@usermyh108: #ဘယ်လောက်ပဲ ခင်မင်ပါစေ ဒီစကား ၈ခွန်းကို တော့ မပြောပါနဲ့။ ပြောရင် ကိုယ့်အတွက် ဘာ အကျိုးမှ မရှိဘဲ အခန့်မသင့်ရင် ဒုက္ခရောက်စေ ပါတယ်။ တစ်သက်လုံး ရင်ထဲ သိမ်းထားရမယ့် အချက်တွေ ဖြစ်တယ်။ 1) အဆင်မပြေကြောင်း မညည်းပါနဲ့ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေ မညည်း ပြနဲ့။ ဆင်းရဲဒုက္ခတွေကို အလွယ်တကူ မပြောနဲ့။ မင်းညည်းပြလည်း ဒီအရာတွေ အဆင်ပြေသွား တာ မဟုတ်ဘူး။နောက်ပြီး လူတွေ လူ မင်းကို ကူညီ လိမ့်မယ် လို့ မမျှော်လင့်ပါနဲ့။ခက်ခဲတဲ့အချိန်မှာ ပို ပြီးသန်မာရ ပါတယ်။ 2) မင်းရဲ့အားနည်းချက်ကို မသိစေနဲ့ မင်းရဲ့အားနည်းချက်က ဘာလဲဆိုတာ မသိစေ နဲ့။ ယုံကြည်ပြီး ပြောလိုက်မှ ကိုယ့်နောက်ကျော ကို ယုံကြည်ပြီး နဲ့ထိုးသူ ဖြစ်နေတတ်တယ်။ဒီ အရာတွေကို အသုံးပြု ပြီး ကိုယ့်ကို အောက်ဆုံးထိရောက်အောင် ထိုးနှက် တတ်ကြတယ်။လူတွေရဲ့ စိတ်က သိပ်ကြောက်စရာကောင်းပါတယ် 3) မင်းရဲ့အိမ်တွင်းရေးကို မပြောပြနဲ့ ဒီအချက် အတော် အရေးကြီးတယ်။အိမ်မှာ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေ။ အများရှေ့မှာ အဆင်ပြေတဲ့ပုံ ပြရတယ်။အိမ်မှာ ဖြစ် ခဲ့သမျှ အတွင်းကျကျ အကုန်မပြောရဘူး။ အိမ်တွင်းရေးနဲ့ပတ်သက်ပြီး ရင်မဖွင့်ပါနဲ့။လူတွေ ရဲ့ ဟားတိုက်လှောင်ပြောင်ခြင်းပဲ ခံရလိမ့်မယ်။4) ကိုယ့်စီးပွါးရေးလမ်းကြောင်း အကုန်မပြောပါနဲ့ လူ့စိတ်ဆိုတာ မနာလိုဖို့ အလွယ်ဆုံးပဲ။ ဝေမျှ ပြော ပြလို့ရတယ်။ဒါပေမယ့် အကုန်မပြော ရဘူး။မထင် ရင် ကိုယ့်လမ်းကြောင်းကို ပိတ်တတ် တယ်။ ကိုယ့် အတွက် အသက်ရှင်လမ်း ချန်ထားရတယ်။ 5) အတင်းမပြောနဲ့ လူတွေ ကောင်းကောင်းဆိုးဆိုး အတင်းမပြောပါ နဲ့။ မဝေဖန်ပါနဲ့။အတင်းပြောမယ့်အစား ကိုယ့်ဘဝ တိုးတက်ရေးကိုပဲ အာရုံစိုက်ပါ။လုပ်ဆောင်ပါ။ အတင်းပြောခြင်းက စိတ်အကြည်ဓာတ် ပျောက် စေ တယ်။ လူတွေ ကောင်းလည်း ကိုယ်နဲ့မဆိုင်သလို လူတွေ မကောင်းလည်း ကိုယ်နဲ့မဆိုင်ပါ။ကိုယ့်လမ်းကို လျှောက်။ကိုယ့် အလုပ်ကို လုပ်ပါ။ 6) စကားပြောတာ သတိထားပါ ပါးစပ်ပါတိုင်း ပြောရတာမဟုတ်ဘူး။စကားဆိုတာ ပြောသင့် မပြောသင့်ရှိပါသေးတယ်။ ပါးစပ်စည်း စောင့်ပါ ပြောရင် ပိုမှန်ပါတယ်။စကားနည်းလေ အမှားနည်းလေ။များ များနားထောင်ပြီး နည်းနည်း ပြောပါ။ 7) ကြွားဝါခြင်း မလုပ်နဲ့ ကိုယ့်မှာ ဘယ်လောက်ရှိကြောင်း၊ ဘယ်လောက် သုံးနိုင်ကြောင်း မပြောရဘူး။မကြွားရဘူး။ တကယ်ရှိတဲ့လူတွေက မကြွားတတ်ဘူး။ကိုယ့်မှာ ရှိရင်လည်း တိတ်တိတ်နေပါ။ကိုယ့်မှာ မရှိလည်း တိတ်တိတ်လေး နေပါ။ဒါအကောင်းဆုံး ဘဝနေထိုင်နည်းပါ 8) အချိန်မီ နောက်ပြန်လှည့်ပါ လျှောက်တဲ့လမ်း မှားနေတယ်သိရင် ချက်ချင်း နောက်ပြန်လှည့်ပါ။ ပေကပ်ပြီး အဆုံးထိ မ လျှောက်ရဘူး။မှားချစ်မိရင် ကိုယ့်မေတ္တာတွေကို အချိန်မီ ပြန်လည်ရုတ်သိမ်းပြီး နောက်ကို ခြေလှမ်း တစ်လှမ်း ဆုတ်ပြီး ပြန်လှည့် ထွက်ပါ။
