@bwa189: တန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်လာဖို့ ကိုယ်ကျင့်တရားမပျက်စေနဲ့... တစ်ခါဖောက်ပြန်လိုက်တာနဲ့ အရာအားလုံး အရင်လို ပြန်မရနိုင်တော့ပါဘူး... အပျော်သဘောပဲဖြစ်ဖြစ် အပျင်းပြေသဘောပဲဖြစ်ဖြစ် တစ်ကြိမ်ဖောက်ပြန်လိုက်တာနဲ့ မိမိအပေါ် ထားကြတဲ့ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့အတွက် အရမ်းခက်ခဲသွားတတ်ပါတယ်.... အချစ်တစ်ခုကို တည်တံ့အောင်ထားတာထက် ဖျက်စီးသွားဖို့ ပိုလွယ်သွားတတ်ပါတယ်... ကိုယ်လုပ်ခဲ့တာကို ကိုယ်တိုင်ပဲ မနှစ်သက်တော့တာကြောင့် စိတ်အေးချမ်းမှု ပျောက်ဆုံးသွားနိုင်ပါတယ်.... အပြင်ပန်းမှာ မမြင်ရပေမယ့် အတွင်းစိတ်မှာ အမြဲတမ်းလေးလံ နေတတ်ပါတယ်.... မိသားစု သူငယ်ချင်းတွေထဲမှာလည်း ကိုယ့်အပေါ် အမြင်မကောင်းဖြစ်လာ နိုင်ပါတယ်.... ကိုယ်တိုင်ဖောက်ပြန်ဖူးတဲ့သူတွေဟာ တစ်ခါတလေ နောက်ထပ်လူကိုလည်း မယုံကြည်ရဲတော့ပါဘူး... အချစ်စစ်တွေကို ပျက်စီးသွားအောင် လုပ်မိတာကြောင့် နောက်ဆုံးမှာ တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်... ကိုယ့်ကိုယ်ကိုလည်း လေးစားမှု လျော့နည်းလာပြီး ကိုယ့်တန်ဖိုး ကိုယ်မမြင်နိုင်ပါဘူး.... လိမ်ညာမှုတွေ ဖုံးကွယ်မှုတွေကြောင့် စိတ်ဖိစီးမှု ပိုများလာတတ်ပါတယ်... တကယ်တန်ဖိုးရှိတဲ့ အချစ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် အတွင်းစိတ်ပျော်ရွှင်မှု မကျန်တော့တတ်ပါဘူး... ဖောက်ပြန်ခြင်းက အနိုင်မဟုတ်ဘူး… ကိုယ့်ဘဝကို ကိုယ်ရှုံးနေတာပါပဲ... ဖောက်ပြန်တာက ကောင်းသလားဆို ရင် ဖောက်ပြန်တာကို နှစ်သက်သူအတွက်ကတော့ ကောင်းတယ်လို့ပြောမှာပါ... နေ့တိုင်းထမင်း ဟင်းစားနေရတာ ငြီးငွေ့လာလို ပေါင်မုန့်လေးပြောင်းစားရသလို ပဲလို့ပြောချင်ပြောကြလိမ့်မယ်... အသစ်အဆန်းဖြစ်တာမို့ ခံစားချက်လဲ ပိုလတ်ဆတ် တယ်ရင်ခုန်သံလည်း ပိုပြီး သစ်လွင်တာပေါ့လို့... အချို့လူငယ်တွေဆိုရင် ရည်းစား ၃-၄ယောက်ထားတဲ့အခါ စော်ကြည်တယ် ဘဲကြည်တယ် ဆိုပြီး သူငယ်ချင်းတွေ ကြားထဲ မျက်နာပွင့်တယ်ပေါ့... ဒါပေမယ်... ကိုယ့်အပေါ်တကယ်ချစ်ပြီး တန်ဖိုးရှိတဲ့ချစ်သူအိမ်ထောင်ဖက်ကို ဖောက်ပြန်တဲ့အခါမှာ အများကြီးကို ဆုံးရှုံးရပါလိမ့်မယ်.... ကိုယ့်ချစ်သူ အိမ်ထောင်ဖက်ကို လိမ်ရမယ်.... အဲ့ဒီတော့.. စိတ်ကမလုံခြုံမှုကို ခံစားရမယ် ပြီးတော့ ကံ(၅) ပါးထဲမှာ ၂ ပါးကို ကျူးလွန်လိုက်ပြီးမို့ ကိုယ့်ကို ကူညီ စောင့်ရှောက်နေတဲ့ နတ်မြတ်နတ်ကောင်းတွေရဲ့ ငြိုငြင်ခြင်း ဖယ်ခွာခြင်းကို ခံရ ပါမယ်... ကိုယ်ဖောက်ပြန်နေတာ ကို ချစ်သူ/ အိမ်ထောင်ဖက်က သိရှိသွားတဲ့အခါ ကိုယ့် အပေါ်မှာ လေးစားမူ အလွန်လျော့ ကြ သွားမှာပါ.... Relationship.