@orianamedina47: 🇦🇷✨✨#mess #argentina🇦🇷 #🇦🇷🇦🇷 #campeondelmundo🇦🇷

Oriana Medina
Oriana Medina
Open In TikTok:
Region: VE
Wednesday 17 June 2026 02:50:25 GMT
299
44
2
0

Music

Download

Comments

cass3j
cassiani :
2026-06-17 03:46:31
0
To see more videos from user @orianamedina47, please go to the Tikwm homepage.

Other Videos

🎂ဒီနေ့ဟာ ကျွန်မရဲ့ အသက် (၂၃) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။👩‍🦽‍➡️ကျွန်မWheelchair ပေါ် ရောက်သွားခဲ့တဲ့ အကြောင်းရင်းကတော့ လူဖြစ်နည်းပြီး အရှင်းပျောက်ကင်းအောင် ကုသလို့မရတဲ့ ရှားပါးရောဂါ 'Autonomic Ganglion Dysfunction'(ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းပြီး အလိုအလျောက် အာရုံကြောစနစ် ထိခိုက်တဲ့ရောဂါ) ကြောင့်ပဲ ဖြစ်ပါတယ်။ဒီရှားပါးရောဂါအကြောင်းကို သိချင်ရင်စုစုပေါင်း အပိုင်း (၃) ပိုင်းခွဲပြီး တင်ပေးထားတာ ရှိပါတယ်။ ကျွန်မရဲ့ TikTok အကောင့်ဖြစ်တဲ့ *Sunone - Digital* မှာရော၊ Facebook Page *Mi Seik Mon (Thansamai)* မှာပါ ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
🎂ဒီနေ့ဟာ ကျွန်မရဲ့ အသက် (၂၃) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။👩‍🦽‍➡️ကျွန်မWheelchair ပေါ် ရောက်သွားခဲ့တဲ့ အကြောင်းရင်းကတော့ လူဖြစ်နည်းပြီး အရှင်းပျောက်ကင်းအောင် ကုသလို့မရတဲ့ ရှားပါးရောဂါ 'Autonomic Ganglion Dysfunction'(ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းပြီး အလိုအလျောက် အာရုံကြောစနစ် ထိခိုက်တဲ့ရောဂါ) ကြောင့်ပဲ ဖြစ်ပါတယ်။ဒီရှားပါးရောဂါအကြောင်းကို သိချင်ရင်စုစုပေါင်း အပိုင်း (၃) ပိုင်းခွဲပြီး တင်ပေးထားတာ ရှိပါတယ်။ ကျွန်မရဲ့ TikTok အကောင့်ဖြစ်တဲ့ *Sunone - Digital* မှာရော၊ Facebook Page *Mi Seik Mon (Thansamai)* မှာပါ ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ "Google မှာရှာတာတော့ ဒီရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အထူးရှားပါးတဲ့ ရောဂါတစ်ခုဖြစ်တယ်။"လို့အဖြေထွက်ပါတယ်။ ပြဿနာတွေနှင့်နာကျင်မှုတွေကြားမှာ ပျော်ရွှင်ရတဲ့ အချိန်တွေ နည်းပါးခဲ့ပေမဲ့... ရလာတဲ့ အချိန်လေးတိုင်းမှာတော့ အကောင်းဆုံး ပျော်ရွှင်အောင် ကြိုးစားပြီး ရှင်သန်ပါတယ်။ ဒီနာကျင်မှုတွေနဲ့ ဖြတ်သန်းလာခဲ့ရတာ အခုဆိုရင် (၃) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ကုသနည်းပေါင်းစုံနဲ့ အရှုံးမပေးဘဲ ကြိုးစားနေဆဲပါ။အခုအချိန်မှာ ကျွန်မ အလိုချင်ဆုံး မွေးနေ့ဆုကတော့ တစ်ကိုယ်လုံး ထုံကျင်နာကျင်နေတဲ့ ဝေဒနာတွေ ပျောက်ကင်းသက်သာသွားဖို့ပါပဲ။ ဒီလို အခက်အခဲတွေ၊ ကျန်းမာရေး ပြဿနာတွေကြားကနေ ကိုယ်ပိုင်အလုပ်လေးကို ကြိုးစားလုပ်ကိုင်ရင်း၊ ကိုယ့်ကုသစရိတ်နဲ့ကိုယ် ရပ်တည်နိုင်ခဲ့တာလည်း အခုဆို (၃) နှစ်ရှိခဲ့ပါပြီ။ကျွန်မကိုအမြဲတမ်း အားပေးကူညီကြတဲ့ မိဘ၊ဦးလေး၊ညီမလေးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်မကို လူ့လောကထဲရောက်လာဖို့ အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သမီးဖြစ်သူ ကျွန်မ ဒီလိုဘဝမျိုး ရောက်သွားလိမ့်မယ်လို့ မိဘတွေ လုံးဝ မျှော်လင့်မထားခဲ့ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ထိ ကြိုးစားပြီး