@bettyboogie: Squish babe angy

Betty
Betty
Open In TikTok:
Region: US
Tuesday 20 October 2026 07:12:38 GMT
5141
894
10
73

Music

Download

Comments

shadigun
Shadigun :
“Mama farted for I push away”
2026-10-20 09:08:03
4
zackosaur
Zachary🦖 :
I can watch the tv from the reflection in her eyes 😂
2026-10-20 07:15:53
13
grob420
booberton :
UNHAND OUR QUEEN!!!
2026-10-20 07:24:17
0
anglo277
anglo277 :
I would die for betty
2026-10-20 10:05:08
2
userr21408
o :
bettyyyyh
2026-10-20 07:14:20
4
taylorbassinger96
Wolfy paws96 :
I love heeeerrr
2026-10-20 10:01:22
1
pixiepunch43
pixie :
2026-10-20 09:24:57
1
izzyonoshedidnt
Izzy Wie :
Betty has no time for this, she has to do her 12 step skin routine
2026-10-20 07:16:21
3
username99887715
eggwhites2000 :
diva imprisoned [Tears of joy]
2026-10-20 08:50:35
1
moondoll67677
☾ 🌟 🔮 moon doll🔮 🌟 ☽ :
@user8384617
2026-10-20 10:43:22
0
To see more videos from user @bettyboogie, please go to the Tikwm homepage.

