@zayartbz7news: စစ်ကောင်စီလက်အောက်ခံ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက PJ ပတ်စ်ပို့သက်တမ်းတိုးသူများကို အခွန် ၃ နှစ်စာ ရင်းဂစ် ၁,၀၈၀ ကောက်ခံပြီး ပတ်စ်ပို့ကြေး၊ ဒဏ်ကြေး အပါအဝင် မြန်မာငွေ ၁၄ သိန်းနီးပါးကုန်ကျနေ ရန်ကုန်၊ စက်တင်ဘာ ၆ မလေးရှားနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသားများ၏ PJ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးရာတွင် အခွန် ၃ နှစ်စာအဖြစ် မလေးရှားရင်းဂစ် RM ၁,၀၈၀ ကို မဖြစ်မနေ ကောက်ခံနေပြီး ပတ်စ်ပို့သက်တမ်းတိုးခနှင့် ဝန်ဆောင်ခများ ပေါင်းစပ်ပါက မြန်မာငွေ ကျပ် ၁၄ သိန်းနီးပါးအထိ ကုန်ကျနေကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။ စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ပတ်စ်ပို့စာအုပ်သက်တမ်းတိုးခအပြင် အခွန် ၃ နှစ်စာကိုပါ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ ဗီဇာ သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများအတွက် တစ်လလျှင် RM ၃၀ နှုန်းဖြင့် အခွန်ကောက်ခံနေခြင်းဖြစ်ပြီး တစ်နှစ်လျှင် RM ၃၆၀၊ ၃ နှစ်စာအတွက် RM ၁,၀၈၀ ကို တစ်ကြိမ်တည်း ပေးဆောင်ရခြင်းဖြစ်သည်။ ယင်းအပြင် ပတ်စ်ပို့စာအုပ်နှင့် ဝန်ဆောင်ခအတွက် RM ၂၁၀ ထပ်မံပေးဆောင်ရသဖြင့် ဗီဇာ သို့မဟုတ် ပါမစ်ရှိသူတစ်ဦးအနေဖြင့် ပတ်စ်ပို့သက်တမ်းတိုးရန် စုစုပေါင်း RM ၁,၂၉၀ ပေးဆောင်ရကြောင်း သိရသည်။ “စက်တင်ဘာ ၁ ရက်နေ့ကစပြီး ပတ်စ်ပို့စာအုပ်သက်တမ်းတိုးရင် မလေးရှားမြန်မာသံရုံးကို အခွန် ၃ နှစ်စာ မဖြစ်မနေ ပေးရတော့တယ်။ တစ်လ RM ၃၀ နှုန်းနဲ့ ၃ နှစ်စာ RM ၁,၀၈၀ ဖြစ်တယ်။ စာအုပ်နဲ့ ဝန်ဆောင်ခ RM ၂၁၀ ထပ်ပေါင်းရင် စုစုပေါင်း RM ၁,၂၉၀ ပေးရတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် မလေးရှားရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ် သမားအချို့ ပတ်စ်ပို့သက်တမ်းတိုးခဲ့ပြီးနောက် ရရှိသည့် ငွေလက်ခံပြေစာများအရ အခွန် ၃ နှစ်စာ RM ၁,၀၈၀ ကောက်ခံမှုကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရှိရသည်။ အခြားတစ်ဖက်တွင် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ ပတ်စ်ပို့စာအုပ်သာ ကိုင်ဆောင်ထားသူများအနေဖြင့် အခွန် ၃ နှစ်စာ RM ၁,၀၈၀၊ ပတ်စ်ပို့စာအုပ်နှင့် ဝန်ဆောင်ခ RM ၂၁၀ အပြင် ဒဏ်ကြေး RM ၄၈၀ ခန့် ထပ်မံပေးဆောင်ရပြီး စုစုပေါင်း RM ၁,၇၇၀ အထိ ကုန်ကျနေကြောင်း သိရသည်။ ဒဏ်ကြေးငွေမှာ ပတ်စ်ပို့စာအုပ်၏ သက်တမ်းနှင့် ဗီဇာ၊ ပါမစ်ရှိ၊ မရှိ အခြေအနေပေါ်မူတည်၍ အပြောင်း အလဲရှိနိုင်ကြောင်း၊ ပတ်စ်ပို့စာအုပ်မှာ သက်တမ်း ၅ နှစ်ဖြစ်သဖြင့် ဗီဇာ သို့မဟုတ် ပါမစ်ကို တစ်နှစ်ခန့်သာ ကပ်ထားသူများအနေဖြင့် ဒဏ်ကြေးပေးဆောင်ရသည့် ပမာဏမှာ ကွာခြားနိုင်ကြောင်းလည်း မလေးရှားရောက် မြန်မာများက ပြောဆိုသည်။ လက်ရှိတွင် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် မလေးရှားအစိုးရထံသို့ သက်ဆိုင်ရာ အခွန်များ၊ လူမှုဖူလုံရေးကြေးများ၊ ဆေးစစ်ခများနှင့် အခြားအလုပ်သမားဆိုင်ရာ ကုန်ကျစရိတ်များကို ပေးဆောင်နေရပြီးဖြစ်ရာ ပတ်စ်ပို့သက်တမ်းတိုးရန် မြန်မာသံရုံးက အခွန် ၃ နှစ်စာကို တစ်ကြိမ်တည်း ထပ်မံကောက်ခံလာခြင်းကြောင့် အလုပ်သမားများ၏ ငွေကြေးဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာကြောင်း သိရှိရသည်။ အထူးသဖြင့် ဝင်ငွေနည်းပါးသည့် စက်ရုံအလုပ်သမားများနှင့် အခြေခံအလုပ်သမားများအတွက် ပတ်စ်ပို့သက်တမ်းတိုးရာတွင် RM ၁,၂၉၀ အထိ ကုန်ကျနေပြီး မြန်မာငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ပါက ကျပ်ငွေ ၁၄ သိန်းနီးပါးအထိ ပေးဆောင်နေရကြောင်း သိရှိရသည်။ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိသူများမှာမူ ဒဏ်ကြေးများပါ ထပ်မံပေးဆောင်ရသဖြင့် စုစု ပေါင်း RM ၁,၇၇၀ အထိ ကုန်ကျနိုင်ရာ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအတွက် ပတ်စ်ပို့သက်တမ်းတိုးရေးသည် ငွေကြေးအရ ပိုမိုခက်ခဲလာနေကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများက ပြောဆိုကြသည်။ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့နှင့် အခြားကောင်စစ်ဝန်ဆောင်မှုများအပေါ် အခွန်နှင့် အခကြေးငွေများ တိုးမြှင့်ကောက်ခံလာခြင်းသည် ဝင်ငွေနည်းပါးသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအပေါ် ပိုမိုဖိအားဖြစ်စေနေကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ် #ပြည်တွင်းသတင်း #zayartbz #မြန်မာသတင်း
ZayarTBZ 7 News
Region: TH
Monday 07 September 2026 02:26:17 GMT
Music
Download
Comments
Wai Lin Thaw :
ကျွန်ဖြစ်တာတောင်ကျွန်အခွန်ဆောင်ရသေးတယ်
2026-09-07 02:39:15
54
ကျေးလက်သူလေး(အညာမြေ) :
အခွန်သာလိုချင်တာ ကူညီဖို့တော့ ဝေး
2026-09-07 04:37:06
45
🇲🇲🇲🇲Khit Lupyo 🇺🇸🇺🇸 :
