@thutaminmt: လောကီဆရာတစ်ယောက်ဘယ်လိုဖြစ်လာလဲပြောပြမယ်😆(Part I) လောကီလမ်းက ဆန်းကြယ်တယ်။ကိုယ်ဘာသာကိုယ်လဲ လောကီဆရာတစ်ယောက်ဖြစ်လာမယ်လို့လဲမထင်ထားမိဘူး။ အရင်က လောကီဆရာမဖြစ်ခင်က Foreign Company တွေမှာဝင်လုပ်ခဲ့ပြီး ကိုယ်ပိုင် Freelance Developer လုပ်မယ်ဆိုပြီးလွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကစပြီးကိုယ်ပိုင်စီးပွါးရေးလုပ်တယ်။ အခုမှ IT ပိုင်းကိုစလေ့လာမဲ့ Beginner တွေအတွက်အထောက်အကူဖြစ်အောင် ပညာဒါနသင်တန်းတွေအများကြီးလုပ်ပေးခဲ့တယ်။ နောက်ပိုင်းWeb Application Development ပိုင်းကို Online ပေါ်မှာရောအပြင်မှာစာသင်ပေးခဲ့တယ် Information Technology ကကျောင်းသားတွေ Gusto ကကျောင်းသားတွေအခြား Private University ကကျောင်းသားတွေအများစုကို online course သင်ပေးခဲ့တယ်။ အဲ့အချိန်တွေတုန်းကတော့ပေါ့ပေါ့ပါးပါးပဲ စာသင်ပေးလိုက် အပြင်အလုပ်က Project လက်ခံပြီး Coding လေးရေးလိုက် ဘော်ဒါတွေနဲ့သောက်လိုက်စားလိုက်နဲ့ ပဲအချိန်ကုန်ခဲ့တယ်။ အပေါင်းအသင်းတွေနဲ့စုံရင် တစ်ပတ်တစ်ခါလောက် ပုံမှန်သောက်ဖြစ်တယ် (မစုံလဲစုံအောင်လိုက်စုတာကိုယ်ပါ xD) နောက်ပိုင်းကျတော့ ဘီယာဖြစ်ဖြစ် အရက်ဖြစ်ဖြစ် သောက်ပြီးတာနဲ့ စိတ်ကောလူကောနေလို့မကောင်းတော့ဘူး တစ်ခွက်ပဲသောက်သောက် တစ်ငုံပဲသောက်သောက်နော် စိတ်ထဲမှာလေးပြီး မကောင်းတာလုပ်ထားသလိုလိုဖြစ်လာတာ ။ အဲ့လိုစိတ်ထဲလေးတာ တစ်ခါသောက်ပြီးရင် အနည်းဆုံး ၄ ရက် ၅ ရက်ကြာတယ် စိတ်ထဲနေလို့မကောင်းဘူးဖြစ်တာ။ ၅ ရက်နေလို့ နေလို့ကောင်းသွားရင် ထပ်သောက်တယ်လေ xD အဲ့လိုနဲ့သံသရာလည်လာတာ။ ဆရာမဖြစ်ခင် ၁ နှစ်ခွဲလောက်အလိုထဲကိုက ပုတီးစိပ် အဓိဠာန်တွေဝင်ဖြစ်တယ် ၄၅ ရက်သက်သက်လွတ်တို့ ၈၁ ရက် သက်သက်လွတ်တို့ပုတီးအဓိဠာန်တွေဝင်ဖြစ်တယ်။ အဲ့ကာလတွေဆိုရင်တော့မသောက်ဖြစ်ဘူး အဓိဠာန်ပြီးတာနဲ့ ပြန်သောက်တာပဲ။ နောက်ပိုင်းကျတော့ ဘယ်လိုမှသောက်လို့မရတော့ဘူး ဆရာမဖြစ်ခင် ၆ လလောက်အလိုက အဖျက်ဝင်တယ်ပဲပြောရမလား သရဲ၊ တစ္စေတွေကို ထင်ထင်ရှားရှားကို ည ၁ နာရီကနေ ၄ နာရီအတွင်းမြင်ရတာ။ အဲ့တာမပြောခင် ငယ်ငယ်တုန်းကမြင်ရတဲ့အကြောင်းအရင်ရှင်းပြမယ်။ကိုယ်က မရဏဖွားလဲဖြစ်တယ် ငယ်ငယ်က အရမ်းချူချာတယ် ဖျားတဲ့အချိန်ဆို ဟိုမြင်ဒီမြင်တွေမြင်ရပြီ ဘုန်းကြီးတစ်ပါးကို အမေတို့ကပြန်ရောင်းပြီး ဘုန်းကြီးက ပရိတ်ကြိုးချည်ပေးလိုက်တဲ့အချိန်ကနေစပြီးမမြင်ရတော့တာ။ ခုချိန်ထိ နေမကောင်းတဲ့အချိန်ဆို မြင်ရတယ် တော်ရုံလဲနေမကောင်းမဖြစ်ဘူး ။ အဲ့တာနဲ့ ဆရာမဖြစ််ခင်က မြင်ရတဲ့အကြောင်းပြန်ဆက်ပြောမယ် တစ်ရက် အိပ်နေရင်း အလိုလိုနေရင်းနိုးလာတာ ရင်တွေတုန်ပြီး နိုးလာတဲ့အခါ ခြေရင်းအပေါက်ဝကိုကြည့်လိုက်တဲ့အချိန်မှာ အရပ်ရှည်ရှည်နဲ့ ဖြူဖြူကြီး ဖြည်းဖြည်းချင်းအခန်းဝကိုဖြတ်လျှောက်သွားတာ။ နောက်ဒုတိယရက် မြန်မာအင်္ကျီဝမ်းဆက်နဲ့ ကောင်မလေးငယ်ငယ်လေးတစ်ယောက် အခန်းဝကနေဖြတ်လျှောက်သွားတာ။ အိမ်ကိုပြောပြတယ် အိမ်က ထင်ယောင်ထင်မှားဖြစ်တာနေမယ်ဆိုပြီးမယုံဘူး။ နောက်တစ်ရက် ညဖက် ၇ နာရီကြီး အမေတို့က အနောက်ဖေးမှာ ဟင်းချက်နေတာ အမကဘေးအခန်းမှာရှိတယ် ခဏလေးမှေးခနဲ အိပ်ပျော်သွားတာ ထုံးစံအတိုင်းရင်တွေတုန် ပြီးနိုးလာတဲ့အခါ မျက်စိဖွင့်ကြည့်လိုက်တော့ ကိုယ်အလုပ်လုပ်တဲ့ စားပွဲပေါ်မှာ မတ်တပ်ကြီးရပ်နေတာ ခြေထောက်မဲမဲကြီးနဲ့မိန်းမပဲ။ အဲ့အချိန်မှလန့်ပြီးသွားပြောတာအိမ်က အမေကို အဲ့လိုမြင်ရတယ်ပြောပြတော့ အိမ်ကလဲ အားပေးရှာတယ် နင်ညဖက်တွေမအိပ်ပဲ အလုပ်လုပ်လို့ ဂယောင်ခြောက်ခြားဖြစ်နေပြီ ကြောင်နေပြီပေါ့ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ပြမယ်ဘာညာလုပ်နေတဲ့အချိန်မှာ ကိုယ့်ဆရာမ ဆရာမ ရတနာနတ်မိမယ် စီအရင်ကလဲသွားပြီးဗေဒင်မေးနေကျဆိုတော့ ဆရာမစီ သွားတဲ့အခါမှာ ကိုယ်မပြောခင်ထဲက အဲ့လို လာပြတာမျိုးတွေရှိလားဆိုပြီး ကြိုမေးပြီးဆရာမ အမေ့ကိုရှင်းပြ ထင်ယောင်ထင်မှားမဟုတ်ဘူး လူစားလဲချင်လို့ဖြစ်တာ ဘာညာပြောပြီး အမေ့ကိုရှင်းပြတော့မှ အိမ်ကယုံသွားတာ🥹 ရေမန်းတွေဘာတွေပေးပြီး လုပ်ပေးလိုက်တော့မှ လာမပြတော့တာ အဲ့လိုမျိုးတွေ။ ဆရာမ ရတနာနတ်မိမယ်ကို အဲ့အချိန်ထဲက ဒုက္ခပေးလာတာ ခုဆို ၇ နှစ်လောက်ရှိတော့မယ် 😆 လောကီပိုင်းကိုစိတ်ဝင်စားတာ ငယ်ငယ်လေးထဲကပဲ ပယောဂကုချင်တာ ပိစိလေးထဲက။ အဲ့တုန်းကတော့စိတ်ပဲရှိတယ် Tarot ကို ၄ တန်းနွေရာသီမှာ စလေ့လာပြီး ၅ တန်းနှစ်မှာ သူငယ်ချင်းတွေကိုစမ်းသတ်ခံအနေနဲ့ဟောတာ ။ အဲ့တုန်းက Card အဓိပ္ပာယ်တွေကိုသေချာနားမလည်တော့ Internet ဆိုင်မှာတစ်ကဒ်ချင်းစီရဲ့ ဟောပုံဟောနည်းကိုသွားလေ့လာပြီးရှာရတယ်။ တစ်နှစ်လောက်နေတော့ကောင်းကောင်းဟောတတ်လာပြီ ။အဲ့လိုနဲ့ဆရာမဖြစ်ခင် ၆ လလောက်အလိုမှာ ဂိုဏ်းတွေအကုန်လုံးလေ့လာတယ် ငါဘယ်ဂိုဏ်းပညာယူရင်ကောင်းမလဲပေါ့။ အဲ့တုန်းကဆရာသာမဖြစ်သေးတာ အင်းတွေ စမ တွေအရမ်းဆွဲတတ်ချင်တာ။ အင်းသက်သွင်းနည်းလဲမသိ ကဝေသာရကျမ်းဖတ်လဲ အဲ့တုန်းက ဘာမှနားမလည် ဗားမဲ့ကျမ်းဖတ်လဲနားမလည်။ တစ်ရက်ကျ ဆရာ မင်းမင်းဆိုတဲ့ မနောစိတ္တုပ္ပါဒ်ဆရာ တစ်ယောက်က Online ပေါ်မှာ အင်းဆွဲနည်း စာအုပ်လေးတင်ထားတယ်။ နောက်အပိုင်းဆက်ရန် #fyp #foryou#foryourpage

Thu Ta Min - လက်ဝဲ လက်ယာပညာ
Thu Ta Min - လက်ဝဲ လက်ယာပညာ
Open In TikTok:
Region: US
Thursday 17 September 2026 14:59:34 GMT
188
9
4
0

Music

Download

Comments

sandarmyint4789
Sandi :
🙏🙏🙏
2026-09-17 15:58:01
0
moe.set283
 Moe Set Pwint  :
🥰🥰🥰
2026-09-17 16:44:49
0
To see more videos from user @thutaminmt, please go to the Tikwm homepage.

Other Videos


About