@police.watch18: #cops #police #copusa🚔🇺🇸 #policeofficer #trending

Police Watch
Police Watch
Open In TikTok:
Region: US
Friday 28 August 2026 20:45:25 GMT
822
46
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @police.watch18, please go to the Tikwm homepage.

Other Videos

ကျွန်းလှ သဖန်းဆိပ်ဆည် ရွှေမျှောတွေကို စစ်အုပ်စု တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ၊ သေဆုံးသူ နှစ်ဦးနဲ့ ဒဏ်ရာရသူ ၃၀ ကျော် ရှိပြီး ရွှေဖောင် ဆယ်နဲ့ချီ ပျက်စီးမီးလောင်၊ ဒေါ်လာ/MFP၊ အောက်တိုဘာ - ၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော်လုပ်ကိုင်နေတဲ့ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး ရွှေမျှော၊ ရွှေဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ရွှေတူးဖော်နေသူတွေထဲက အနည်းဆုံး နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူလည်း ၃၀ ကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ အောက်တိုဘာ ၅ရက် ဒီကနေ့ နေ့လည် ၁နာရီကျော်အချိန် သဖန်းဆိပ်ဆည်အနီးရှိ ရွှေတူးဖော်တဲ့ ဖောင်တွေကို ဟုမ္မလင်းမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ် တစ်စီးနဲ့ ပထမအကြိမ် ဗုံးကြဲပြီးနောက် ထိမှန်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် ညနေ ၄နာရီခွဲအချိန်မှာ နောက်ထပ် တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံကာ တရစပ် ဗုံးကြဲသလို ရော့ကတ် (Rocket) တွေနဲ့ပါ ပဟ်ခတ်သတ်ဖြတ်တာလို့ ဆိုပါတယ်။ “ဟုမ္မလင်းတက် ဂျက်ဖိုက်တာ၊ ရော့ကတ်လို့ ပြောရမလား၊ အဲ့ဒါတွေနဲ့ အတွဲလိုက်ပစ်တာ။ လူက ၃၀ လောက် ဒဏ်ရာရတယ်။ နစ်ဦးသေတယ်၊ ညနေကတော့။ ရေထဲမှာ အလောင်းရှာမတွေတာလည်း ရှိတယ်။ မီးလောင်တာတွေဆိုတော့ စိုးရိမ်ဒဏ်ရာတွေနဲ့ပဲ၊ ခြေထောက်ပြတ်တဲ့သူတွေလည်း များတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ ရွှေဖောင် ၁၀ ဖောင်ထက်မနည်း မီးလောင်ပြီး ဝရုန်းသုန်းကား ဖြစ်နေဆဲလို့လည်း ဆိုပါတယ်။ အဲ့ဒီ သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော် လုပ်ကိုင်သူတွေဟာ စစ်ကိုင်းတိုင်း ဒေသအနှံ့က စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်ပြီး ကြီးပွားချမ်းသာဖို့အတွက် မဟုတ်ဘဲ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် လာရောက် ရွှေတူးဖော်လုပ်ကိုင်နေကြရသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ချမ်းသာဖို့အတွက် မဟုတ်ဘဲ ဝမ်းရေးအတွက် အလုပ်လာလုပ်ကြတဲ့ ရွှေဖောင်မျောအလုပ်သမားတွေ၊ ဒီ အလယ်ပိုင်းကသူတွေက အရမ်း ရေမကူးတတ်ကြဘူး၊ အလုပ်အကိုင် ရှားပါးတော့လည်း ရွှေဖောင် အလုပ်သမား လာလုပ်ကြတာ။ အခုနောက်ပိုင်း စကစ တွေကဖောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတော့ ဖောင်ကို ကြဲခံရရင် အလုပ်သမားတွေ အသက်ဆုံးရှူံးရတယ်။ ကမ်းမနီး လမ်းမနီး ဝပ်စရာ မရှိတဲ့ ဆည်ရေပြင်ကြီးထဲမှာ ကံကို ယုံပြီး အလုပ်လုပ်ရတယ်။ အရင်လတွေ ကြဲတုန်းကလည်း အသက်ဆုံးရှုံးသူ များတယ်။ ကိုယ်မသေသေးသမျှ ဝမ်းရေးအတွက် ဆက်လုပ်နေရတာ သဘာဝမို့ ကံကိုသာ ယုံကြည်မိကြရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ သဖန်းဆိပ်ဆည်အနီးရှိ တရားမဝင် ရွှေတူးလုပ်ငန်းတွေကို ဗုံးကြဲရှင်းလင်းခဲ့တယ်လို့ ကန့်ဘလူနယ် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ က လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ အဲ့ဒီ သဖန်းဆိပ်ဆည်အနီး စစ်အုပ်စုက နယ်မြေမစိုးမိုးနိုင်လို့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကနေ ဆက်ကြေးငွေ မကောက်ခံဘဲ တော်လှန်ရေး အင်အားစုတွေက နယ်မြေစိုးမိုးထားတာကြောင့် အခုလို နိုင်ငံတဲ့ပြည်သူကို ပစ်မှတ်ထားကာ ရွှေမျှောတွေ ဆက်လက် မလုပ်ကိုင်ရဲအောင် ဗုံးပတ်ကြဲနေတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ရက်ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးဖော်တဲ့ ရွှေမျောဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ သေဆုံးသူ ၁၃ဦးနဲ့ အလောင်ရှာမရဘဲ ပျောက်ဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ မတ်လနောက်ပိုင်း စစ်အုပ်စုက သဖန်းဆိပ်ဆည်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို မကြာခဏ ဗုံးပတ်ကြဲနေတာလည်း ဖြစ်ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP  #အညာ #စစ်ကိုင်း #သဖန်းဆိပ်ဆည် #ရွှေမျှောရွှေဖောင်

About