@danymendoza916:

mendoza
mendoza
Open In TikTok:
Region: US
Saturday 24 October 2026 11:42:08 GMT
39172
1521
15
209

Music

Download

Comments

tokio_mndez17
tokio_Méndez17 :
mi hermano mayor se fue a potosí y el segundo se fue a santa cruz yo soy de sucre y mi hermanito menor pronto verá mi partida a chile jaja así es la vida
2026-10-24 19:49:10
1
mr.johnespinoza6
John Espinoza119 :
triste. mis hermanos se fueron a eeuu y otros lugares y yo en huancayo
2026-10-24 22:26:45
1
vialesh8
vialesh19 :
Es mejor hacer tu vida no crees o que opinan ustedes
2026-10-24 21:14:50
2
michellita039
michellita :
diprupej
2026-10-24 17:01:48
1
tuchaparitavlzqz
🐚¡!Leydi🌷🪼 :
🥰🥰🥰
2026-10-24 13:26:14
1
leslialarcon091
lesli Alarcón :
😟😟😟
2026-10-24 14:31:40
2
jessiramos63
Jessi Ramos927 :
[Ojos llorosos][Ojos llorosos][Ojos llorosos]
2026-10-24 18:18:50
1
tahar7913
tahar :
😳😳😳
2026-10-24 21:02:27
1
l547s
Luis :
😏😏😏
2026-10-24 16:23:52
1
griseldabermudez60
griselda Barrientos :
🥺🥺🥺
2026-10-24 12:59:59
1
To see more videos from user @danymendoza916, please go to the Tikwm homepage.

