@d_o_y_e_n: مكاين والو الأرجنتين #تيم_السنافر💚🖤 #تيم_بلايلي🇩🇿 #algerie

كلوبيستي
كلوبيستي
Open In TikTok:
Region: DZ
Monday 15 June 2026 12:36:27 GMT
249
28
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @d_o_y_e_n, please go to the Tikwm homepage.

Other Videos

ကုန်ကျစရိတ်နဲ့ သတ်မှတ်ချက်တွေကြား CI လုပ်ဖို့ အခက်တွေ့နေတဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က ဖွင့်လှစ်ထားတဲ့ CI ခေါ်  မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity) ထုတ်ပေးရေးစခန်းမှာ စာအုပ်လာလုပ်တဲ့သူ တစ်ယောက်မှ မရှိတာကို တွေ့မြင်ရပါတယ်။  လျှောက်ထားသူတွေဟာ အခြေခံလုပ်ခလစာ ၃ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ထားကြောင်းနဲ့ ဝင်ငွေခွန်ဆောင်ထားကြောင်း အထောက်အထားတွေ တင်ပြရမှာဖြစ်ပြီး ငွေလွှဲပြေစာပြသဖို့ အခက်အခဲရှိနေကြတယ်လို့ စင်တာက ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိစေဖို့ ဆောင်ရွက်တာလို့ ပြောဆိုထားပေမဲ့ အခကြေးငွေကောက်ခံမှုတွေအပေါ် အလုပ်သမားအရေး လှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ CI အတွက် တရားဝင်စာရွက်စာတမ်းကြေးဟာ ဘတ် ၂,၆၆၀ ဖြစ်ပေမဲ့ ပွဲစားခနဲ့ အခြားကုန်ကျစရိတ်တွေပါ ထည့်တွက်ရင် ဘတ် ၅,၀၀၀ ကျော်အထိ ကုန်ကျတယ်လို့ မြန်မာအလုပ်သမားတွေက ဆိုပါတယ်။  ပန်းရောင်ကတ်အသစ် လုပ်ထားတဲ့ မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးရေးစခန်း ၄ ခုနဲ့ မိုဘိုင်းစခန်း ၁ ခုကို အောက်တိုဘာ ၁၄ ရက်ကစပြီး ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတာပါ။  	 တစ်ဖက်မှာလည်း CI လုပ်ငန်းစဉ်ကတစ်ဆင့် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်တပ်လက်ထဲရောက်ပြီး နိုင်ငံရေးအရ အသုံးချခံရနိုင်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတွေက အောက်တိုဘာ ၁၈ ရက်ကစပြီး CI မလုပ်ရေး၊ စင်တာတွေကို မသွားရောက်ရေး လှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေကြပါတယ်။ ကိုလှိုင်း/ Myanmar Now

About