@x..fight: #For #foryoupage

X. fight
X. fight
Open In TikTok:
Region: US
Saturday 24 October 2026 17:13:10 GMT
2148731
19434
168
3755

Music

Download

Comments

pint.ellis
Pint Ellis :
wow girl
2026-10-26 09:53:25
0
stella327911
Aurorastella327911 :
io🤣🤣🤣🤣
2026-10-26 09:49:07
0
philemonrimchakpa
Philemon Rimchak Paul :
what? Beautiful you're my dear
2026-10-25 16:55:10
2
chale1120
José armando alvizo :
orale puro peluche
2026-10-24 22:50:56
9
julionivarsuero
julionivarsuero :
Me encanta las mujeres Belinda muy linda
2026-10-25 00:56:29
3
eloyhr39
Eloy :
linda natural como encantas🌹🌹🌹🌹🌹👍
2026-10-25 00:17:41
2
user5479653193600
user5479653193600 :
magnifique
2026-10-24 23:10:27
2
mhamedachraf
mhamed Achraf :
Eres una mujer hermosa, perfecta para el matrimonio. ¿Puedes contarme algo sobre ti?
2026-10-25 00:10:34
0
brahim.lachguer
Brahim Lachguer :
wow And
2026-10-24 20:51:09
7
user3943714807407
Gajar :
2026-10-25 12:37:21
1
rozuwayabdullayew
Rozuway Abdullayew :
супер
2026-10-25 08:03:54
0
kadersidibe04
kadly🇨🇮. 🇱🇷🇱🇷 +1 :
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕 j'aime beaucoup
2026-10-24 23:15:48
2
user8551576386174
anastanzia :
nice
2026-10-26 10:58:18
0
tochibejarano
tochibejarano :
Que bendición de Dios... 🥳🥳
2026-10-25 05:31:18
0
jose.santos9347
Jose Santos :
gostei Brasil
2026-10-24 22:15:34
1
eunicezaho
Eunice Zaho :
Hello🤣🤣🤣😂
2026-10-25 15:08:37
2
ghpc451
iranh_asona :
اريد واحد ثقه واخلي بعيوني
2026-10-25 20:26:37
2
yanmin611
တော့သူ မလေး :
Yes. Be. Ha
2026-10-24 19:43:28
1
user6017597506553
ashwell :
tiktolk show us lot of this
2026-10-25 16:50:33
4
thuong123528
Thuong123 :
2026-10-25 11:37:44
1
ess.kogoya
Ess Kogoya :
meri
2026-10-26 06:48:28
0
sempreio370
❤️ :
2026-10-26 08:20:01
0
masangosenzo
masangosenzo :
🥰🥰
2026-10-26 13:39:26
0
dongtoctohopandangnuatog
DaucacmLhkbđmh_DongtoctohoPanD :
bất thường
2026-10-26 08:24:11
0
triono4902
Amrullah :
wiiih mantaaap
2026-10-26 05:35:00
0
To see more videos from user @x..fight, please go to the Tikwm homepage.

