘာလဲကွ ခရစ်စမတ် ထင်းရှူးပင် ဆိုတာ '' " အဖျားရှူးသွားလို့...'' " ထားတော့ ငြိမ်းချမ်းရေး ကရော '' " ပြည်သူအတော်များများက ငြိမ်းချမ်းရေးခေါ်တဲ့ အသံကို မကြားချင်တော့ဘူး အပြတ်ဆော်တဲ့ အသံပဲ ကြားချင်ကြတာ အမှန်ပဲ.... ဒါပေမယ့် အစိုးရအနေနဲ့ကြတော့ ငြိမ်းချမ်းရေးစကားက မရှိမဖြစ် ရေလဲသုံးနေရတဲ့ ၉၆ ပါး ဆေးတော်ကြီးပဲ ဒီတော့ ပြည်သူတွေ ဘယ်လောက်ဆဲဆဲ သူပုန်တွေ ဘယ်လောက်ပဲ လှောင်ပြောင်ပါစေ ပြောကို ပြောနေရမယ့် သဘောမို့ ဒါကို ထူးဆန်းမနေပါနဲ့ '' " NCA ထိုးထားသူရော မထိုးရသေးသူရော လာပါ လာပါ ခေါ်နေတာ အောင်မြင်ပါ့မလား ကွ '' " မုန့်ပြခေါ်လို့ လာရင်လည်း ခဏပဲ စားသောက်ကောင်းရုံလေး လာကြမှာ ဒီတော့ တုတ်ပြပြီး ဇောင်းထနေတဲ့ အဖွဲ့ ၃ / ၄ ဖွဲ့လောက် စိစိညက်ညက်ကြေအောင် ရက်ရက်စက်စက် လုပ်ပြလိုက် အခုလို ခေါ်စရာတောင်မလိုဘူး သူ့ဘာသာ လေးဘက်ထောက်လာကြလိမ့်မယ်.... '' " ဒါဆို တုတ်မပြပဲ လာရင်တောင် ဝိုင် / အရက်ကုန် စားစရာကုန် ပြည်သူ့ဘဏ္ဏာ ကုန်ရုံပဲ ရှိတာပေါ့ ဟုတ်လား.'' " တော်ပြီ ဆက်မမေးနဲ့တော့ ကျုပ်လည်း ဟိုကောင်ပြောသလို ခေတ္တပြင်ပ ဖြစ်နေအုံးမယ် '' က်ိုရွှေမျိုးဝင်း
🇲🇲🇲🇲🇲🇲လကျ်ာဘီလူး🏹🏹🏹🪂
Region: MM
Tuesday 21 April 2026 05:57:11 GMT
Music
Download
Comments
Daw Mar Mar Than :
ပြောပေးလို့ကျေးဇူးတင်ပါတယ်ကိုမျိုးရေ
2026-04-21 14:43:09
7
April🇲🇲🇲🇲🇲🇲 :
ရေးသားချက်အရမ်းကောင်းပါတယ်ရှင်လေးစားပါတယ်ရှင်
2026-04-21 07:58:41
19
sukinaruto2 :
ပြောတာတွေက ထိ မိ🥰🥰🥰
2026-04-21 13:15:39
4
Ko Myo :
ကိုရွှေမျိုးဝင်း ရဲ့စာတွေ မဖတ်ရတာကြာပြီးမတွေ့တော့ဘူး
2026-04-23 03:20:51
4
U Maung Oo :
2026-04-23 14:00:10
2
u soe khaing :
ကျနော်လဲအပြင်ထွက်နေတာဘဲကောင်းပါတယ်
2026-04-23 13:49:35
1
Ko Thu :
ေရးချက်ကောင်းတယ်
2026-04-22 04:48:09
3
ကြီးကြီးမော် :
အားပေးလျှက် ပါ
2026-04-23 14:17:59
1
Kyaw Kyaw :
လေးစားပါတယ်ကိုမျိုးဝင်းရေ
2026-04-22 04:30:53
3
အနော်ရထာ :
@အမှန်တွေပြောတာသိပ်ကို ၄ စားသွားပြီ🥰🥰🥰🥰
2026-04-23 05:43:35
2
toe :
Good post.Right post. Sir. Myo
2026-04-22 06:58:51
1
U Saw Lwin :
သိသာစွာ
ထင်ရှားစွာပြောင်းလဲမယ်လို့
ယုံကြည်နေမိပါတယ်။
2026-04-24 14:27:10
1
Myint Zu Thin :
ကိုမျိုးဝင်း ရေ ထာဝရပြင်ပဖြစ်နိုင်ပါစေ
မင်္ဂလာပါ ဗျာ
2026-05-04 03:33:14
1
lahlah :
SO. GOOD Consulting 🥰🥰🥰
2026-04-22 04:00:20
1
. :
@veryverygood
2026-04-24 08:05:05
1
SuSu :
အင်း🥰🥰🥰🥰🥰🥰🥰
2026-04-23 05:33:52
1
Khaing Wai :
good
2026-05-06 14:28:16
1
Soe Thander 🍀(1.8M) :
မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-04-22 02:02:51
4
Never Give Up :
အကြိုက်ဆုံး Post ပါပဲခင်ဗျာ။
အနုစားလည်းမဟုတ်သလို အကြမ်းစားလည်းမကျပဲ အလယ်အလတ်ကို Heart ထိအောင် ဖော်ပြသွားတာက Very Clever Man ဆိုတာ ပြသွားတယ်ဗျာ။
😁😁🤝🤝🤝👍👍👍🙏
2026-04-21 10:32:13
16
Min thant :
စိတ်သဘောခြင်းထပ်တူကြပါတယ်
2026-04-22 13:39:50
1
ချစ်လှစွာသောThu :
2026-04-21 12:13:32
1
Mg Mg :
ဒါက...ဒါပါဘဒ
2026-04-21 07:22:36
3
Aung Kyaw :
very good
2026-04-21 06:42:02
2
T💚T💚T💚💎💎💎 :
က
2026-04-21 09:04:34
1
thatzaw577 :
လေပါ
2026-04-21 06:08:38
1
To see more videos from user @.yan.gyi.aung, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.