@eh_rtv1: skimc.pl #dc #dla #dlaciebie #minestar #rapy #dupe #skypvp #boxpvp #crystalpvp #elypvp #smp #boxhunt #beehc #vanishmc #averhub #anarchia #anarchiaffa

eh_rt
eh_rt
Open In TikTok:
Region: PL
Tuesday 15 September 2026 18:34:27 GMT
330
8
3
2

Music

Download

Comments

kaucia1zloty
rexsiu_15 :
casino i chunk ...
2026-09-15 19:05:26
1
n1tr0fade
N1tr0fade :
trochę słabo wyszlo i nie wbit filipku
2026-09-15 19:38:10
0
ursakrol
ursakrul :
Sciek!
2026-09-15 20:14:05
0
To see more videos from user @eh_rtv1, please go to the Tikwm homepage.

Other Videos

စစ်မှုထမ်းဖို့ ငြင်းဆန်သည့် လူငယ်တစ်ဦးကို ရိုက်သတ်ကာ အလောင်းကို တိတ်တဆိတ် စွန့်ပစ်ခဲ့သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး Democratic Press/ ၂၀၂၆ စက်တင်ဘာ ၁၆ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက စက်တင်ဘာလဆန်းပိုင်းက ညဘက်တွင် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရုံးအတွင်း၌ ထိုလူငယ်အား စစ်မှုထမ်းရန် ဖိအားပေးရာတွင် ငြင်းဆန်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမိုက်များက သံတုတ်များဖြင့် ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။  ရိုက်နှက်ဒဏ်ရာများကြောင့် အဆိုပါ လူငယ်မှာ ရပ်ကွက်ရုံးအတွင်း၌ပင် သေဆုံးသွားခဲ့သည်။ ကျူးလွန်သူများသည် သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို ရပ်ကွက်ရုံးအတွင်း၌ပင် တစ်နေကုန် ထားရှိခဲ့ကြသည်။ ထို့နောက် ညသန်းခေါင်ကျော် နံနက် ၂ နာရီခန့်အရောက်တွင် သက်သေအထောက်အထားများ ဖျောက်ဖျက်ရန်အတွက် ရုံး၏ CCTV ကင်မရာများကို ပိတ်၊ မီးများကို အမှောင်ချခဲ့ကြသည်။  အလောင်းကို ကားနောက်ဖုံးထဲသို့ ထည့်သွင်းကာ FMI နှင့် ရှမ်းကျောင်း ကျေးရွာနှစ်ခုဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံပုတ်အတွင်း၌ မှောက်လျက်အနေအထားဖြင့် သွားရောက် စွန့်ပစ်ခဲ့ကြသည်။ လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့နယ်အသီးသီး၌ စစ်မှုထမ်း အပတ်စဉ်များအတွက် လူငယ်များကို အဓမ္မ ဖမ်းဆီးစုဆောင်းခြင်း၊ ရိုက်နှက် ငွေညှစ်ခြင်းနှင့် လူစားထိုး ရောင်းစားခြင်းများ ဖြစ်ပွားလျက် ရှိသည်။ အမှတ် (၁) ရပ်ကွက်အတွင်း ည ၁၀ နာရီကျော်ပါက လူငယ်များ ဖမ်းဆီးခံရမှု မကြာခဏ ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက လူငယ်များကို စစ်မှုထမ်းအတွင်းသို့ ရောင်းစားမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများက ဆိုသည်။ လွန်ခဲ့သည့် စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း အလုပ်မှပြန်လာသူ ကိုနိုင်နိုင်ကျော် ဆိုသူ ဖမ်းဆီးခံခဲ့ရပြီး အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့၏ ညှိနှိုင်းမှုဖြင့် ငွေကြေးပေးကာ ၄ ရက်အကြာတွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ရပ်ကွက်နေပြည်သူများ၏ ဆူညံပေါက်ကွဲမှု၊ ဖိအားပေးမှုများနှင့် သေဆုံးသူ မိသားစုဝင်များ၏ တိုင်ကြားချက် ကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အဓိက ကျူးလွန်သူ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ပါဝင်သော ၇ ဦးလုံးကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း၌ အမှုအမှတ် (ပ) ၁၀၇၉/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၅ (ဖမ်းဆီးနှိပ်စက်မှု)၊ ပုဒ်မ ၃၀၄/၃၀၂ (လူသေမှု/လူသတ်မှု)၊ ပုဒ်မ ၂၀၂/၂၀၁ (အလောင်းဖျောက်မှု)၊ ပုဒ်မ ၁၁၄ (အကူအညီပေးမှု) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။ စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ အောက်ခြေ အာဏာပိုင်များကပင် သာမန် ပြည်သူလူငယ်များ၏ အသက်ကို အညှာအတာကင်းမဲ့စွာ ရိုက်သတ်၍ အလောင်းဖျောက်သည့်အထိ သောင်းကျန်းလာကြခြင်းသည် စစ်အာဏာရှင်စနစ်အောက်တွင် တရားဥပဒေ လုံးဝ ကင်းမဲ့သွားပြီး လူငယ်များ၏ အသက်အန္တရာယ် မည်မျှအထိ အကာအကွယ်မဲ့နေသည်ကို အထင်းသား မြင်တွေ့ရသည်။ #Myanmar #whatishappeninginmyanmar #Rejectthemilitarycoup #democraticpress

About