@alexine585: ဒီအရွယ်မှာ နားလည်လာတာတစ်ခုကလေ လူတွေက သူတို့ချစ်တဲ့သူအတွက်ဆို Effort ထုတ်တယ်ဆိုတာပဲ တွေ့ချင်တဲ့စိတ်ရှိရင် ဝေးနေလည်း ပြေးတွေ့ကြတာပဲ အချိန်မရလည်း ကြိုးစားပြီး မရရတဲ့အချိန်လေးဖဲ့ပေးမှာ အလုပ်တွေ အရမ်းပင်ပန်းနေလို့ စကားမပြောချင်ဘူး ပင်ပန်းနေပြီ အိပ်ချင်နေပြီဆိုတာက တစ်ဝက်တော့ မှန်တယ် တစ်ဖက်က အမှန်တရားတစ်ဝက်က ဘာလဲဆိုတော့ ကိုယ်နဲ့ စကားပြောရတာ ပိုပင်ပန်းတယ် သူ့အတွက် စိတ်သက်သာရာ မရစေဘူးဆိုတဲ့ သဘောမျိုး နည်းနည်းပါတယ် ကိုယ်ကရော တကယ်ပဲ သူ့အတွက် mentally support မဖြစ်နေဘူးလားဆိုတာ ပြန်သုံးသပ်ဖို့လည်း လိုတာပဲ ကိုယ့်ဘက်က လက်ဖမိုးဆိုပေမယ့် သူ့ဘက်က ကြည့်တော့ လက်ဖဝါးပေါ့ ခုအသက်ရွယ်မှာ Networking ကျယ်လာပေမယ့် Social circle လေး ပိုကျဉ်းလာတာကိုလည်း သဘောကျမိပြန်ရော “Conversations are easier with him/her” ဆိုတဲ့ relations တွေ ဒီတစ်သက် သူနဲ့ ပြောစရာ ကုန်ပါ့မလား တောင် မသိဘူးဆိုတဲ့ ဆက်ဆံ ရေး တွေဆို ပိုတန်ဖိုးထားမိတယ် အတ္တကြီးလာတာတစ်ခုက တော့ ကိုယ့်ရဲ့ free time ကို လူတိုင်းနဲ့ မတန်ဘူးလို့ ထင်လာတာ စကား ပြောရင် ရှေ့ နောက်မကြည့်တဲ့သူ တွေဆို မ ပေါင်းချင်တာ အရင်လောက် အားမနာတတ်တော့ဘဲ Say no လုပ်တတ်လာတာ အဲ့ဒါကြောင့်မို့ အချစ်နဲ့ ချောင်းဆိုးတာက ညာလို့ မရဘူးလို့ပြောတာ ပင်ပန်း နေရင် တောင် အချိန်ပေးချင်တာက ချစ်ခြင်းမေတ္တာ ဒါ လေးဆို သူသိပ်ကြိုက်မှာဆိုတာကလည်း ချစ်ခြင်းမေတ္တာပဲ ချစ်ခြင်းမေတ္တာက ညာလို့ မရဘူး ခံစားလို့ပဲ ရမယ် အဲ့ တော့ ဘယ်သူ့ကိုမှ ဖြည့်မ တွေး ပေးနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မညာနဲ့ သူမချစ်ရင် မချစ်ဘူးလို့ လက်ခံလိုက် then just move on 😌
Ei Thiri Lwin
Region: MM
Monday 13 July 2026 16:32:58 GMT
Music
Download
Comments
pĥôô🌼 :
စာသားလေးချပေးပါလား😞
2026-07-14 09:07:41
1
Wai Lin Hein :
ဘယ်သူလုပ်တာလဲ
2026-07-14 03:07:11
0
To see more videos from user @alexine585, please go to the Tikwm
homepage.