@ahammed.ahammed891:

Ahammed Ahammed
Ahammed Ahammed
Open In TikTok:
Region: MY
Wednesday 23 September 2026 14:39:55 GMT
95
8
1
41

Music

Download

Comments

k.g.f984
Arman🤝🤝🤝 :
🥰🥰🥰
2026-09-24 00:50:19
1
To see more videos from user @ahammed.ahammed891, please go to the Tikwm homepage.

Other Videos

မင်းနဲ့ဝေးသွားရင် ငါဘယ်လိုနေမလဲဆိုတာ အရင်ကတည်းက မတွေးရဲခဲ့ဘူး။ မင်းမရှိတဲ့နေ့တွေကို ဖြတ်သန်းရမယ်ဆိုတာထက် မင်းမရှိတော့တဲ့ဘဝကို လက်ခံရမှာကို ပိုကြောက်ခဲ့တာ။ “မင်းနဲ့ဝေးရင် ငါသေပြီ” လို့တောင် ကိုယ့်ကိုယ်ကို ပြောခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ တကယ်ပဲ မင်းမရှိရင် အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမယ့် မင်းနဲ့ဝေးသွားတဲ့အခါ သိလာရတယ်… လူဆိုတာ ချစ်တဲ့သူမရှိတော့လည်း အသက်ရှင်နေရတတ်တယ်တဲ့။ မနက်တိုင်း နိုးလာတယ်၊ လူတွေနဲ့ စကားပြောတယ်၊ အလုပ်တွေလုပ်တယ်၊ ညရောက်ရင် အိပ်တယ်။ အပြင်ကကြည့်ရင် အရင်လူတစ်ယောက်လိုပဲ။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း သိတယ်… အဲ့ဒီလူက အရင်ကလူ မဟုတ်တော့ဘူးဆိုတာ။ တွေးထားခဲ့တဲ့အတိုင်းပါပဲ… လူတော့ မသေခဲ့ဘူး။ ဒါပေမယ့် မင်းနဲ့အတူ စိတ်တစ်ပိုင်း သေသွားခဲ့တယ်။ မင်းနဲ့အတူ ရယ်မောတတ်တဲ့အပြုံးတွေ ပျောက်သွားခဲ့တယ်။ အရင်က သာမန်လေးနဲ့ ပျော်ခဲ့တဲ့အရာတွေတောင် မင်းမရှိတော့တဲ့နောက် အဓိပ္ပာယ်မရှိတော့ဘူး။ တစ်ခါတလေ လူတွေကြားထဲမှာ ရယ်နေပေမယ့် ကိုယ့်အတွင်းထဲမှာတော့ မင်းကိုလွမ်းနေတုန်းပဲ။ မင်းနဲ့ပတ်သက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကြားရုံနဲ့ ရင်ဘတ်ထဲက နာကျင်မှုတွေ ပြန်နိုးလာတတ်တယ်။ မင်းအကြောင်းကို မတွေးတော့ဘူးလို့ ကိုယ့်ကိုယ်ကို လိမ်ထားပေမယ့် ညတွေတိတ်ဆိတ်လာတိုင်း မင်းက အမှတ်တရတွေနဲ့အတူ ပြန်ရောက်လာတတ်တယ်။ အဲ့ဒီအချိန်တိုင်း နားလည်လာတယ်… လူတစ်ယောက်ကို ဆုံးရှုံးတာထက် ကိုယ့်ရဲ့ပျော်ရွှင်တတ်တဲ့ ကိုယ့်ကိုယ်ကိုပါ တစ်ခါတည်း ဆုံးရှုံးလိုက်ရတာက ပိုနာကျင်တယ်ဆိုတာ။ ငါဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့တဲ့အထိ မင်းကို အများကြီးချစ်ခဲ့မိတယ်သိလား။ မင်းက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး… ကိုယ့်ဘဝတစ်ခုလုံးနီးပါး ဖြစ်နေခဲ့တာ။ အဲ့ဒါကြောင့် မင်းနောက်မှာ တစ်ယောက်ယောက်ကို ထပ်တွေ့လာရင်တောင် မင်းနဲ့နှိုင်းယှဉ်မိမှာကြောက်တယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ချစ်လာရင်တောင် ကိုယ်ပြန်မချစ်နိုင်မှာကြောက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်နှလုံးသားထဲမှာ နေရာတစ်ခုကို မင်းက အပြီးသတ်ယူသွားခဲ့ပြီးပြီလေ။ တစ်နေ့နေ့မှာ မင်းကို မလွမ်းတော့နိုင်ကောင်းနိုင်မယ်… မင်းအကြောင်းတွေးတိုင်း မနာကျင်နိုင်ကောင်းနိုင်မယ်။ ဒါပေမယ့် မင်းကို တစ်ချိန်က ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာတော့ မေ့နိုင်မှာမဟုတ်ဘူး။ မင်းက ထွက်သွားခဲ့ပေမယ့် ကိုယ့်ရင်ထဲမှာတော့ မင်းအတွက် ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်က အခုထိ အသက်ရှင်နေတုန်းပဲ။ #FeelLyricswithUs #feelings #lyrics

About