ရုန်းကန်နေသလဲဆိုတာကို သူတို့ မျက်မြင်ကိုယ်တွေ့ သိနေတဲ့အတွက် ကျွန်မကိုကြည့်ပြီး သူတို့ ဂုဏ်ယူလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ရောဂါစဖြစ်တဲ့အချိန်ကစပြီး ကျွန်မရဲ့ ပျော်ရွှင်မှုတွေ၊ ရည်မှန်းချက် အိပ်မက်တွေ အားလုံး ပျောက်ဆုံးကုန်ပါတယ်။ ပုံထဲကလူကတော့ အရင်လူ မဟုတ်တော့ဘူး။ အချိန်ကာလတွေ ပြောင်းလဲသွားတယ်။ ခန္ဓာကိုယ် ပြောင်းလဲသွားတယ်။ အိပ်မက်တွေ ပြောင်းလဲသွားတယ်။ ပတ်ဝန်းကျင်ကလူတွေ ပြောင်းလဲသွားတယ်။ ဘာမှ ကိုယ်နဲ့အတူ ထာဝရ မတည်မြဲဘူး။ တစ်နေ့မှာ ကျွန်မတို့ တစ်ခုခုကို ဆုံးရှုံးရနိုင်တယ်။ တစ်နေ့မှာ ကျွန်မတို့ တစ်ခုခုကို ပြန်ရနိုင်တယ်။ ဒါပေမဲ့ ကျွန်မ သင်ယူခွင့်ရရှိလိုက်တဲ့ အရာတစ်ခုကတော့... "ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာ ဘာတွေရှိနေလဲဆိုတာပေါ်မှာ မမူတည်တော့ပါဘူး။ ရရှိတဲ့ဘဝအမှန်တရားကို လက်ခံပြီး ဆက်လက်ရှင်သန်သွားမလား ဆိုတာပေါ်မှာပဲ မူတည်ပါတယ်"ဆိုတာပါပဲ။ အသက် (၁၉) နှစ်အရွယ်တုန်းကတော့ ကျွန်မ လောကကြီးကို ကိုယ့်ခြေနှစ်ဖက်နဲ့ ရပ်ပြီး ကြည့်ခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ကစလို့ ကျွန်မရဲ့ဘဝဟာ Wheelchair ပေါ်ကို ရောက်ရှိခဲ့ရတယ်။ ဒီကနေ့ အသက် (၂၃) နှစ်အရွယ်မှာတော့ လောကကြီးကို Wheelchair ပေါ်ကနေပဲ ထိုင်ကြည့်နေရပါတယ်။ ဒါပေမဲ့ ဒီကနေ့ မျက်နှာပေါ်က အပြုံးက... အရင်ကထက် ပိုပြီး သန်မာလာပါတယ်။ ဘဝက ကိုယ်သွားချင်တဲ့နေရာတိုင်းကို အကုန် မသွားနိုင်တော့ပေမဲ့... ကျွန်မကို အရင်ကထက် "ပိုသန်မာလာတဲ့သူတစ်ယောက်" ဖြစ်လာဖို့တော့ ခေါ်ဆောင်သွားပါတယ်။ တကယ်လို့ ဒီနေ့မှာ ကိုယ့်ရဲ့ ဘဝက မမျှော်လင့်ထားတဲ့ လမ်းကြောင်းဘက်ကို ပြောင်းလဲလာနေတယ်ဆိုရင်... အမြဲတမ်း ဝမ်းမနည်းလိုက်ပါနဲ့ဦး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလဆိုတာ အရာအားလုံးကို ကိုယ့်ထံကနေ အမြဲယူဆောင်သွားဖို့ချည်း တာဝန်ရှိတာ မဟုတ်လို့ပါပဲ။ ကိုယ့်ဆီမှာ ကျန်နေသေးတဲ့ အရာတွေရဲ့ တန်ဖိုးကို မြင်တတ်အောင် သင်ပေးဖို့ တာဝန်ရှိတာပါ။ ဘာမှ ထာဝရ မတည်မြဲပါဘူး။ ဆင်းရဲဒုက္ခဆိုတာလည်း အဲဒီလိုပါပဲ။ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုဆိုတာလည်း အဲဒီလိုပါပဲ။ လူတွေက ရည်မှန်းချက် အိပ်မက်တွေနောက်ကို အပူတပြင်း လိုက်ရင်း၊ အောင်မြင်ချင်လွန်းလို့ အစွမ်းကုန် ကြိုးစားရုန်းကန်ရင်းနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ "ကျန်းမာရေး" ကို မေ့လျော့ပြီး ဆုံးရှုံးသွားတတ်ကြပါတယ်။ ကျန်းမာရေးသာ ချို့ယွင်းသွားရင် အရာအားလုံးဟာ သုညဖြစ်သွားတတ်ပါတယ်။ မနေ့ကအထိ ပြေးလွှားနေနိုင်ပေမဲ့ ဒီနေ့မှာ ရုတ်တရက် အရာအားလုံး ပြောင်းလဲသွားနိုင်တယ်ဆိုတာ ကျွန်မရဲ့ဘဝက သက်သေပါပဲ။ ဘယ်အချိန်မှာ ဘာမဆို ဖြစ်သွားနိုင်တာမို့ အမြဲတမ်း သတိရှိကြပါ။ တစ်နေ့မှာ ကျွန်မတို့အားလုံးဟာ ဒီလောကကြီးကနေ အသေအချာ ထွက်ခွာသွားကြရမယ့်သူတွေချည်းပါပဲ။ ဒါကြောင့် မသေရသေးခင် အသက်ရှင်နေတဲ့ အချိန်လေးမှာ ကိုယ်တကယ်လုပ်ချင်တဲ့အရာတွေကို နောက်မဆုတ်ဘဲ လုပ်ဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ ပျော်ရွှင်အောင် နေထိုင်ပါ။ကျရောက်လာတဲ့ (၂၃) နှစ်မြောက်ကစပြီး ဘဝကို အကောင်းဆုံး ဆက်လက် ရင်ဆိုင်သွားပါမယ်။ #sunonedigital #miseikmon #misikemon #thansamai

About