@thu123038: လူကောင်းတွေက ပင်ပန်းရပါတယ် ။ သူများကို ထိခိုက်မိမှာစိုးလို့ စကားကိုရွေးချယ် ထိန်းသိမ်းပြီး ပြောတတ်သူတွေက … စည်းလွှတ်ဘောင် လွှတ် ပြောတတ်သူနဲ့ကျ စိတ်မကောင်းဖြစ်ရတယ် ။ ဖြည့်တွေးပြီး ခွင့်လွှတ်တတ်သူက … ကိုယ့်အပြစ်ဆို အကြီးကြီးလုပ်ပစ်သူနဲ့ ဆုံရတော့ ဝမ်းနည်းရပြန်တယ် ။ ကူညီလိုက်လို့ ကိုယ်တိုင် ကြပ်တည်းခဲ့ရပေမဲ့လည်း ... စေတနာကို ကျေးဇူးကန်းပြန်တော့ နာကျင်ရတာပေါ့ ။ ဒီလိုနဲ့ပဲ ကိုယ်ချင်းစာတတ်တဲ့စိတ်က မတန်သူတွေနဲ့ တွေ့တဲ့အခါ စိတ်ထိခိုက်စရာတွေ ဖြစ်ကုန်ရောပဲ ။ ဒါကြောင့်မို့ သူတို့နဲ့တန်တဲ့အတိုင်း မှန်တစ်ချပ်လို့ နေတော့မယ် ... အသွားပြန်ရှိမှ စေတနာထားမယ်ဆိုတဲ့ စိတ်မျိုး မွေးတော့မယ်လို့ ဆုံးဖြတ်ပြန်တော့လည်း မဟုတ်သေးဘူး အဲ့တာက ကိုယ်ပုံစံ မဟုတ်ပြန်ဘူး ။ ဒါကြောင့် မပေးနိုင်ရင် အစတည်းက မပေးပဲ ပေးပြီးရင် မမျှော်လင့်တဲ့ စိတ်နဲ့သာ နေဖြစ်တော့တယ် ။ ကိုယ်ပေးနိုင်တဲ့ မေတ္တာနဲ့ပဲ နွေးအောင်နေဖို့ ရွေးချယ်မိတယ် ။ တစ်ခါတလေတော့လည်း ထိခိုက်ရတာပေါ့ ။ကိုယ်ကကောင်းပေးရသလောက် ကိုယ့်အပေါ် လုပ်ရက်ကြလည်း စေတနာက မပျက်သုန်းပါဘူး ။ တစ်နေ့ကျရင်တော့ သူတို့လည်း ကိုယ့်အပေါ် ဆက်ဆံခဲ့တဲ့ ပုံစံတွေ ပြန်မှတ်မိလာမှာပါ ... မေတ္တာက အလွယ်မရဘူးဆိုတာ သိလာတဲ့အခါမှာပေါ့ ။ အမြဲတမ်း စစ်မှန်ခဲ့တဲ့ကိုယ်က နှစ်ခြိုက်စွာအိပ်စက် နိုင်တဲ့အခါ ၊ သူကတော့ သူကိုယ့်အပေါ် ဆက်ဆံခဲ့တဲ့ ပုံစံတွေ မှတ်မိပြီး သူ့ ဥ သူ့ ညတွေမှာ ကောင်းကောင်းအိပ်နိုင် ပါ့မလားပဲ စိတ်မကောင်းစွာ တွေးမိပါတယ် ကိုယ်တိုင်လည်း တစ်နေ့ကျရင်တော့ ကိုယ်ဖြတ်သန်းခဲ့ တဲ့ ပုံစံတွေကို ပြန်သုံးသပ်မိလာမယ်ထင်တယ် ။ အဲချိန်ကျရင်တော့ နောင်တရစရာမရှိတဲ့ ရှင်သန်နည်း နဲ့ နေထိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိနေမှာပါ ။ ဒါ ကြောင့်မို့ နာကျင်နေလည်း စိတ်ကောင်းထားဖို့သာ ရွေးချယ်ပါတယ် ။ ပုထုဇဉ်ရယ်မို့ ဒေါသထွက်တတ်ပေ မဲ့လည်း ပြန်မယုတ်မာဖို့သာ သတိကပ်တယ် ။ အရာရာ လွန်မြောက်တဲ့အခါ ၊ ရေစက်ဖြစ်ဖြစ် ဝဋ်ကြွေးဖြစ်ဖြစ် ကုန်သွားလို့ ဝေးသွားတဲ့အခါ ကိုယ်ကတော့ ကိုယ့်ဘဝ ထဲ လိပ်ပြာလုံစွာ ရှေ့ဆက်သွားမှာပါ ။ အခုချိန်မှာတော့ ... လူတွေကြောင့် စိတ်ပင်ပန်းရတိုင်း ကိုယ်က လူကောင်းတစ်ယောက်ဖြစ်ဖို့ ရွေးချယ်ခဲ့တာ ကိုး .... ဆိုတဲ့ စိတ်နဲ့ပဲ ဖြေသိမ့်ရပါတယ် ။ Crd TharHtwe စိတ်အနာတရတို့လွန်မြောက်ရာ စာအုပ်မှ #crdစာသား #fypシ
