@intrvblll_1120:

intrvblll’🌶️
intrvblll’🌶️
Open In TikTok:
Region: BE
Tuesday 07 July 2026 20:58:22 GMT
437
78
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @intrvblll_1120, please go to the Tikwm homepage.

Other Videos

ဂရုစိုက်နော် နောက်ဆို ခင်ဗျားအနားမှာရှိနေတော့မှာ မဟုတ်ဘူး။ နောက်ဆုံးမှာတမ်းချွေသလိုမျိုး စကားတွေအများကြီး မပြောချင်တော့ပါဘူး...  သိပ်ချစ်ခဲ့တယ်ဆိုတာကို ယုံကြည်ပေးရင်ရပြီ ပြီးတော့လေ အများကြီးမျှော်လင့်ခဲ့မိတာကိုလဲ နားလည်ပေးပါ ။ အများကြီးမျှော်လင့်ထားမိတော့ ဘာမဟုတ်တာလေးကအစ ကိုယ့်မှာပူပန်ရတယ်လေ  မတော်တဆများ ဝေးသွားရင်ဆိုပြီးတွေးမိရင် အဲ့ဒီနေ့ အဲ့ဒီညတွေဟာ ကိုယ်ကိုယ်တိုင်ဖော်တဲ့ ငရဲပါပဲ... ကိုယ်နေမကောင်းရင်... ကိုယ့်အစားကိုယ်တောင် မပူခဲ့တဲ့သူမှာ သူနေမကောင်းရင် အစစအရာရာ ပူပေးခဲ့ရတဲ့သူပါ ။  ဆေးသောက်ပြီးပြီလား အစားကောစားရဲ့လား နေလို့ကောင်းရဲ့လား တတွတ်တွတ်မေးတဲ့ မေးခွန်းတွေဟာ အပိုတွေမှန်း မသိခဲ့မိဘူး ။ တစ်နေရာရာသွားတော့မယ်ဆိုရင်  ဘယ်သူနဲ့ သွားမှာလဲ...  အရက်တွေသောက်မလာနဲ့နော် ညနက်အောင် မနေနဲ့နော်ဆိုတာတွေက ချုပ်ခြယ်တာတွေပေါ့.. အင်း ထားပါတော့နော် ။ နောက်ဆိုရင်... နိုးပြီလားဆိုတဲ့ Messageလေးတွေနဲ့ မနက်ခင်းတွေကို မနှောင့်ယှက်တော့ဘူး  ထမင်းစားဦးနော်ဆိုပြီးလဲ တတွတ်တွတ်ပြောမနေတော့ဘူး ။  တစ်ခုခုဖြစ်ရင် စကားတွေအများကြီးပြောပြီး ပြာယာခပ်နေတဲ့ ကျွန်မလဲ ရှိနေတော့မှာ မဟုတ်ဘူး ။ ဂရုစိုက်နော်... စားတာသောက်တာကအစ သွားတာလာတာအဆုံး အစစအရာရာပေါ့ ။  ကျွန်မဆက်ပြီး ရှိနေချင်သေးပေမယ့်  လူဆိုတာ ကိုယ့်နေရာကိုယ်သိရတယ်လေ ကျွန်မ ဆက်ပြီးရှိနေသေးတယ် ရှင်မလိုတဲ့ အပိုစကားတွေအများကြီး ပြောနေမိမှာစိုးလို့ ကျွန်မ ဆင်ခြင်လိုက်တော့တာပါ ။ နောက်ဆိုရင်... စကားတွေအများကြီးပြောပြီး ခင်ဗျားကို စိတ်ပူနေမယ့် ကောင်မလေး ခင်ဗျားအနားမှာ ရှိနေတော့မှာမဟုတ်ဘူး ။  ကျွန်မ ဟိုးအဝေးကြီးကပဲ လွမ်းနေမယ့် လမ်းကိုရွေးပါတယ် ။ ဂရုစိုက်နော်... အစစအရာရာပေါ့... အခု နေသလိုမျိုး အရမ်းကြီးလဲ မပေတေနဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ပစ်မထားနဲ့ ခင်ဗျားကို ချစ်ခဲ့ဖူးတယ်ဆိုတာကိုတော့ ယုံပါ ။

About