@prepify_scoreclub: ဒီနေရာမှာ နည်းနည်းနားဝင်ခါးမယ့် တကယ့်အဖြစ်မှန်တွေပြောပြမယ်။ တကယ့်ကို နိုင်ငံတကာပညာရေးနဲ့ နိုင်ငံခြားမှာကျောင်းတက်ဖို့ဆိုတာတွေက လူချမ်းသာတစ်စုအတွက်ပဲရည်ရွယ်ထားသလိုပါပဲ။ နိုင်ငံခြားရောက်လို့ကျောင်းတက်အေးဆေးsocial mediaပေါ်အဆင်ပြေပြနိုင်တာကလဲမိဘတွေထောက်ပံ့ပေးနိုင်တဲ့လူတွေပါပဲ။ဒါကိုလက်ခံရပါမယ်။ ဒီနေရာမှာ Scholarship တွေဘာတွေမပြောပါနဲ့ဦး မြန်မာနိုင်ငံမှာတင်ပဲ ဒီ scholarship ဆိုတာမျိုးရဖို့ရင်းရမယ့်အရင်းနှီးကမနည်းတာတော့အမှန်ပါ။ တစ်နှစ်စာပဲအိမ်ကပေးနိုင်မယ်နောက်နှစ်တွေကိုယ့်ဘာသာရှာတတ်ဆိုတာလက်တွေ့မှာလုံးဝအခက်ခဲပါနော်။ ဒါစိတ်ဓာတ်ကျစရာပြောပြတာမဟုတ်ပါဘူး။ Australia, UKတစ်နှစ်ကျောင်းစရိတ်သိန်းတစ်ထောင်အထက်မှာ ကျွန်မတို့လို့အခြေခံလူတန်းစားအတွက်က အိမ်တစ်လုံးလုံးရောင်းပြီးတက်ရမယ့်ပမာဏပါပဲ။နောက်နှစ်တွေဆိုဘာဆက်လုပ်ရမလဲမသိပဲ အိမ်ကလဲပြန်တောင်းလို့မရပဲ အခက်ကြံုရမယ့်အခြေနေပါ။ ဒီနေရာမှာ လက်တွေ့ကိုပြောပြရရင် Scholarship လျောက်လို့ရတယ်ဆိုတာကြီးကိုပုံသေမတွေးပဲ သက်သာမယ့်ပညာရေးကိုပဲအဆက်မပြတ်အောင်ဆက်လုပ်ကြပါ။လိုအပ်တဲ့Skillsတွေဖြည့်အလုပ်နဲ့နိုင်ငံခြားအပြီးပြောင်းတာဖြစ်ဖြစ် နေရင်းနဲ့မှ နောက်ပညာရေးတွေဆက်တက်တာဘွဲ့တွေထပ်ယူတာကလက်တွေ့အကျဆုံးပါ။ အဲ့လိုမှမဟုတ်ဘူး riskယူချင်ကြပါတယ်ဆို အနည်းဆုံး ကျောင်းနဲ့မဟုတ်ပဲ နိုင်ငံခြားအရင်ထွက်ကြည့်ပါ။ survival skills ပေါ့နော် တစ်ကိုယ်ရည်စာ အိမ်ကပြန်မယူပဲ အရင်ကြိုးစားစုဆောင်းရင်း ပညာရေးကိုဆက်ကြည့်ပါ။ (အမလဲဒီလိုriskယူခဲ့တာပါ) နောင်တရလားဆို မရပါဘူး။ အမတို့Asian kidsတွေက မိဘကိုတအားအားကိုးကြလို့ တစ်ယောက်ထဲနေရတဲ့အခါကိုယ့်ကိုယ့်ကိုယ်အားကိုးဖို့အများကြီးကြိုးစားကြရပါတယ်။ ဒါကအတွေ့အကြုံပါ ကိုယ်ကပညာရေးကိုဆက်ချင်တယ် ကိုယ်ရွေးထားတာလဲနောင်တမရချင်ဘူးဆို နည်းလမ်းတွေကိုအမြဲရှာဖွေပါ။ဒီနေရာမှာ ပညာသင်ယူဖို့ဘယ်အရာမှအကန့်သတ်ဆိုတာမရှိပါဘူး။ ငွေလားရှာရင်ရတယ် ရှာဖို့skillsတွေလဲအမြဲဖြည့်မယ်ဆိုတာတွေးပါ။ပညာရေးရှေ့ဆက်ဖို့အသက်ကြီးပြီလားနောက်ကျပြီလားဆိုတာဘာမှမတွေးပါနဲ့ အဲ့လိုမှမဟုတ်ရင်တော့အပေါ်မှာအမပြောသလိုပဲ ငါတို့သွားနေတဲ့လမ်းက လူချမ်းသာတစ်စုအတွက်ပဲဆိုတာမျိုးနာနာကျင်ကျင်နဲ့လက်ခံပြီးလှည့်ပြန်ရပါလိမ့်မယ်။ ကိုယ်တွေခက်ခဲတဲ့အရာတွေကို နောက်ထပ်ထပ်မဖြစ်အောင်ရင်းရမှာကလဲကိုယ်ကိုယ်တိုင်ပါပဲ။ အိမ်နဲ့ပွင့်”လင်း”ပြောတာ ကိုယ်သွားချင်တဲ့လမ်းကြောင်းကကိုယ်နဲ့အရမ်းအလှမ်းဝေးနေရင် ရေရှည်ကြည့်ပြီးစဉ်းစားကြည့်ပါ တဇွတ်ထိုးမလုပ်ပဲ ဖြည်းဖြည်းမှန်မှန်အဲ့နေရာရောက်ဖို့အတွက်နည်းလမ်းတွေရှာပါ။ အကြံညဏ်တွေတောင်းပါ။ ဘယ်ပညာရေးမဆို အဆင်ပြေမယ့်နည်းလမ်းတွေရှိကြပါတယ်။ ဘယ်ပညာရေးမဆို၊ ဘယ်ဘဝခရီးမဆို အကန့်အသတ်ဆိုတာ မရှိပါဘူး။ အဓိကက ကိုယ့်ရဲ့ ရပ်တည်နိုင်စွမ်းနဲ့ Skills တွေပါပဲ။ အသက်ကြီးပြီ၊ နောက်ကျပြီဆိုတာတွေကို ဖယ်ထုတ်လိုက်ပါ။ ကိုယ်လျှောက်ချင်တဲ့လမ်းက ဝေးနေရင်တောင် ရေရှည်ကိုကြည့်ပြီး တစ်ဆင့်ချင်း တက်လှမ်းပါ။
Prepify
Region: VN
Friday 21 August 2026 21:04:17 GMT
Music
Download
Comments
🌬️ :
နောက်မှာ အမြဲတမ်း support ပေးနိုင်တယ့် မိဘတွေရှိတယ်ဆို သွားပါ။ “မိဘတွေနဲ့ မခွဲနိုင်ဘူး” မသွားဘူးဆိုတယ့် အကြောင်းပြချက်တော့ မရှိစေနဲ့၊ မိဘတွေကိုယ့်က်ုပေးနိုင်တယ့် အခွင့်အရေးမှန်သမျှကို သူတို့ပေးနိုင်တုန်း ယူတက်အောင်ယူပါ။ နိုင်ငံခြားမှာ နေနေတယ့်အတောအတွင်း ကိုယ်ကိုတိုင် သင်ယူလေ့လာရတယ့်ဟာတွေက တစ်နေ့ အသုံးပြန်ဝင်မှာပါ။
2026-08-22 11:30:24
75
Hsu :
@Hsu:ကိုယ်လဲတွေးမိတယ် အဆင်ပြေတဲ့သူတွေအတွက်သာ international education က အဆင်ပြေနိုင်မယ်ဆိုတာပေါ့ မိဘ background or အိမ်က အဆင်ပြေတဲ့အခါကျ နိုင်ငံခြားမှာ ပညာကိုပဲထိ''ရောက်''ရှာမယ် ကျောင်းပဲတက်ရမယ် အချိန်တန်ရင်ဘွဲ့ရမယ် အဓိက က ဒီကရလာမဲ့ အကျိုးအမြက်ထက် ပညာရေးကိုဉီးစားပေး ပီးlife skillတစ်ခုဖြစ်အောင် သင်ယူရတယ်ဆိုပေမဲ့ အ ေ ခြခံလူတန်းစားတွေအဖို့် ကျတက်ဖြစ်ခဲ့ရရင် အိမ်ကမထောက်ပံနိုင်တဲ့အတွက် အလုပ်တစ်ဖက် part time jobတွေလုပ်မှသာလျှင် ကိုယ့်ဘာသာ ရှင်သန်ရပ်တည်နိုင်ပါ့လိမ့်မယ် ဒါတောင် သိပ်မသေချာသေးပါဘူး နေထိုင်စရိတ်တွေက မြင့်မားတဲ့ အတွက် အိမ်ကပြန်တောင်းရတဲ့အခါတွေပါ ရှိလာနိုင်ပါတယ် အဓိက သိစေချင်တာက စိတ်ဓာတ်ကျသွားအောင် ချိုးနှိမ်တာ မဟူတ်ဘဲ social က influence တွေကြောင့် ကို်ယ်တိုင်က သွားတက်ပေမဲ့ ဟိုရောက်ရင် အခက်အခဲတွေအများကြီးရှိနိုင်ပါတယ် အိမ်က အနည်းဆုံး စစချင်းတောင် 200/300လောက်အနည်းဆုံးထောက်ပံ့ရပါတယ် ဒါတောင်အနည်းဆုံးပါ ဒ ါကြောင့်မို့သေချာ စဉ်းစားစေချင်ပါတယ် ဒီအမပြောသလို ကိုယ်တိုင် ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင် ရပ်တည်နိုင်မှ စလဲ နောက် မကျပါဘူး အဓိက ကskillတွေ ဖြည့်ပါ skillရှိရင် အမြဲနေရကောင်းတစ်ခုရတက်ပါတယ် ကိုယ်လဲ အဲ့ဒီလိုလူထဲကတစ်ယောက် မလို့ကြိုးစားနေဆဲပါ(no hate, just my opinion)
2026-08-22 11:47:18
19
callmecoolboilicbi :
ဂျာမန်မှာတက်တာကကောအမ ကျောင်းစရိတ်မရှိဘူးဆို ဘာသာစကားကျွမ်းကျင်ရင်ရပီဆို
2026-08-24 01:32:22
1
𝗖 :
ဟိုလေအမ ညီမလဲ နိုင်ငံခြားသွားချင်တာ တစ်ချို့အရာတွေအခက်ခဲရှိနေတာ မေးလို့ရမလား
2026-08-22 10:38:01
10
Zwe🐼 :
အခုက နိုင်ငံခြားမာအမရေ အထက်တန်းမပီးခဲ့ဘူး အခုပြန်tryချင်နေတာ နိုင်ငံခြားမာမို့ဘယ်လိုလုပ်သင့်လဲအမ
2026-08-24 02:19:24
1
Dettar :
နားဝင်မချိုဘူးဗျ ကျနော်လည်းအသက်ကြီးရင်ကြီးပါစေတော့ အလုပ်နဲ့ထွက်ပြီး ငွေစုပြီးမှ uni ဆက်တက်မယ်လို့တွေးထားပါတယ်(အလုပ်တွေလုပ်ကြည့်ရင်းနဲ့မှ စိတ်ကူးပြောင်းသွားမလားတော့မသိ) honestly review ပေးလို့ကျေးဇူးတင်ပါတယ်🥰
2026-08-22 14:49:33
9
idcaholic :
ပြောပြလို့ကျေးဇူးပါရှင် ရေရှည်မတွေးဘဲလုပ်ချင်ရာလုပ်မိတော့မလို့
2026-08-22 07:52:54
5
Mizumi :
6တန်းပဲအောင်တာ ဆက်တက်ဖို့လဲစဉ်စားနေရတယ် အခုကတော့စက်ကတော့ကောင်းချုပ်တတ်တယ်သတိုးသမီးအထည်တွေစီးကွန့်တွေထိချုပ်တတ်နေပီး သိုးမွှေးလဲထိုးတတ်နေပီ ITနဲ့ပက်သက်တဲ့ဟာတွေလဲလေ့လာနေတယ်ဒါပေမယ့် သူများတွေလိုမျိုး University တက်ခြင်မိတာ အခုလဲမပျော်ရတာမဟုတ်ပါဘူး အရမ်းပျော်နေရပေမယ့်တစ်ခါတစ်လေ အတွေးတွေများပြန်ရော
2026-08-24 06:11:20
1
🫶🏻N💋 :
ညီမလည်းနိုင်ငံခြားမာကျောင်းတက်ချင်တာပါ သိချင်တာလေးတေအမကိုမေးလို့ရမလားရှင့်
2026-08-23 06:53:45
1
Andrea :
မမ နိုင်ငံခြားကuniတွေကကျောင်းနဲ့သုံးနှစ်လောက်အဆင်ပြတ်သွားရင်လက်မခံတော့ဘူးဆိုတာဟုတ်လားရှင့် ဖြေပေးလို့ရမလားရှင့်
2026-08-23 07:34:07
1
noviarchive15 :
ပြောပြပေးတာ ကျေးဇူးပါ အစ်မ တွေးစရာတော်တော်လေးရပါတယ်
2026-08-22 03:17:11
4
STARIES :
