@eagle_10117: ရန်ကုန်၊ ဘုရင့်နောင်ကားပစ္စည်းဝင်းတွင် ကားပြင်သူများကို ပျူစောထီးလူမိုက် "သံပါးစပ်" (ခေါ်) "ဘိုသံ" ဦးဆောင်သော လူမိုက်ထောင်ထွက်အဖွဲ့က အသက်အန္တရာယ်ခြိမ်းခြောက် သိန်းဆယ်ချီ ငွေတောင်းယူနေ ဇူလိုင် ၁၈၊၂၀၂၆။ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကားပစ္စည်းဝင်းအတွင်း ကားလာရောက်ပြင်ဆင်သူများကို "သံပါးစပ်" (ခေါ်) "ဘိုသံ" ဦးဆောင်သည့် လူအုပ်စုက အသက်အန္တရာယ်ခြိမ်းခြောက်၍ ငွေကျပ် သိန်းဆယ်ချီ အတင်းအကျပ်တောင်းယူမှုများ ဖြစ်ပွားနေပြီး အဆိုပါလူမိုက်အဖွဲ့မှာ ပျူစောထီးများ၊ ထောင်ထွက်များဖြင့် ဖွဲ့စည်းထားကြောင်း ခြိမ်းခြောက်ငွေတောင်းခံရသူများကပြောဆိုသည် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှ လယ်ပိုင်ရှင် ဦးမင်းဇော်က ၂၀၂၆ ခုနှစ် ဧပြီလ ၂၃ ရက်တွင် လယ်ထွန်စက်အပိုပစ္စည်းများ ဝယ်ယူရန် ငွေသားများ ယူဆောင်၍ ဘုရင့်နောင်ကားပစ္စည်းဝင်းသို့ သွားရောက်စဉ် ပွဲစားတစ်ဦးက ကားရပ်နားရန် နေရာပြသပေးသဖြင့် ယင်းနေရာတွင် သူ၏ ကားကို ရပ်နားခဲ့ကြောင်း၊ ယင်းနောက် စက်ပြင်သမားဟု အမည်ခံထားသော လူအချို့က ဦးမင်းဇော်၏ သဘောတူညီချက်မရှိဘဲ သူ၏ကားကို ပစ္စည်းများ ဖြုတ်ကာ ကားကို ပြင်ဆင်သည်ဟုဆိုကာ ကားတစ်စီးလုံးကို စိတ်တိုင်း ကျ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ကားပိုင်ရှင် ဦးမင်းဇော် ကားဝင်းပြင်ပသို့ ခေါ်ဆောင်ကာ လူအင်အား ၂၀ ခန့်ဖြင့် ဝန်းရံပြီး ကားပြင်ခအဖြစ် ဘောင်ချာများ တစ်စောင်ပြီးတစ်စောင် ထုတ်ပြကာ ငွေတောင်းခံခဲ့ကြောင်း သိရသည်။ အစပိုင်းတွင် သောင်းဂဏန်းတန် ဘောင်ချာများသာ ထုတ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကျပ် ၅ သိန်း၊ ၆ သိန်း၊ ၇ သိန်းနှင့် နောက်ဆုံး ၁၈ သိန်း ၅ သောင်းအထိ တောင်းခံခဲ့ကြောင်း၊ ငွေမပေးနိုင်ကြောင်း ပြောဆိုသည့်အခါ လူမိုက်အဖွဲ့က "ညှိနှိုင်းပေးမည်" ဟုဆိုကာ ဦးမင်းဇော်ကို လှိုင်သာယာမြို့နယ် သမကုန်းရှိ ဘီယာဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ လှိုင်သာယာမြို့နယ်၊ သမကုန်းသို့ ရောက်ရှိသောအခါ လူမိုက် "သံပါးစပ်" (ခေါ်) "ဘိုသံ" ရောက်ရှိလာပြီး ဓားဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၇၀ ပေးရန် ဖိအားပေးခဲ့ကြောင်း၊ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ငွေသား သိန်း ၇၀ ကို ပေးခဲ့ရပြီး "ကျော်ကြီး" ဆိုသူ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ ဦးမင်းဇော်အနေဖြင့် ကားပြင်ခအဖြစ် ငွေကျပ် ၁၇ သိန်းနှင့် သတ်ဖြတ်မည်ဟု ဓားဖြင့်ခြိမ်းခြောက် ၍ ပေးခဲ့ရသည့် ငွေကျပ် သိန်း ၇၀ စုစုပေါင်း