@nyar_rot: သူကတော့ အချော့ခံချင်လို့ ခဏခဏ စိတ်ကောက်တယ်၊ စိတ်ဆိုးတတ်တယ်... စိတ်ဆိုးလာရင်လည်း ဘာမှ မပြော တတ်ဘဲ "စိတ်မဆိုးပါနဲ့တော့" ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောမိတဲ့ ငါ့ကိုကြည့်ပြီး သူလည်း ဒေါသထွက်ချင် ထွက် လိမ့်မယ်။ "မငိုနဲ့ တိတ်. မာလာတိတ်ပေးရမှာလား" ဆိုတဲ့ စကားမျိုး ထက် ပိုပြီး စကားလုံးလှလှလေးတွေနဲ့ မချော့တတ်တာကို တော့ နားလည်ပေးပါ။ တကယ်တော့ ငါ့ဘက်မှာလည်း ပြောမပြတတ်တဲ့ ခံစား ချက်တစ်ခု ရှိခဲ့တာပါ။ ငါ ငယ်ငယ်ကတည်းက ဘယ်သူ့ရဲ့ အချော့ကိုမှ မခံခဲ့ရဖူးသလို၊ ဘယ်သူမှလည်း ငါ့ကို အလိုမ လိုက်ခဲ့ဖူးဘူး။ ဒါကြောင့် အချော့ခံချင်နေတဲ့ မင်းကို ဘယ်လို စကားလုံးတွေနဲ့ ရင်ထဲရောက်အောင် ချော့ရမ လဲဆိုတာ ငါ တကယ် မတတ်မြောက်ခဲ့ဘူး။ အချော့မတတ်လို့ အေးစက်စက်နိုင်တယ်လို့ မထင်ပါနဲ့... ငါ့မှာ အတိတ်က အချော့မခံခဲ့ရတဲ့ ဒဏ်ရာတွေရှိလို့ ချော့ နည်း မသိခဲ့တာပါ။ စကားလှလှလေးတွေနဲ့ အချော့မတတ်ပေမဲ့... မင်းကို မ ချစ်လွန်းလို့တော့ မဟုတ်ပါဘူးကွာ…🙂↔️
Ba_nyar
Region: MM
Saturday 01 August 2026 15:22:57 GMT
Music
Download
Comments
အေးသောကောင်လေး'Urahara kisuke. :
အမှန်ပဲဘရိုရေ
2026-08-03 05:33:00
1
NAN WIN 🐙 :
စားသာပေးလို့ရလာ 😞
2026-08-02 05:22:22
0
T 🖤 :
2026-08-03 06:43:22
0
Arr Kote🧟♂️ :
တစ်ကယ်ပါဗျာ ချစ်တာကတော့ အသေချစ်မိတာ မချော့တတ်တာ
2026-08-03 06:28:04
0
Xue :
ဘယ်တော့မှအချော့မခံရဖူးတာ ကိုယ်က ကိုယ်ချင်စာလို့ပိုဂရုစိုက်ပေးပဲရှိဖူးတယ် ကိုယ်ချစ်တဲ့သူကိုကိုယ့်လိုမခံစားစေချင်ဘူး
2026-08-03 08:50:01
0
N 🐉 :
ဒါပေါ့ဗျ
2026-08-03 06:35:46
0
Myo Min Thu!♎️ :
✌🏻
2026-08-03 06:58:17
0
vdainaungchan :
🥺🥺
2026-08-03 05:57:22
0
🤪Chan💞 :
💕@Ñäñ 💕
2026-08-03 08:19:03
1
To see more videos from user @nyar_rot, please go to the Tikwm
homepage.