@xiyan669: ဘဝဆိုတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့ဟာ လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ ကြုံတွေ့ကြရပါတယ်။ ကိုယ့်အပေါ် နားလည်ပေးပြီး စေတနာအပြည့်နဲ့ ကောင်းမွန်ခဲ့ကြတဲ့သူတွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသလို၊ တစ်ခါတရံ ကိုယ့်အပေါ် သဘောထားလွဲမှားပြီး အထင်အမြင်လွဲခဲ့ကြတဲ့သူတွေကိုလည်း စိတ်မဆိုးတော့ဘဲ အသာလေး နားလည်ခွင့်လွှတ်ပေးလိုက်ပါတယ်။ အမှန်တော့ လောကကြီးမှာ လူတိုင်းရဲ့စိတ်ကို လိုက်ပြီး စိတ်တိုင်းကျအောင် ဖန်တီးပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ လူတိုင်းမှာ ကိုယ်စီအမြင်၊ ကိုယ်စီခံယူချက်တွေ ရှိကြတာမို့ ကိုယ်က ဘယ်လောက်ပဲ မှန်ကန်အောင် ရှင်သန်ပါစေ... လူတိုင်းရဲ့ အကြိုက် ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့်... အားလုံးရဲ့ အလိုကျဖြစ်အောင် လိုက်လျောညီထွေ လိုက်လုပ်ရင်း ကိုယ့်စိတ်ကို ပင်ပန်းခံမယ့်အစား၊ ကိုယ့်ဘက်က ရိုးသားဖြူစင်စွာနဲ့ပဲ လက်ရှိအခိုက်အတန့်ကို အေးအေးချမ်းချမ်း ဖြတ်သန်းလိုက်တာက အကောင်းဆုံးပါပဲ။ ဖြစ်တည်လာသမျှ အခြေအနေတိုင်းကို အကောင်းမြင်စိတ်နဲ့ လက်ခံတတ်လာတဲ့အခါ ဘဝဟာ အလိုလိုနေရင်း ပေါ့ပါးပြီး အေးချမ်းသွားပါလိမ့်မယ်။ Crd
𝐗𝐢 𝐘𝐚𝐧 - အေးရိပ်ညို -
Region: MM
Friday 24 July 2026 14:54:23 GMT
Music
Download
Comments
Sofiah Mis :
ပြန်တင်ခွင့်ပြုပါရှင့်
2026-08-22 17:02:46
0
Ko` Li`nn :
Crad ပေးပါတယ် စာသားလေး ပြန်တင်ပေးပါလားဘရို
2026-08-22 06:26:58
0
🌺Pan Eie Khin 🌺(မကွေးသူလေး) :
ပြန်တင်ခွင်ပြုပါနော်
2026-08-21 10:47:59
0
Ko Thouk Gyi ဒေးဒရဲသား :
copy ယူသုံးခွင့်ပြုပါ 🥰
2026-08-21 01:09:37
0
Khin La Pyae Won🌷🌷 :
ပြန်တင်ပါရစေရှင့်😘
2026-08-18 10:05:01
0
M🐝 :
စာသားလေးကြိုက်💛
2026-08-22 03:12:48
0
𝔖𝔞𝔨𝔲𝔯𝔞 𝔭𝔞𝔫𝔫 :
ပြန်တင်ပါရေစနော်
2026-08-18 03:50:29
0
🌻 Khin Lay🌻 :
ပြန်တင်ပါစေရှင့်
2026-07-28 09:22:30
1
#yinyin#🍀*ยีน ยีน*🍀 :
စာသားလေးကြိုက်လို့ပြန်သုံးလိုက်ပီရှင့်❤️
2026-08-07 16:08:49
0
Wine wine🐷🦋 :
ပြန်တင်ချင်လို့စာသားလေးချပေးပါလားရှင့်🥰🥰
2026-08-14 03:26:30
0
သားနှစ်ယောက်မားမား👬 :
စာလေပြန်တင်ချင်ပါတယ်
2026-08-15 14:03:01
0
Min Thu :
စာသားသီချင်းလေးနဲ့အတူပြန်တင်ခွင့်ပြူပါခင်ဗျာ☺️ဟုတ်☺️
2026-08-04 11:39:50
0
phyo :
👍
2026-08-10 02:27:45
0
H :
စာသားလေးကြိုက်တယ်
2026-08-07 06:42:12
0
Eaintwuttyee123 :
ပုံရော စာသားလေးပါပြန်တင်ခွင့်ပြုပါ crd
2026-08-17 15:57:32
0
25008816 :
🥰🥰🥰
2026-08-07 13:43:39
0
thethtarsint572 :
🥰🥰🥰
2026-08-03 05:06:59
0
🤍ZON THUZAR HLAING🤍 :
🥰🥰🥰
2026-08-01 01:52:21
0
Kay Kay :
❤️❤️❤️
2026-08-01 01:07:00
0
🍓 Ah Mon 🍓(ပန်းတနော်သူ) :
🥰🥰🥰🥰🥰
2026-08-10 14:33:36
1
To see more videos from user @xiyan669, please go to the Tikwm
homepage.