ငွေကျပ် ၈၇ သိန်း ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းနောက် ကားကို အခြားကားဝပ်ရှော့များတွင် ပြန်လည်စစ်ဆေးရာ ကားတွင်အပိုပစ္စည်းများ လဲလှယ်ထားခြင်းမရှိဘဲ အင်ဂျင်ဝိုင်နှင့် အမဲဆီများ သုတ်လိမ်းထားခြင်းသာ တွေ့ရှိရကြောင်း ပြောဆိုသည်။ ဘုရင့်နောင်ကားပစ္စည်းဝင်းတွင် ယင်းကဲ့သို့ ကားရပ်သူများကို ငွေကြေးလိမ်လည် ခြိမ်းခြောက် ရန်ရှာ တောင်းခံနေသူများမှာ "သံပါးစပ်" (ခေါ်) "ဘိုသံ" နှင့် ၎င်း၏ညီဖြစ်သူ "စိုင်းကို" (ခေါ်) "အရှည်ကြီး" တို့အုပ်စုဖြစ်ကြောင်း၊ "ဘိုသံ" သည် လှိုင်သာယာမြို့နယ် သမကုန်း၊ မွှေးမှတ်တိုင်အနီးရှိ "အီးလ်ဂဲလိုက်" အမည်ဖြင့် ကားဝပ်ရှော့တစ်ခု ဟန်ပြဖွင့်လှစ်ထားကြောင်း သိရှိရသည်။ ထို့ပြင် အဆိုပါလူမိုက်အဖွဲ့သည် ပျူစောထီးများ၊ ထောင်ထွက်များနှင့် ဒေသခံလူမိုက်များ ပူးပေါင်းဖွဲ့စည်းထားပြီး လက်ရှိတွင် နေပြည်တော်၊ ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးထံသို့ တိုင်ကြားမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။ #fypppppppppppppppppppppppppppppppppppppppppppp0ppppppppppppppppppppppp #
eagle123
Region: MM
Saturday 18 July 2026 06:50:13 GMT
Music
Download
Comments
@oobala :
@လူမိုက်ကမဟုတ်တာမလုပ်ပါ
2026-07-19 15:11:00
0
GA DU 42😍 :
စစ်တပ်ကြီးက ဂိုဏ်းချုပ်ဆိုတော့ကား😂😅😆 မြန်မာပြည်ကြီး မှာ နေရတာ ပျော်ကြပါပေါ့😂😅
2026-07-19 01:36:19
6
K A T :
ရန်ကုန်လည်း မလုံခြုံတော့ဘူး ။ ဇိုးတွေကြောင့်
2026-07-18 17:19:28
4
ဆရာကြီး :
အဲဒီဆိုင်နာမည်တင်လေ
2026-07-19 10:32:49
0
zawhtet :
😂😂
2026-07-18 22:20:43
0
@oobala :
@ဂန်ဓမာသောင်းရီရေ
2026-07-19 15:13:58
0
ဆရာကြီး :
အင်းစိန်ကမ်းနားက သံပါးစပ်လား
2026-07-19 10:30:47
0
Hunter Chef :
အဲ့လိုလုပ်လို့ရတာလား ဇိုးအဖွဲ့လား 😁😁😁😁😁😁😁😁😁😁😁😁
2026-07-18 13:15:48
3
UncleLay :
လုပ်ရလို့လုပ်တာလေ
2026-07-18 15:30:16
3
moezatlay794 :
လူမိုက်တွေ စင်ပေါရောက် လူလိမ္မာတွေ ပြစ်ပယ်ထား ဘာမှမဟုပ်ဘူး ကောသလအိမ်မတ်၁၆ချက်က တကယ်ကြီးဖြစ်နေတာပဲဟ ငါလခွမ်း
2026-07-19 12:16:46
0
Zaw Min Swe :
😂
2026-07-18 22:32:22
2
🥢𝓁𝒾𝓃𝓁𝒾𝓃𝓀𝓎𝒶𝓁 🥢 :
😂😂😂
2026-07-19 05:19:21
1
JL sMiLe :
😂😂😂😂😂
2026-07-18 16:31:30
1
Jin Na :
😳😳😳
2026-07-18 20:34:26
0
Ma Gyi Soe :
😳😳😳
2026-07-18 15:10:55
0
Bay Dar Pyan :
😳😳😳
2026-07-19 01:54:05
0
kyawthusoe :
😳😳😳
2026-07-19 04:42:20
0
To see more videos from user @eagle_10117, please go to the Tikwm
homepage.