Mya yin hein
Region: MM
Monday 01 June 2026 15:43:19 GMT
Music
Download
Comments
Theint Theint Aye :
သိပ်မှန်တဲ့စကားတွေ အကုန်မှန်တယ် ကိုယ်တိုင်လဲ ခံစားဖူးတယ်
2026-06-02 17:37:31
22
kyaweyoonmay :
စာသား လေး ချ ပေးပါလားရှင် အရမ်းကြိုက်လို့ပါ
2026-06-07 14:21:22
3
YE Min Htet :
ကျေးဇူတင်ပါတယ်
2026-06-02 13:23:42
4
Nway. Nway.Khaing🥰🥰🥰 :
ဟုတ်ကဲ့ပါမှတ်သားထားပါ့မယ်နော်
2026-06-08 11:11:02
5
Min13914 :
မှားချစ်မိမှန်းဘယ်လိုသိနိုင်မှာလဲဗျာ🥺🥺🥺
2026-06-20 11:00:00
0
P🌻 :
တန်ဖိုးရှိတဲ့စာသားလေးပါဗျ🥰🥰
2026-06-08 06:46:10
6
Ko Chit :
ကောင်းမှကောင်း အကျိုးရှိတဲ့ စာသားလေးတွေ
တင်ပေးလို့ အောင်မြင်ပါစေ👍
2026-06-04 10:51:53
7
မောင်ငမဲ💩🫥🖤 :
လူတေကိုမပြောပြပါဘူးဗျာ aiကိုပဲပြောပြတာ🙂🙂
2026-06-04 14:39:44
2
တင်ကြည့်မယ်နော် ပင်းတယ :
ကျေးဇူးပါ၏👍
2026-06-02 10:02:59
1
EDDIE :
၈ချက်လုံးပြောမိသွားပြီဗျ ပြန်ပြင်လို့ရသေးလား😂
2026-06-11 03:51:00
0
Saw Phoe Khar :
ကျေးဇူးပါဗျ
2026-06-02 06:06:58
1
Su Myat Naing :
တန်ဖိုးရှိတဲ့စာသားလေးတွေပါ🥰🥰🥰
2026-06-07 15:45:02
5
Nan Shwe :
စာသားလေးချပေးလို့ရမလာဟမ်
2026-06-16 02:59:06
1
AUNG ZA BU fan💃Nu✌ :
တန်းဖိုးရှိလိုက်တဲ့စာသားလေးပါ
2026-06-20 00:45:15
2
🥰ဇံ🥰 :
စာသာတွေကအရမ်ကောင်ပါတယ်ဗဟုသုတရတာပေါ့ကျေဇူးတင်ပါတယ်
2026-06-07 10:26:57
2
Love me :
တန်ဖိုးရှိတဲ့စကားလေးတွေဗျာ
2026-06-10 12:54:43
3
မောင်အေ :
ကျေးဇူးပါဗျာ😇🙏
2026-06-03 01:14:40
2
❤💙💜Naw san win htwe 💖💝💙 :
မှတ်သားထားပါမယ်🥰🥰🥰
2026-06-08 15:48:02
1
☘︎🍂🅐︎🅨︎🅔︎🍂☘︎ :
အရမ်းကောင်းတဲ့စာသားတေမှတ်သားထိုက်တယ်အခုလိုသိရအောင်တင်ပေးတဲ့အကောက်ပိုင်ရှင်ကျမ်းမာချမ်းသာပါစေနော်သိမှတ်ဖွယ်ရာတေလည်းများများတင်ပေးနိုင်ပါစေ♥️
2026-06-07 12:59:56
2
ဇော် :
အနစ်သာရရှိပါဗိ👍👍👍👍
2026-06-08 12:45:36
1
TjTj :
@ချိုသာယဥ်ကျေးမှန်ကန်ရေးဆိုရေးတတ်ပါစေ👍👍👍👍
2026-06-07 21:11:40
2
ဇလပ်နွယ် :
မှတ်သာစရားတွေမို့မှတ်သာထာပါမယ်🤗🥰
2026-06-10 14:22:20
1
NanSu :
ကျေးဇူးပါမှတ်သာစရာပါနောက်ဆိုများများတင်ပေးပါအုံးနော်ကျေးဇူးပါ
2026-06-11 14:53:11
1
☘️Thae Su Aung☘️ :
ကျေးဇူးပါ
2026-06-03 17:06:25
1
ဝမ်နည်လွယ်တဲ့မယမုံး :
အရမ်နာထောင်သင်တဲ့စာသာတွေပါ
2026-06-07 21:44:49
1
To see more videos from user @usermyh108, please go to the Tikwm
homepage.