𝐌𝐎𝐇 𝐌𝐎𝐇🌟❄️
Region: MM
Sunday 14 June 2026 03:13:42 GMT
Music
Download
Comments
🥭🥑🍅🍒Daw May M M 🍓🍎🍇 :
copy ယူပါရစေ ပြန်တင်ခွင့်လဲပေး ပါဗျ🥰🥰🥰
2026-06-27 02:00:07
1
Ko Ko Lin Mg :
မှန်လိုက်တာကိုယ့်စေသနာတွေကိုနားမလည်တဲ့လူတွေနဲ့လည်းပင်ပန်းလိုက်တာ
2026-06-27 02:52:50
1
zinzin :
စာသားလေး ကော်ပီချပေးပါလားရှင့်🥰🥰
2026-06-27 02:39:41
1
သမီးလေးဖူးဖူးရဲ့မေမေ :
🙏🙏🙏🥰🥰🥰ကျမစိတ်နဲ့ကိုက်ညီနေလို့ပြန်တင်ခွင့်ပြာပါရှင်
2026-06-26 08:39:37
2
Helna မေမေ💕 :
စာသားလေးပေးပါရှင့်
2026-06-26 16:49:11
1
hsuyi693 :
ပြန်တင်ပါရစေ🥰
2026-06-27 00:13:32
1
ဆင်ကယ်mother :
ပြန်တင်ခွင့်ပြုပါ
2026-06-26 03:30:42
1
Thin Zar :
ပြန်တင်ပါရစေ
2026-06-26 06:53:04
1
မေမေ့ရဲ့ချစ်မဝလေး😘😘 :
ပြန်တင်ခွင့်ပြုပါနော်
2026-06-25 16:15:42
1
Nan🐬🐬 :
ပြန်တင်ပါရစနော်
2026-06-25 12:59:25
1
Moe :
ပြန်တင်ပါစေရှင့်
2026-06-26 03:57:54
1
thin :
အမှန်ပဲ
2026-06-26 14:39:36
1
သမီးလေးမေမေ :
ပြန်တက်ခွင့်ပြုပါ
2026-06-25 14:55:22
1
Phyo Ei Ei Mon :
ပြန်တင်ပါရစေ
2026-06-26 12:52:03
1
နိုင်းဧကရီ🍃ကွမ်းယာ 🍃 :
စာသားလေး ချပေးပါလားရှင့် 🥰
2026-06-22 02:39:34
1
မေလေးအိမ်ခြံမြေအကျိုးဆောင် :
အမှန်ဘယ်
2026-06-26 01:28:22
1
🥰Shar မား 🥰 :
မှန်တာပေါ့ဗျ🥺
2026-06-26 10:31:37
1
ဆည်းဆာမေ :
ပြန်တင်ခွင့်ပြုပါ
2026-06-26 19:18:14
1
💞💞MaChay💞💞 :
ပြန်တင်ခွင့်ပြုပါနော်🥰
2026-06-26 16:53:08
1
Ei Chaw :
စာသားလေး ကော်ပီချပေးပါလား
2026-06-26 12:37:12
2
poe poe :
ပြန်တင်ခွင့်ပြုပါ🥰🥰🥰
2026-06-26 13:07:02
1
Moe Thandar Oo :
ပြန်တင်ခွင့်ပြုပါ
2026-06-27 00:55:52
1
😍😍 thae thae .HAND°MADE.SHOP :
သူ့အကြောင်းကိုယ့်အကြောင်းပေါ့ .
2026-06-27 00:28:06
1
Thu.Kha.Thu.Kha :
ပြန်ကူးပါရစေ
2026-06-27 02:16:18
1
หอยทาก จะลากใส้ :
ပြန်တင်ပရစေကြိုက်တယ်စိတ်ချင်းတူနေလို့ပါ
2026-06-26 14:44:30
1
To see more videos from user @thu123038, please go to the Tikwm
homepage.