@angel.cm333:

🐰🍆🔪Angel MC🔪🍆🐰
🐰🍆🔪Angel MC🔪🍆🐰
Open In TikTok:
Region: US
Saturday 13 June 2026 03:01:20 GMT
326
11
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @angel.cm333, please go to the Tikwm homepage.

Other Videos

ချစ်ရတာ နာကျင်လာရင် ဒါမှမဟုတ် ငြီးငွေ့လာရင် ချစ်နည်းကိုပဲ ပြောင်းလဲလိုက်ပါ၊ အနားမှာရှိတဲ့ ချစ် ရသူကိုတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အ သက်နဲ့ရင်းပြီး တကယ်ရင်ထဲကနေ သံယောဇဉ်ကြီး ကြီးနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတဲ့သူတစ်ယောက်တော့  အနည်းဆုံး ရှိဖူးကြလိမ့်မယ်။ အဲ့လိုလူမျိုးနဲ့ ဆုံတွေ့ ခွင့်ရတဲ့အခါ မိမိအပိုင်ဖြစ်လာအောင်၊ ကိုယ့်ဘဝထဲ ခေါ်ဆောင်လာနိုင်အောင် ရုန်းကန်ကြိုးစားကြတာ သဘာဝပါပဲ။ တကယ်လို့များ ကိုယ်အသက်ထက် မက ချစ်ရတဲ့သူက ကိုယ့်အပိုင် ဖြစ်လာခဲ့ပြီဆိုရင် အရင် နေ့ရက်တွေထက် ပိုပြီးတော့ပဲ ဂရုစိုက်ချစ် ပေးကြမှာ အသေအချာပါပဲ။သူ့အပေါ်ထားတဲ့ ကိုယ့် ရဲ့အချစ်တွေက တကယ်ကို ဖြူစင်ပါတယ်၊ ဘာမျှော် လင့်ချက်မှမပါဘဲ တကယ်လည်း ရူးရူးမူးမူးချစ်ခဲ့ တာပါ။ ဒါပေမယ့် အချစ်က ဘယ်လောက်ပဲဖြူစင် ပါစေ အချိန်တွေ ကြာလာတဲ့အခါ၊ နေ့ရက်တွေ ရိုး အီလာတဲ့အခါတစ်ခါတစ်လေ သူ့ကိုချစ်ရတာ နာ ကျင်တယ်လို့ ခံစားရတာမျိုး၊ တစ်ခါတစ်လေ ဒီ Relationship ကြီးက စိတ်ညစ်စရာကောင်းပြီး မွန်း ကျပ်ဖို့ကောင်းတယ်ဆိုပြီး ငြီးငွေ့မိသွားတာမျိုးဟာ လူတိုင်း ကြုံဖူးကြမှာပါ။ အဲ့ဒီအခါ
ချစ်ရတာ နာကျင်လာရင် ဒါမှမဟုတ် ငြီးငွေ့လာရင် ချစ်နည်းကိုပဲ ပြောင်းလဲလိုက်ပါ၊ အနားမှာရှိတဲ့ ချစ် ရသူကိုတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အ သက်နဲ့ရင်းပြီး တကယ်ရင်ထဲကနေ သံယောဇဉ်ကြီး ကြီးနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတဲ့သူတစ်ယောက်တော့ အနည်းဆုံး ရှိဖူးကြလိမ့်မယ်။ အဲ့လိုလူမျိုးနဲ့ ဆုံတွေ့ ခွင့်ရတဲ့အခါ မိမိအပိုင်ဖြစ်လာအောင်၊ ကိုယ့်ဘဝထဲ ခေါ်ဆောင်လာနိုင်အောင် ရုန်းကန်ကြိုးစားကြတာ သဘာဝပါပဲ။ တကယ်လို့များ ကိုယ်အသက်ထက် မက ချစ်ရတဲ့သူက ကိုယ့်အပိုင် ဖြစ်လာခဲ့ပြီဆိုရင် အရင် နေ့ရက်တွေထက် ပိုပြီးတော့ပဲ ဂရုစိုက်ချစ် ပေးကြမှာ အသေအချာပါပဲ။သူ့အပေါ်ထားတဲ့ ကိုယ့် ရဲ့အချစ်တွေက တကယ်ကို ဖြူစင်ပါတယ်၊ ဘာမျှော် လင့်ချက်မှမပါဘဲ တကယ်လည်း ရူးရူးမူးမူးချစ်ခဲ့ တာပါ။ ဒါပေမယ့် အချစ်က ဘယ်လောက်ပဲဖြူစင် ပါစေ အချိန်တွေ ကြာလာတဲ့အခါ၊ နေ့ရက်တွေ ရိုး အီလာတဲ့အခါတစ်ခါတစ်လေ သူ့ကိုချစ်ရတာ နာ ကျင်တယ်လို့ ခံစားရတာမျိုး၊ တစ်ခါတစ်လေ ဒီ Relationship ကြီးက စိတ်ညစ်စရာကောင်းပြီး မွန်း ကျပ်ဖို့ကောင်းတယ်ဆိုပြီး ငြီးငွေ့မိသွားတာမျိုးဟာ လူတိုင်း ကြုံဖူးကြမှာပါ။ အဲ့ဒီအခါ "ငါ သူ့ကို မချစ် နိုင်တော့ဘူးထင်တယ်" ဆိုတဲ့ စိတ်အလိုကိုလိုက်ပြီး ကိုယ့်လက်ကိုတွဲထားတဲ့ ချစ်ရသူကို လက်လွှတ် လိုက်တာမျိုး၊ အစားထိုးလိုက်တာမျိုး လုံးဝမလုပ် ပါနဲ့။ လူနှစ်ယောက်အချိန်အကြာကြီးတွဲလာတဲ့အခါ ဒီလိုအချိုးအကွေ့မျိုး၊ ဒီလို ခံစားချက်မျိုးက သဘာ ဝအတိုင်း ဖြစ်လာစမြဲပါ။ တကယ်တော့ ကိုယ်က သူ့ကို အရမ်းချစ်လွန်းလို့၊ ဆုံးရှုံးရမှာ ကြောက်လွန်း လို့သာ သူနဲ့ပတ်သက်သမျှ သေးသေးမွှားမွှားလေး ကအစ ကိုယ့်အတွက် တွေးစရာတွေ ဖြစ်လာရတာ။ "သူ ဘာလို့ စာမပြန်တာလဲ တခြားသူနဲ့ ပြောနေလို့ လား"၊ "သူ ဘာလို့ အရင်လို မအားရတာလဲ... ငါ့ ကိုပဲ ဂရုမစိုက်တော့တာလား" ဆိုပြီး နောက််ထပ် အဆုံးမရှိတဲ့ သံသယအတွေးပေါင်းများစွာနဲ့ပေါ့။ အထူးသဖြင့် အတွေးလွန်တတ်တဲ့ Overthinking သမားတွေဆိုရင် ဒီဒဏ်ကို ပိုပြီး ခံစားရပါတယ်။ ဒီလို သံသယတွေ၊ စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်တွေးတော ရင်း အချိန်ကြာလာတဲ့အခါ အဲ့ဒီအတွေးတွေကပဲ ရင်ထဲမှာ အနည်ထိုင်ပြည့်နှက်လာပြီး "သူ့ကိုချစ်ရ တာ နာကျင်လိုက်တာ၊ ပင်ပန်းလိုက်တာ" ဆိုပြီး အထီးကျန်မှုတွေ ဖြစ်လာတော့တာပါပဲ။ အဲ့ဒီအချိန် ကျရင် ကျွန်တော်တို့ကချစ်ရသူကို ပြောင်းလဲပစ်ဖို့ မကြိုးစားဘဲ၊ ကိုယ့်ရဲ့"ချစ်နည်း" ကိုပဲ အေးအေး ချမ်းချမ်းလေး ပြောင်းလဲပြီး ချစ်ကြည့်ကြရအောင်။ "မတွေးနဲ့" လို့ ပြောလည်း ချစ်နေသရွေ့တော့ တွေး မိနေဦးမှာပါပဲ။ တွေးပါ... ဒါပေမယ့် ဘယ်လိုအခြေ အနေမျိုးပဲဖြစ်ဖြစ် အဆိုးမြင်မယ့်အစား အကောင်း ဘက်ကနေ လှည့်တွေးပေးကြည့်ပါ။ မတင်မကျဖြစ် ပြီး ရင်မောနေမယ့်အစား တစ်ခုခုဆိုရင် ပွင့်ပွင့်လင်း လင်း ပြောပြပြီး ရင်ဖွင့်တိုင်ပင်ပါ။ ပြီးရင် သံသယ တွေ အကုန်လုံးကို ဘေးချိတ်၊ အေးအေးချမ်းချမ်း လေးနဲ့ အပြန်အလှန် ယုံကြည်မှုအပြည့်နဲ့ ပြန်ချစ် ကြည့်ကြမလား။ ဒီနေရာမှာ "ချစ်ရသူကိုမပြောင်း နဲ့" ဆိုတာက တစ်ဖက်လူက ကိုယ့်ကို တမင်သက် သက် နာကျင်အောင်လုပ်နေတာပဲဖြစ်ဖြစ်၊ သစ္စာ ဖောက် ဖောက်ပြန်သွားတာပဲဖြစ်ဖြစ် အဲ့လိုလူမျိုး ကို အသေအလဲ ဆက်ဖက်တွယ်ထားဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ချစ်သူက ကိုယ့်အနားမှာ ရှိ နေပေးပြီး ကိုယ့်ကိုလည်း အချစ်တွေ ပေးနေပါ လျက်နဲ့... ကိုယ့်ရဲ့ မလုံခြုံတဲ့အတွေးတွေ၊ အတ္တတွေ ကပဲ ကိုယ့်ကိုပြန်ပြီး နာကျင်အောင်နှိပ်စက်နေတာ မျိုးဆိုရင်တော့...ကျွန်တော်တို့ဟာ တစ်ဖက်လူကို အပြစ်တင် စိတ်ကောက်မယ့်အစား၊ မိမိရဲ့ ချစ်နည်း အမှားလေးတွေကို ပြန်ပြင်ပြီး တစ်ခါလောက်ပဲ အ သစ်ကပြန်စတဲ့အလား နားလည်မှုအပြည့်နဲ့ ပြောင်း လဲချစ်ကြည့်လိုက်ကြရအောင်။ချစ်ရတာ နာကျင် လာရင် ချစ်နည်းပြောင်းပါ ချစ်ရသူကို မပြောင်း လိုက်ပါနဲ့” #စာတို #စာရှည် #feelings #feel #feel

About