တစ်ခုမှာ balance. ဖြစ်စေတာက အပြန်အလှန်လေးစားယုံကြည်မူပါပဲ... အဲ့ဒီအချက် ပျောက်ကွယ်သွားပြီး အချစ်ရေး အိမ်ထောင်ရေးမှာ အဆင်မပြေမူတွေ စိတ်ညစ်စရာဖြစ် လာပါလိမ့်မယ်.... နွေးထွေးပျော်ရွှင်တဲ့ Rs လေး ပြိုကွဲရမှာပါ.... မိသားစုတွေ ပတ်ဝန်းကျင်က မိတ်ဆွေတွေသိရှိသွားတဲ့အခါ သိက္ခာက ကုန်းကောက်စရာ မရှိလောက်အောင်ကျပါလိမ့်မယ်.... အချစ်ရေး အိမ်ထောင်ရေး ဖောက်ပြန်တဲ့ လူတစ်ယောက်ကို ဘယ်သူမှအထင်ကြီးလေးစားမှာ မဟုတ်ပါဘူး.... ပိုက်ဆံရှိ ရာထူးဂုဏ်ရှိလို့ အရှေ့မှာ လေးစားပြပေမဲ့ နောက်ကွယ်မှာတော့ နှာခေါင်းရှုံ့ခံရမှာ သေချာပါတယ်.... နောက်တခုက စီးပွါးရေးမှာ ယုံကြည်မူ လျော့ကြတာခံရပါမယ်.... လူမူရေး အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ လူတယောက်ကို ဘယ်သူကမှ ယုံကြည်ပြီး ငွေကြေးကိစ္စ ဆောင်ရွက်မှာလဲ.... ကိုယ့်ရဲ့ Aura.ကညှိုးမှိန်လို့လာပါမယ်... ရည်းစား ၂ ယောက် ၃ ယောက်ထားတာအိမ်ထောင်ရေးဖောက်ပြန်တာတွေ လုပ်တဲ့အခါ.... တခြားလူ ဘယ်သူမှ မသိရင်တောင် ကိုယ်ကိုတိုင်နဲ့ ကိုယ့်ကို စောက်ရှောက်နေ တဲ့ နတ်ကောင်းတွေက သိပါတယ်.... အဲ့ဒီကနေ ကိုယ်ရောင်ကိုယ်ဝါ ညိုးမှိန်လာမယ်.... ဘုန်းကံ ဆင်းလာပြီး လုပ်ငန်းစီးပွါးရေး ကျဆင်းလာတာ... ဘာလုပ်လုပ် အဆင်မပြေတာ.... ပတ်ဝန်းကျင်ရဲ့ လေးစားယုံကြည့်မူတွေ မရတော့တာ စတဲ့အရာတွေ ဆက်တိုက် ဖြစ်ပေါ်လာပါလိမ့်မယ်.... ဒီနေရာမှာ တခုပြောချင်တာက ငါလည်းဖောက်ပြန်နေတာပဲ စီးပွားပျက်မသွားပါဘူး ငွေဝင်အဆင်ပြေနေတာပဲ အေးဆေး ပါ"ဆိုတဲ့သူတွေရှိမှာပါ... ဟုတ်ပါတယ် ရှိပါတယ် မြင်လည်း မြင်ဖူးပါတယ်.... ဒါပေမယ့် ခွေးရူး ကောင်းစား တစ်မွန်းတည့်လောက်ပါပဲကွယ်.... #လေးစားစွာဖြင့်.... #N.D.K.. #fypシ゚viral
ဘဝဒဿနစာစု
Region: MM
Sunday 13 September 2026 15:29:15 GMT
Music
Download
Comments
Kyaw Kyaw :
မှန်ပါတယ်ဗျ
2026-09-16 06:55:16
1
Ko Ko :
မျှဝေခွင့်ပြုပါဗျာ
2026-09-30 15:43:57
0
Gg :
👍👍👍
2026-09-15 00:12:00
1
❤>M^A<❤ :
🌷🌷🌷
2026-09-15 06:05:14
1
Minးးးးမာဏ⁉⁉♻🔆🇲🇨🈹📛🛐🇲🇲 :
😔😔😔
2026-09-15 13:51:48
1
kyawgyi :
🥰🥰🥰
2026-09-15 16:18:59
1
To see more videos from user @bwa189, please go to the Tikwm
homepage.