Other Videos

သူဆင်းရဲကို လက် မထပ်ပါနဲ့ သမီးကို သူဆင်းရဲ မယူနဲ့အဖေ ဘာကြောင့်ပြောရသလဲ အဲဒီနေ့က သမီးက သမီးချစ်သူ ကို အိမ်ခေါ်လာပြီး
သူဆင်းရဲကို လက် မထပ်ပါနဲ့ သမီးကို သူဆင်းရဲ မယူနဲ့အဖေ ဘာကြောင့်ပြောရသလဲ အဲဒီနေ့က သမီးက သမီးချစ်သူ ကို အိမ်ခေါ်လာပြီး "အဖေ ဒါ သမီးချစ်သူ သမီး သူနဲ့ လက်ထပ်မယ်" လို့ ပြောခဲ့တယ်နော်။ နောက်တော့ သမီးကို အဲဒီလူနဲ့ သဘော မတူနိုင်ဘူး လို့ ပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ အဖေ "ဆင်းရဲလို့" လို့ အဖေ ဖြေတယ်။ အဲ့ဒီတုန်းက အဖေ့ကို ကြည့်တဲ့ သမီးရဲ့ အကြည့်ကို အဖေ မမေ့ခဲ့ပါဘူး သမီးရဲ့ အကြည့်ထဲမှာ ငါ့အဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာ ဆိုတာ ပါနေတယ် အဖေ ဘယ်လို ရှင်းပြရမလဲ။ ကိုယ့်သမီး အထင် လွဲ သွား တာလောက် ခံစားရတာ မရှိပါဘူး သမီး "သူ ပိုက်ဆံ မရှိလို့ပေါ့ ဟုတ်လား ဖေဖေ" လို့ သမီးပြန် မေးခဲ့တယ်နော်။ မဟုတ်ဘူး သမီး။ သူဆင်းရဲတာက ပိုက်ဆံ ဆင်းရဲတာ မဟုတ်ဘူး သူဆင်းရဲတဲ့ အချက် (၃) ချက်ကို အဖေ တွေ့လိုက် တယ်။ (၁) ရည်မှန်းချက် ဆင်းရဲတယ်။ အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ ရပ်နေတဲ့ အချိန် သမီး ဘေးမှာ ရပ်နေတဲ့ သူက မျက်စိ ကလယ်ကလယ်နဲ့ ကြည့် ရတာ စိတ်ဓာတ် မခိုင် သလို ပါပဲ သမီးတို့ရဲ့ အနာဂတ် အကြောင်း အဖေ မေးတော့ သူ့မှာ စကားထစ်ထစ် အအနဲ့ ဦးတည်ရာ မရှိခဲ့ဘူး။ အခုချိန် မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံ မရှိတာ မို့ သူ့ကို မ လိုလားမှာ စိုးတယ်လို့ သူပြောတယ် ဝမ်း ပြောရရင် သူ့ပိုက်ဆံ မရှိလို့ သူ့ကို မလိုလား တကယ်တမ်း ပြေ တာ မဟုတ်ဘူး။ အဖေ သူ့မှာ ငွေကြေးဥစ္စာ ရှာ ဖို့ "ရည်မှန်းချက် မရှိ" တာကို အဖေ မလိုလားတာ ပါ သူဌေးသားတယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသားတယောက် ဘယ်သူ့ကို ရွေးမှာလဲ လို့ အဖေ့ ကို သမီးမေးခဲ့ရင် အဖေ မဖြေတတ်ဘူး။ ဆင်းရဲ တော့ ဘာဖြစ်လဲ။ လူတိုင်း ဆင်းရဲဖူးတာပဲ။ ဒါပေမယ့် အသက် ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက် ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့ စိတ်ဆန္ဒ မရှိရ ဘူး။ လူတိုင်းက ဖြူစင် လှပတဲ့ အချစ် တခုကို ပိုင်ဆိုင် ချင်ကြတာ ပါပဲ ဒါပေမယ့် ဘဝ တခုကို ထူထောင်တဲ့ အခါ သူနဲ့ အတူ ထမင်းရည်လျက်၊ တဲအိုပျက်မှာ သမီး တသက် မနေနိုင် ပါဘူး။ ဘဝတခုကို သမီးတို့ လက်တွေ့ ကျကျ ရင်ဆိုင် ကြရ မှာပါပဲ။ (၂) အတွေးအခေါ် ဆင်းရဲတယ် လူ့ဘဝရဲ့ ဒီတသက် မှာ လူဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီး။ ယောက်ျားလေး ဆိုတဲ့ မျိုးက နဂို တည်းက နောက်ကျမှ ရင့်ကျက်ကြ တယ် သမီးက အရွယ် မရောက်ခင် ကတည်းက အရာရာ သိတတ်နေပြီ။ သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝ ထူထောင်ကြမယ့် အဖြစ်ကို အဖေ ယောင်လို့တောင် မ တွေးရဲ ခဲ့ဘူး။ သူက ကွန်ပျူတာဂိမ်း ဆော့တာ ကြိုက်တယ်တဲ့။ ဒါက ဘာမှတော့ မဟုတ်ပါဘူး။ အဖေလည်း ဂိမ်းဆော့တာ ပဲလေ။ ဒါပေမယ့် အလုပ်က ပြန်ရောက်တာနဲ့ ဖိနပ် တဘက်၊ ခြေအိတ်တဘက် ပစ်ထုတ်ပြီး ဘာအရေး အကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲ ထိုးဝင် သွားတာမျိုးက မရဘူး။ သူ့အတွက် သမီးက ထမင်း ကမ်း ရေကမ်းပေး နေရ ဦးမှာ။ သမီးက စာဖတ်တာကို ကြိုက်တယ်။ ထက်တယ်။ လူကြီး သူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင် ဆန့် ပြောဆိုနိုင်တယ်။ လူတိုင်းက သမီးကို သွက်သွက် လက်လက် ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ ရှေ့ မှာထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်း ပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကား လုံး ဗလာပဲ သမီး။ ဘဝဆိုတာ သမီး ရည်းစားတုန်း ကလို ပျော်ရွှင်နေမှာ မဟုတ်ဘူး သမီး။ ပျင်းရိ ငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော် ရွှင်စေဖို့၊ သက်ဝင် လှုပ်ရှားဖို့ ဆိုတာ လူတဦး ဝ ယောက် တည်းရဲ့ အတွေးအခေါ်နဲ့ မရဘူး သမီး။ သူ့ အတွေး ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက စိတ်ဝင်စား စရာ ကောင်းတာ။ အဖေ မှတ်မိပါသေးတယ်။ အမေ့ ဝမ်းထဲကနေ ထွက် လာ တုန်းက တခြား ခလေးတွေက ငိုပေမယ့် သမီးက ပြုံးရယ် ပြီး ထွက်လာတယ်။ သမီးက ငယ်ငယ်လေး တည်းက ရယ်သန်တယ်။ ဘယ်ရောက်ရောက် လူ နှစ်သက်တာကို ခံ ရတယ်။ သမီး တသက်လုံးတကာပြုံး ပျော် ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး။ (၃) အသိပညာ ဆင်းရဲတယ် သူသုံးတဲ့ ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့ အခု ဝင်ငွေ လောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက် တဲ့ အရာတွေ ကို ဝယ်သုံးရ သလဲ မူလဇစ်မြစ်က အရေး တဲ့။ ဟုတ်ပါတယ် မူလဇစ်မြစ် ကောင်းတိုင်း အရာရာ ကောင်းသွားတာတော့ မဟုတ် ဘူး။ အဖေ အသက် ၅၀ ကျော် အတွေ့အကြုံအရ လူတ ယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစု အတွေးအမြင်ကို အနည်းအများ သက်ရောက် နိုင်တယ် ဆိုတာ ပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲဒီ အတွေး အမြင်မျိုးကို စမြင်နေရပြီ သမီး။ အသိပညာ ဆင်းရဲ တဲ့အပြင် "အတွေ့ အမြင်လည်း ဆင်းရဲ" တာမို့ သူ ၂ဝ ကျော် တာတောင် ဘာမှ မဖြစ်ထွန်း ဟာ အသက် သေးတာ မဆန်းတော့ပါ ဘူး သမီး။ #crd #fyp

About