GED ပြီးရင် အချိန်ပိုင်းလုပ်ပြီး ကျောင်းတတ်နိုင်မယ် တွေးထားတာ အဆိုးဆုံးတွေနဲ့ယှဉ်တွဲထားတာမို့ မရနိုင်လောက်ဘူးဆိုလဲ ကိစ္စတော့မရှိပေမဲ့ အ့တာပြီးတာနဲ့ အလုပ်တန်းဝင်လို့မရပြန်ဘူး တကယ်ပါ ပိုက်ဆံက ပျော်ရွင်မှု မပေးနိုင်ပေမဲ့ ဖစ်ချင်တာတွေဖစ်ခွင့်ရှိပြီး ပျော်နိုင်အောင် လုပ်နိုင်စွမ်းကလုံးဝရှိတယ် ။❤️🩹
2026-08-22 12:08:36
3
Liam :
အမရေ ညမကအခုစကောလာတော့မလျှောက်ရသေးဘူး ပတ်စ်ပို့အဆင်မပြေသေးလို့ နောက်နှစ်ကျလျှောက်မှာမို့ အမဘယ်လိုတေနေရလဲပြောပြပါလားအမ
2026-08-22 01:00:17
3
K :
ညီမလည်းအစကနိုင်ငံခြားမှာuniဆက်တက်မို့လုပ်ခဲ့တာပါ gedနှစ်လကျော်လောက်တက်ခဲ့ရတယ် နောက်ပိုင်းအိမ်နဲ့ညှိနှိုင်းတာအဆင်မပြေလို့g12ဘက်ကိုပဲပြန်ပြောင်းခဲ့ရပါတယ် ကိုယ့်အိမ်ကလည်းအခက်အခဲနဲ့မို့ မိဘတွေကလည်းအသက်ရလာပြီးအမေဆိုရင်လည်းဆေးကုရတဲ့စရိတ်တွေနဲ့မို့ မောင်နှမလည်းနှစ်ယောက်ထဲရှိတာအကိုကလည်းသူ့အိမ်ထောင်နဲ့သူပဲလေ အစကတော့ရအောင်တက်မှာဘာညာတွေးထားသေးအိမ်နဲ့ပြောကြည့်တော့မရလို့စကားတွေများခဲ့ရသေးအဲ့တုန်းက အဲ့ပညာရေးကိုလက်လွှတ်လိုက်ရတော့အတော်လေးဝမ်းနည်းခဲ့ရပါတယ် နောက်ပိုင်းတော့စဉ်းစားမိတာ ကိုယ်အဆင်ပြေတာ လေးကိုပဲပိုကောင်းအောင်လုပ်ဖို့ တကယ်လို့ကကိုယ်နိုင်ငံခြားမှမသွားရင်ဘာဖြစ်မယ်ညာဖြစ်မယ်ပြီးအိမ်ကမိဘတွေကအိမ်တွေပေါင် ရှိတာရောင်းပြီးထားရင်တောင်မိဘတွေကလည်းအဆင်မပြေစိတ်ဆင်းရဲရသလိုကိုယ်လည်းစိတ်ဖြောင့်ဖြောင့်နဲ့တက်နိုင်မှာမဟုတ်ပါဘူး
2026-08-22 23:19:35
1
𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐚 :
စာလေးcopyချပေးလို့ရလားဟင်
2026-08-22 13:20:20
1
mktro🇲🇲 :
👍👍👍 ပြည်ပမှာအပီးအပိုင်နေပီးအလုပ်လုပ်ရင်းပညာရှာ အဲဒီမှာပဲတဘဝလုံးနေမယ့်သူအတွက်အဆင်ပြေပါတယ်
2026-08-22 16:40:00
1
qqq :
ကျေးဇူးပါရှင်
2026-08-23 11:45:55
0
也英 ♡ :
အိမ်ကိုဝန်မပိစေချင်လို့ပိုက်ဆံကိစ္စဆွေးနွေးတာ စာကိုပဲအာရုံစိုက်မထားလို့ဆိုပြီးစကားများထားရတယ် ခုတလောဒီကိစ္စကိုပဲတွေးနေရလို့ခေါင်းခြောက်နေတာ ဒီအကြံပေးချက်ကစဥ်းစားတဲ့နေရာမှာအထောက်အကူတခုဖြစ်သွားပါတယ် ကျေးဇူးပါ
2026-08-24 06:26:36
1
Apārūtā :
🥰🥰🥰
2026-08-24 04:26:45
0
Apārūtā :
😂😂😂
2026-08-24 04:26:40
0
DeborahNNC" :
❤️❤️❤️
2026-08-22 10:50:23
1
Shwe Zin🍁🌻💚 :
❤
2026-08-24 05:56:57
0
To see more videos from user @prepify_scoreclub, please go to the Tikwm
homepage.