@wetletmyo21.6.2026sunday: မန္တလေး မြို့ကွက်ကို ဘယ်လို တည်သလဲ ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်တော်... ၄၈ ရပ်သော ပြဿဒ်ရံဝန်းသည်း အတွင်း မြို့ရိုး နန်းမြို့တော် အပြင်မြို့ကွက် မြောက်ပြင် ၅ ရပ်ကွက် အရှေ့ပြင် ၇ ရက်ကွက် တောင်ပြင် ၁၃ ရပ်ကွက် အနောက်ပြင် ၂၉ ရပ် မန္တလေးမြို့သည် ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု မြို့တော်ဖြစ်မည့် အတိတ်နိမိတ်အတိုင်း မြန်မာဆန်သော ထီးဟန်၊ နန်းဟန်အဓိပ္ပါယ် ပြည့်ဝသော အမည်များဖြင့် ရပ်ကွက် အမည်များ မှည့်ခေါ်ခဲ့၏။ အချို့ရပ်ကွက်များသည် ရတနာသိင်္ဃပြည်ရွှေဘို၊ အင်းဝ၊ အမရပူရ မြို့တော်များမှ မြစ်ဖျား ခံခဲ့ပြီး အချို့လည်း ရာဇဝင်သမိုင်းဆိုင်ရာ အမည်များဖြစ်၏။ အချို့လည်း ဒေသအလိုက် နေရာ အခေါ်များ ပေးခဲ့၏။ မင်းတုန်းမင်းသည် အလျားအနံ ၁၂ ပြ စီရှိသော စတုရန်းကွက်ကြီးကို အုတ်ရိုး၊ ကျုံးဖြင့် ကာရံလျက် "လေးကျွန်းအောင်မြေ" ဟု အမည်ပေးခဲ့သည်။ ရပ်ကွက် ၅၄ ဌာနကို အောက်ပါအတိုင်း အမည်ပေးခဲ့ပါသည်။ အရှေ့ပြင် ၇ ရပ်ကွက် ၁။ ကျွန်လုံးမော် * ၂။ ဝိဇယမဟီ * ၃။ ဇေယျမင်္ဂလာ * ၄။ ဘူမိဇေယျာ * ၅။ မဟာဇေယျဘုံ ၆။ ပြည်ကြီးမျက်မှန် ၇။ ပြည်ကြီးမျက်ရှင် တောင်ပြင် ၁၃ ရပ်ကွက် ၈။ ပတ်ကုန်းပျော်ဘွယ် ၉။ ဇမ္ဗူမျက်ရှင်* ၁၀။ ပတ်ကုန်းဝန်းကျင် ၁၁။ ရန်မျိုးလုံ ၁၂။ မဟာနွယ်စဉ် ၁၃။ သကျနွယ်စဉ် ၁၄။ မောရဂီဝါ ၁၅။ စိတ်တရမဟီ ၁၆။ ဟေမာဇလ ၁၇။ ကၪၥဏမဟီ ၁၈။ ဟေမမာလာ ၁၉။ ချမ်းမြသာစည် ၂၀။ အောင်ချမ်းသာ * အနောက်ပြင် ၂၉ ရပ်ကွက် ၂၁။ အမရစံခေါင် ၂၂။ အမရဌာနီ ၂၃။ ပြည်လုံးချမ်းသာ ၂၄။ မဃဂေီရိ ၂၅။ ပုလဲငွေရောင် ၂၆။ ပြည်ကြီးကျက်သရေ ၂၇။ အောင်မြေရန်လုံ * ၂၈။ ဇမ္ဗူကြငှန်း * ၂၉။ ချမ်းအေးသာဇံ ၃၀။ တုလွတ်ရန်အောင် * ၃၁။ ဘေးမဲ့လွတ်ရှောင် * ၃၂။ အောင်နန်းရိပ်သာ ၃၃။ ရတနာဘူမိ ၃၄။ မဟာအောင်မြေ ၃၅။ ကျွန်းလုံးကြေညာ * ၃၆။ ရွှေဘုန်းရှိန် ၃၇။ ကျွန်းလုံးဥသျှောင် ၃၈။ တမ်ပဝတီ ၃၉။ သန်လျက်မော် ၄၀။ စိန်ပန်း ၄၁။ ဒေးဝန်း ၄၂။ ပြည်ကြီးပျော်ဘွယ် ၄၃။ သီရိဟေမာ ၄၄။ သီရိမာလာ ၄၅။ အောင်မြေသာစံ ၄၆။ ပြည်ကြီးရန်လုံ ၄၇။ မင်းတဲအီကင် ၄၈။ ဘုန်းတော်ရောင် * ၄၉။ ညောင်ကွဲ မြောက်ပြင် ၅ ရပ်ကွက် ၅၀။ မြကျွန်းတန်ဆောင် * ၅၁။ မြနန်းအောင်မြေ * ၅၂။ မြနန်းစံရာ * ၅၃။ မြနန်းဘုံသာ * ၅၄။ မြကျွန်းမြေငူ * ထိုသို့ ရပ်ကွက်ပေါင်း ၅၄ ရပ်ကွက် သတ်မှတ်ခဲ့သော်လည်း.. အရှေ့ပြင်မှ ကျွန်းလုံးမော်၊ ဝိဇယမဟီ၊ ဇေယျမင်္ဂလာ၊ ဘူမိဇေယျာ ရပ်ကွက် ၄ ရပ်ကွက် တောင်ပြင်မှ ဇမ္ဗူမျက်ရှင်၊ အောင်ချမ်းသာ ရပ်ကွက် ၂ ရပ်ကွက် အနောက်ပြင်မှ အောင်မြေရန်လုံ၊ ဇမ္ဗူကြငှန်း၊ တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊ ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင် ရပ်ကွက် ၆ ရပ်ကွက် မြောက်ပြင်မှ မြနန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ မြနန်းစံရာ၊မြနန်းဘုံသာ၊ မြကျွန်းမြေငူ ရပ်ကွက် ၅ ရပ်ကွက် စုစုပေါင်း ၁၇ ရပ်ကွက်တို့သည် ပျောက်ကွယ် သွားခဲ့သည်။ ယခုအချိန်အခါတွင် မန္တလေးမြို့၏ ရပ်ကွက်ပေါင်း ၃၇ ရပ်ကွက်သာ ရှေးအမည်အတိုင်း ထင်ရှားလျက် တည်ရှိပါသည်။ ပေါင်း ၅၄ ရပ်ကွက် မူလ မန္တလေးမြို့မြေပုံ မင်းတုန်းလက်ထက် မြို့ကွက် ဖြစ်ပါသည်။ 🥰🥰🥰

✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
Open In TikTok:
Region: MM
Tuesday 23 June 2026 16:52:34 GMT
21637
523
7
55

Music

Download

Comments

user2803630546969
စေတနာ(တိုက်သစ်ဆွမ်းစားကျောင်း) :
သိထားသင့်ပါတယ်
2026-06-24 16:33:01
0
u.myintmaw
U MyintMaw :
ကောင်းပါတယ်။ မသိသူကများဆိုတော့
2026-06-24 07:03:27
0
shamkishamki796
ShamKi :
စာရေးဆရာ နတ်မောက်ထွန်းရှိန် ရေးခဲ့တဲ့ တသက်တာစာပေဆုခဲ့တဲ့ စာအုပ်
2026-06-24 11:18:46
2
maung.maung6240
ဦးလေးကြီး :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-06-24 13:08:38
0
aungaung1123456
Aung Aung :
👍👍👍
2026-06-24 06:22:57
0
zaw.tika91
လင်းထွန်း :
❤️❤️❤️❤️❤️❤️❤️❤️❤️
2026-06-24 13:50:27
0
To see more videos from user @wetletmyo21.6.2026sunday, please go to the Tikwm homepage.

Other Videos


About