Other Videos


"ယောကျာ်းတွေအနေနဲ့ဖြင့် ကိုယ့်ဇနေးမယားကို မပေါင်းချင်တော့ရင် ရိုးရိုးပဲ ပြောကြပါ ကိုယ့်ဇနီးက စိတ်ကုန်ပြီး ကွာရှင်းချင်လာအောင် တမင်လုပ်ပြနေစရာ မလိုပါဘူး" အရက်မူးလာတိုင်း စိတ်ထိခိုက်အောင် ပြောတာတွေ၊ မိန်းမ မကြိုက်မှန်းသိရက်နဲ့ လုပ်တာတွေ၊ ရန်ရှာတာတွေ၊ မိန်းမ သည်းမခံနိုင်တော့တဲ့အထိ စိတ်ညစ်အောင် လုပ်တာတွေ မလိုပါဘူး။ တကယ် မပေါင်းချင်တော့ဘူးဆိုရင် တည့်တည့်ပဲ ပြောလိုက်ပါ လူကြီးတွေပဲ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောလို့ရပါတယ်။ ကိုယ့်မိန်းမ ပါးစပ်က ကွာရှင်းမယ်ဆိုတဲ့ စကား ထွက်လာအောင် တမင်တွန်းပို့နေစရာ မလိုပါဘူး။ တချို့ယောကျာ်းတွေက မိန်းမဘက်က အရင်ကွာရှင်းခွင့်တောင်းလာရင် သူတို့မှာ အပြစ်မရှိတော့သလို ထင်ကြတယ်။ ဒါပေမဲ့ အဲဒီစကားတစ်ခွန်း ထွက်လာဖို့ မိန်းမတစ်ယောက် ဘယ်လောက်အထိ စိတ်နာခဲ့ရလဲ၊ ဘယ်နှခါ ငိုခဲ့ရလဲ၊ ဘယ်လောက်အထိ သည်းခံခဲ့ရလဲဆိုတာ သူတို့ မစဉ်းစားကြဘူး။ မိန်းမတစ်ယောက်က ကိုယ့်အိမ်ထောင်ရေးကို လွယ်လွယ်နဲ့ လက်လျှော့ချင်တာ မဟုတ်ပါဘူး။ အထူးသဖြင့် သားသမီးတွေ ရှိတဲ့ မိန်းမတစ်ယောက်ဆို ပိုတောင်ခက်တယ်။ ကလေးတွေ မိဘမစုံဘဲ ကြီးပြင်းရမှာ စိုးရိမ်တယ်။ ကလေးတွေ စိတ်ဒဏ်ရာရမှာ ကြောက်တယ်။ ကိုယ်တည်ဆောက်ထားတဲ့ မိသားစုလေး ပြိုကွဲသွားမှာ မလိုချင်ဘူး။ အဲဒါကြောင့်ပဲ မခံချင်တာတွေလည်း ခံခဲ့တယ်။ မကြားချင်တဲ့စကားတွေလည်း နားထောင်ခဲ့တယ်။ စိတ်နာနေရင်းနဲ့လည်း ဘာမှမဖြစ်သလို နေခဲ့ရတဲ့နေ့တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ယောကျာ်းတွေလည်း သိထားဖို့က ကိုယ့်မိန်းမလည်း လူပါ။ သူလည်း ပင်ပန်းတတ်တယ်။ စိတ်ကုန်တတ်တယ်။ ဝမ်းနည်းတတ်တယ်။ တစ်ခါတလေ အားလုံးကို ထားခဲ့ပြီး ထွက်သွားချင်တဲ့စိတ်လည်း ဖြစ်တတ်တယ်။ သူ အမြဲသည်းခံနေတာက ကိုယ်လုပ်သမျှ မှန်နေလို့ မဟုတ်ဘူး။ မိသားစုလေး မပြိုကွဲစေချင်လို့ပါ။ ဒါပေမဲ့ မိသားစုတစ်ခုကို မိန်းမတစ်ယောက်တည်း ထိန်းထားလို့ မရဘူးလေ။ ယောကျာ်းဘက်ကလည်း ထိန်းချင်စိတ် ရှိမှရမှာပေါ့။ ပြီးတော့ ကိုယ့်လင်မယားနှစ်ယောက်ရဲ့ ပြဿနာကြားမှာ ဘာမှမသိတဲ့ ကလေးတွေကိုပါ စိတ်ဒဏ်ရာတွေ မပေးကြပါနဲ့။ ကလေးတွေက အဖေရော အမေရော လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နေ့တိုင်း ရန်ဖြစ်နေတဲ့အိမ်၊ အမေငိုနေတာကို မြင်နေရတဲ့အိမ်၊ အဖေမူးလာရင် ကြောက်နေရတဲ့အိမ်မျိုးကိုတော့ ကလေးတွေ မလိုအပ်ပါဘူး။ တစ်ခါတလေ မိန်းမတစ်ယောက်က ကိုယ့်ယောကျာ်းဆီက လိုချင်တာ အများကြီး မဟုတ်ဘူး။ အေးအေးချမ်းချမ်း နေချင်တယ်။ လူလိုလေးစားတာ ခံချင်တယ်။ကိုယ့်ခံစားချက်ကို နားလည်ပေးစေချင်တယ်။ကိုယ့်အိမ်ထဲမှာ ကိုယ် စိတ်အေးလက်အေး နေချင်တယ် ကိုယ့်မိန်းမကို မလိုချင်တော့ရင် ပြောပါ ဒါပေမဲ့ ကိုယ့်ကို မလိုချင်တော့တဲ့ မိန်းမတစ်ယောက် ဖြစ်လာအောင်တော့ မလုပ်ပါနဲ့ တကယ် လမ်းခွဲရမယ်ဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်အကြိမ်ကြိမ် လုပ်ပြီးမှ လမ်းခွဲတာထက် လူကြီးလို ထိုင်ဆွေးနွေးပြီး လမ်းခွဲကြပါ။ လင်မယားအဖြစ် ဆက်မနေနိုင်တော့ရင်တောင် ကလေးတွေအတွက် မိဘကောင်းတွေ ဖြစ်နေလို့ ရပါသေးတယ်။ မိန်းမတော်တော်များများ အိမ်ထောင်ပြုခဲ့တာ ကွာရှင်းဖို့ မဟုတ်ပါဘူး။ကိုယ်ချစ်တဲ့ယောကျာ်းနဲ့ အသက်ကြီးတဲ့အထိ အတူတူ အေးအေးချမ်းချမ်း နေသွားဖို့ပါ။ ဒါပေမဲ့ တချို့မိန်းမတွေက အိမ်ထောင်ရေးတစ်ခု မပြိုကွဲအောင်ထိန်းရင်းနဲ့ သူတို့ကိုယ်တိုင် ပြိုလဲနေကြရတယ်။ နောက်ဆုံးမှာ ဘာမှပြန်မပြောတော့ဘူး။မငိုတော့ဘူး။ရန်မဖြစ်တော့ဘူး။ဘာမှမမျှော်လင့်တော့ဘူး စိတ်နာရလွန်းလို့ ဘာမှ မခံစားချင်တော့တာ။ ယောကျာ်းတွေအနေနဲ့ ကိုယ့်မိန်းမကို အဲဒီအခြေအနေ ရောက်တဲ့အထိ မတွန်းပို့ကြပါနဲ့။ ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက် စိတ်ကုန်သွားတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ဆိုတာ တော်တော်ခက်သွားပြီ လူကြီးဖြစ်နေပြီဆိုရင် လူကြီးလိုပဲ ပြုမူကြပါ။ ပြဿနာရှိရင် စကားပြောပါ။ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ဆက်မပေါင်းချင်တော့ရင်လည်း ရိုးရိုးသားသားပြောပါ။ တစ်ဖက်လူ စိတ်ကုန်သွားအောင်၊ မခံနိုင်တော့အောင်၊ သူ့ပါးစပ်က လမ်းခွဲမယ်ဆိုတဲ့စကား ထွက်လာအောင် တမင်လုပ်နေစရာ မလိုပါဘူး ကိုယ်လုပ်တဲ့အရာအတွက်ကိုယ်တာဝန်ယူရဲဖို့လည်း လိုပါတယ်။ ကိုယ်က ဆက်မပေါင်းချင်တော့ဘဲ တစ်ဖက်လူကို အပြစ်ရှိသူ ဖြစ်အောင် လုပ်တာမျိုးက လူကြီးဆန်တာမဟုတ်ပါဘူး။ အိမ်ထောင်ရေးတစ်ခု အဆင်မပြေတော့တာ ရှက်စရာ မဟုတ်ပါဘူး။ဒါပေမဲ့ အဆင်မပြေတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံကြသလဲဆိုတာက ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြတာပါ။ ကိုယ့်ပြဿနာကို ကိုယ်လူကြီးလို မဖြေရှင်းနိုင်လို့ ကလေးတွေပါ စိတ်ဒဏ်ရာ ခံစားရတာမျိုး မဖြစ်သင့်ပါဘူး အတူဆက်လျှောက်နိုင်ရင်အတူကြိုးစားကြပါ။ ဆက်မလျှောက်နိုင်တော့ရင်လည်းတစ်ယောက်ကိုတစ်ယောက် မဖျက်ဆီးဘဲလေးလေးစားစား လမ်းခွဲကြပါ။ အသက်ကြီးလာတာနဲ့ လူကြီးဆန်လာတာမတူပါဘူး။ လူကြီးဆိုတာ ကိုယ့်စိတ်ခံစားချက်ကို ကိုယ်တာဝန်ယူတတ်ပြီး တစ်ဖက်လူကို မလိုအပ်ဘဲနာကျင်အောင်မလုပ်တဲ့သူပါ။ မူရင်းကိုcrdပေးပါတယ် soewinkyaw-content creator (မင်းပြား) #MarrigeRespect #HealthMarriage #RespectInMarriage #happyfamily #lovestory

About