@sophiaharbour01:

ꨄ
ꨄ
Open In TikTok:
Region: AU
Sunday 18 October 2026 13:05:03 GMT
49
6
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @sophiaharbour01, please go to the Tikwm homepage.

Other Videos

ငွေယူပီး အတိုးစကားပြောတဲ့ သူတွေ အပူစာ မတရားယူတယ် ပြောတဲ့ သူတွေ ဖတ်
ငွေယူပီး အတိုးစကားပြောတဲ့ သူတွေ အပူစာ မတရားယူတယ် ပြောတဲ့ သူတွေ ဖတ် "အတိုးပေးတာက အပူစာ" ဆိုတဲ့စာကို ဖတ်လိုက်ရတယ်။ ဖတ်ပြီးတော့ စဉ်းစားမိတယ်။ ဒီနေ့ လူတော်တော်များများက အတိုးရတဲ့သူကိုပဲ မြင်ကြတယ်။ ဒါပေမယ့် အဲဒီအတိုးရဖို့ အရင်ဆုံး ကိုယ့်ငွေကို စွန့်စားပြီး ထုတ်ပေးထားရတာ ကိုတော့ မမြင်ကြဘူး။ ငွေဆိုတာ လမ်းပေါ်က ကောက်ရတာမဟုတ်ဘူး။ တစ်ရက်တည်းနဲ့ ရလာတာလည်း မဟုတ်ဘူး။ ချွေးနဲ့ရင်း၊ အချိန်နဲ့ရင်း၊ ဘဝနဲ့ရင်းပြီး စုဆောင်းထားရတဲ့ ပိုင်ဆိုင်မှု။ အဲဒီငွေကို လူတစ်ယောက်ကို ယုံကြည်လို့ ထုတ်ပေးလိုက်တဲ့အချိန်မှာ... ငွေတင် ထုတ်ပေးလိုက်တာ မဟုတ်ဘူး။ ယုံကြည်မှုကိုပါ အပ်နှံလိုက်တာ။ ပြန်မရရင် ဘယ်လိုလုပ်မလဲ။ ပြန်မဆပ်ရင် ဘယ်လိုဖြစ်မလဲ။ အဲဒီစိုးရိမ်မှုတွေနဲ့ အိပ်မပျော်တဲ့ညတွေကိုတော့ ဘယ်သူမှ မမြင်ကြဘူး။ အဲဒီလိုနဲ့... ယူတုန်းကတော့ အဆင်ပြေတယ်။ လိုတဲ့အချိန်မှာတော့ အဲဒီငွေက အဖိုးတန်တယ်။ ပြန်ဆပ်ရမယ့်အချိန်ရောက်မှ... "အတိုးက အပူစာ" လို့ ပြောလာကြတယ်။ ကိုယ်တော့ အဲဒီစကားကို လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့... ငွေယူတဲ့နေ့ကတည်းက ဘယ်လောက်ယူမယ်၊ ဘယ်လောက်အတိုးပေးမယ် ဆိုတာ နှစ်ဖက်သဘောတူပြီးသား။ မကျေနပ်ရင် အဲဒီနေ့ကတည်းက မယူလို့ရတယ်။ ယူပြီးမှ... ပြန်ဆပ်ရမယ့်အချိန်ကျတော့ သဘောတူခဲ့တဲ့စကားကို ပြောင်းပြောတာက မျှတမှုမဟုတ်ဘူး။ ကိုယ်တိုင်လည်း သူများဆီက ယူထားတာထောင်ချီကြီးတွေရှိတယ်။ အတိုးလည်း ပေးနေရတယ်။ ဒါပေမယ့် အဲဒီအတိုးကို အပူစာ လို့ တစ်ခါမှ မသတ်မှတ်ဖူးဘူး။ ဘာလို့လဲဆိုတော့... ဒါက ကိုယ်လက်ခံခဲ့တဲ့ ကတိ။ ကိုယ်ရွေးချယ်ခဲ့တဲ့ တာဝန်။ အပူစာဆိုတာ... မတရားလုပ်ခံရလို့... မကျေနပ်ဘဲ... မပေးချင်ဘဲ... ရင်နာနာနဲ့ ပေးလိုက်ရတဲ့ငွေကို ခေါ်တာ။ သဘောတူပြီး ယူထားတဲ့ချေးငွေအတွက် ပေးရတဲ့အတိုးကိုတော့ အပူစာလို့ မခေါ်သင့်ဘူး။ လူတွေက... "သူက အတိုးစားတယ်" လို့ပဲ ပြောကြတယ်။ ဒါပေမယ့်... ပြန်မရနိုင်တဲ့အန္တရာယ်ကို ခံနေရတာ... လူတောင်းပြီး အားနာရတာ... ယုံကြည်မှုကျိုးသွားမှာကို ကြောက်ရတာ... ငွေဆုံးရှုံးရတာ... အဲဒါတွေကိုတော့ ဘယ်သူမှ မပြောကြဘူး။ သူများငွေကို ယူတဲ့အချိန်မှာ... ငွေတင် ယူတာမဟုတ်ဘူး။ သူများရဲ့ ယုံကြည်မှုကိုပါ ယူတာ။ အဲဒီယုံကြည်မှုကို တန်ဖိုးထားရင်... ပြန်ဆပ်ရမယ့်အချိန်မှာလည်း ကိုယ့်စကားကို ကိုယ်တည်ပေးဖို့ လိုတယ်။ အတိုးမပေးချင်တာက အခွင့်အရေး မဟုတ်ဘူး။ မယူဖို့ ရွေးချယ်တာကသာ အခွင့်အရေး။ ကတိတည်တဲ့သူဟာ ငွေပြန်ဆပ်ရုံတင် မဟုတ်ဘူး။ ကိုယ့်သိက္ခာကိုလည်း ပြန်ဆပ်နေတာပါ။ ငွေဆိုတာ ပြန်ရှာလို့ရတယ်။ ဒါပေမယ့် ယုံကြည်မှုတစ်ခါပျက်သွားရင် ပြန်တည်ဆောက်ဖို့ အရမ်းခက်တယ်။ ဒါကြောင့် "အပူစာ" ဆိုတဲ့စကားကို နေရာတိုင်းမှာ သုံးမယ့်အစား... ကိုယ်ယူခဲ့တဲတာဝန်ကို ကိုယ်တာဝန်ယူတာက လူ့ဂုဏ်သိက္ခာကိုပိုပြီးလှပစေတယ်လို့ ကိုယ်တော့ယုံကြည်ပါတယ် ❤️ Crd

About