အဲ့အပေါ်ကိုမှ အေးဂျင့်တွေကထပ်ပေါင်းစားလိုက်တော့ တစ်ချို့ဆိုရင်1500/1600ပေးရတဲ့သူတွေတောင် ရှိသေးတယ်
2026-09-07 04:48:30
9
Daw Cho Htay :
ကျွန်မအမျိုးသားက တနှစ်ကိုသက်တန်းတိုးခ 7550ပေးရပါတယ်
2026-09-07 06:30:12
4
𝖟𝖚𝖑𝖞 𝖒𝖔𝖊🦋 :
ဘာဖြစ်လို့ဒီလောက်ရက်စက်ရတာလည်း
2026-09-07 04:26:08
1
နေဖြိုး :
1290
2026-09-07 07:40:45
0
အမုန်း :
အဲ့တော့ဘာဖြစ်လည်းမပေးချင်မတိုးနဲ့ပေါ့သူနေရာသူ့စည်းကမ်းပဲ
2026-09-07 05:06:15
1
Ⓞⓞ ⓟⓨⓐ ⓖⓨⓘ Ⓞⓕⓕⓘⓒⓘⓐⓛarsenal.fan :
1870
2026-09-07 05:30:59
0
YZ🩵H :
မလေးအစိုးရကလည်း တစ်လကို RM100လောက်ဖြတ်ပါတယ် သူဌေးက တဝတ်စိုက်ရင်တော့ RM 50လတိုင်းဖြတ်ပါတယ် မြန်မာနိုင်ငံ အပီးပြန်ရင်တော့ ပြန်ပေးပါတယ် မပြန်မချင်းတော့ လတိုင်းပေးရမှာပါ
2026-09-07 04:31:46
0
New Messi :
သွားလည်းမလုပ်ဘူး တိုးလည်းမတိုးဘူး မဟုတ်လည်း ဖမ်နေကြတာ😏
2026-09-07 05:07:26
3
🐿လူကိုလူလိုမြင်စေချင် တယ်🐇 :
မလေးအစိုရကိုလစာထဲကချေးရသေဗျEPF😅😅😅
2026-09-07 04:13:11
0
🇲🇲Min Htet🇲🇾🇲🇾 :
1770
2026-09-07 15:55:27
0
Zaw Htet :
အဲ့လိုတွေကြောင့်လည်းမြန်မာပြည်ကအလုပ်သမားတွေကဘယ်နိုင်ငံရောက်ရောက်မျက်နှာငယ်ရတယ် အစိုးရရဲ့တာဝန်ထမ်းဆောင်ဒါတောင်အလုပ်သမားတွေဖတ်ကမကြည့်ဘူးရယ်
2026-09-08 02:21:03
0
🎀 Wai Wai 🎀 :
အမျိုးမျိုးပဲ တောင်းနေတာစိတ်ညစ်လာပြီရှင်။
2026-09-08 03:15:39
0
🍓Mãy🍓 :
14သိန်းမကဘူးဟေ့ 17ကျော် 😂 နောက်နှစ်တော့ 30ကျော်တော့မယ်🥺
2026-09-08 02:08:17
0
love! :
ယုတ်မာတာ😏
2026-09-07 14:10:26
0
thantzinwin2124 :
ဟုက်တယ်ငါဆို1250ကုန်တယ်
2026-09-07 13:26:56
0
Ba Kyee Aung🇲🇲-🇲🇾 :
ပြည်သူလူထုအတွက် ဘာမှသုံးစားမရတဲ့ သံရုံး
2026-09-07 06:08:42
7
sawehdoh409 :
မှန်းပ ဗျာ
2026-09-07 12:46:21
0
CID Naing Minဆားပုလင်း :
Rm 2500မပါရင်မသွားနဲ့
2026-09-07 12:35:34
0
သုတအောင်(ခ)Aung gyi :
ဟုတ်တယ်ဗျာငတ်ပျက်နေကြတာ
2026-09-07 12:51:25
0
kaung khant kyaw🚩🚩 :
နိုင်ငံဖွင့်ဖြိုးတိုးတက်လာအောင်သာလုပ်ပေးချင်တဲ့ဆန္ဒလုံးဝမရှိတာ ဘယ်လိုဒုတ္ခမျိုးစုံပေးရမလဲဆိုတာတော့ဒေါင့်ပေါင်းစုံကနေအကြံထုပ်နေကြတာ
2026-09-08 02:53:10
0
Zin phoy ning :
မပေးကကာ
2026-09-08 05:37:23
0
user5265967267088 :
[Sticker]
2026-09-07 05:07:00
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.