Other Videos

(၁၉၇၄) ပတ်ဝန်းကျင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ (၁၆)မိုင်အကွာ နောင်မွန်မြို့ငယ်လေးရဲ့ ကုန်းမြင့်တနေရာ။ လျှပ်စစ်မီးမရှိ၊ ဓာတ်ခဲရေဒီယိုတလုံး၊ ဂစ်တာအဟောင်းလေးတလက်နဲ့ မိဘတွေရဲ့ သစ်စက်အိမ်ထဲမှာ နေထိုင်ရင်း ညဘက်မှာ ရေနံဆီမီးအိမ်ထွန်းလို့ သီချင်းတွေ ရေးနေတဲ့အချိန်
(၁၉၇၄) ပတ်ဝန်းကျင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ (၁၆)မိုင်အကွာ နောင်မွန်မြို့ငယ်လေးရဲ့ ကုန်းမြင့်တနေရာ။ လျှပ်စစ်မီးမရှိ၊ ဓာတ်ခဲရေဒီယိုတလုံး၊ ဂစ်တာအဟောင်းလေးတလက်နဲ့ မိဘတွေရဲ့ သစ်စက်အိမ်ထဲမှာ နေထိုင်ရင်း ညဘက်မှာ ရေနံဆီမီးအိမ်ထွန်းလို့ သီချင်းတွေ ရေးနေတဲ့အချိန် "အားလုံးကို ကျော်ဖြတ်ရမယ်၊ လူစိမ်း၊ စဉ်းစားထား" စတဲ့ သီချင်းအသွက်လေးတွေ ရေးနေရာက အအေးအနှေးလေးတွေလည်း ရေးချင်စိတ်ဖြစ်လာတယ်။ ဒီလိုနဲ့ ချရေးလိုက်မိတယ်။ (Key G) နဲ့။ G Em ဒီတညမှာ မြင်ရခဲတဲ့ မောင့်လပြည့် Am D ဝန်း \ ---- / သာလွန်းတယ် အရင် G Em Am ညက \ မောင့် လပြည့်ဝန်း ---- / Em C D အမှောင်ညကို စွန့်သွားခဲ့ --- / G မောင့်လပြည့်ဝန်း ပထမစာကြောင်းအပြီး (C) ကို ဘားအလွတ် ကြားခံထားတာ ဆန်းသစ်ပြီး တေးသွားကို ပိုအားကောင်းအောင် ဖြည့်ဆည်းပေးသလို ဖြစ်ခဲ့ပါတယ်။ အကြောင်းအရာက အကြောင်းကြောင်းကြောင့် စွန့်လွှတ်လမ်းခွဲခဲ့ရတဲ့ ချစ်သူအပေါ်မှာ ဆက်လက်တည်ရှိနေတဲ့ "ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား" ကို ဖွဲ့တဲ့ ဖွဲ့ဆိုချက်။ ကျောင်းတုန်းက သင်ခဲ့ရတဲ့ ရတုတွေမှာ စာပိုဒ်ရဲ့အထွက် ပထမစာကြောင်းမှာ ကာရန်တူတဲ့ စာလုံးတွေနဲ့ ရေးတာကို တွေ့ရပါတယ်။ ဥပမာ "မဲဇာတောင်ခြေ ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ" ဒါကို နှစ်သက်ခဲ့လို့ "ကွယ်လွန်ခြင်း၊ အလည်လွန်ခြင်း၊ နယ်ကျွံခြင်း" လို့ ရေးခဲ့တာပါ။ "ခတ္တာ" ရဲ့အထွက်စာကြောင်းတွေမှာလည်း "စိမ်းလဲ့လဲ့ည၊ နှောင်းခက်ခက်စု၊ ဆွေးမြေ့မြေ့နေ့" အလယ်နှစ်လုံး တူအောင် ရေးခဲ့ပါတယ်။ အသံရဲ့အားရယ်၊ စကားလုံးရဲ့အားရယ် လိုက်ဖက်အောင် ပေါင်းစပ်ပြီး သီချင်းမှာ ပုံသဏ္ဌာန် အားကောင်းအောင် ဖန်တီးခဲ့ပါတယ်။ သီချင်းတလွှာရတော့ ကားလမ်းကုန်းဆင်းကနေ သာနေတဲ့ လမင်းကို မော့ကြည့်ရင်း အဖော်တွေနဲ့ ဂစ်တာတီး လမ်းလျှောက်သီဆိုခဲ့တာ ပြန်တွေးရင် အမှတ်ရနေတုန်းပါပဲ။ "ချစ်၍စွန့်သွားတဲ့ မင်းကို သြော်.. စွန့်၍ချစ်သွားမယ်လေ" ဆိုတဲ့ စာကြောင်းမှာ ချစ်နဲ့စွန့်ကို ရှေ့နောက် ပြောင်းရေးမိတယ်။ ရေးပြီးမှ သီချင်းကို အားကောင်းစေတဲ့ စာကြောင်းမှန်း သိခဲ့ရတယ်။ စာပိုဒ်တွေထဲမှာ "မျက်ဝန်းမှ မျက်ရည်လည်၊ တဖက်စွန်းမှ တသက်နေလည်း၊ ခက်လွန်းမက အခက်ပွေလည်း" ဆိုတဲ့ ဒီကာရန်တူ စာကြောင်းတွေကလည်း သီချင်းရဲ့ သိပ်သည်းမှုကို အားဖြည့်ခဲ့ပါတယ်။ နောက်ပိုင်းသီချင်းတွေမှာ ဒီလိုပုံစံမျိုးနဲ့ သွားခဲ့တယ်။ "ဝဋ်မှာအမြဲ ငရဲမှာအပ" ဆိုတဲ့ စာသားက အဲ့ဒီအချိန်က ကျွန်တော်ဖတ်တဲ့ ဝတ္ထုလတ်တချို့ စုပေါင်းထားတဲ့ စာအုပ်ထဲက ဝတ္ထုတပုဒ်ရဲ့ ခေါင်းစဉ်ပါ။ C G \ ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့လေ / Am --- \ B7 --- / Em တတိယပိုဒ်အဆုံးက စတုတ္ထပိုဒ်ကို အကူးမှာ ကြားခံ ကောဒ့် (Am) ကနေ (B) အကူးရယ်၊ "ဝဋ်မှာအမြဲ ငရဲမှာအပ" အမြင့်သံကို ဆိုပြီး (C) ကို အဝင်ရယ်၊ ဒီကောဒ့် အတွဲတွေဟာ တေးသွားရဲ့အရှိန်ကို မြှင့်တင်ဖို့ ထူးခြားလှပတဲ့ အကူးတံတားတွေ ဖြစ်ခဲ့ပါတယ်။ လွတ်လပ်စွာရေးဖွဲ့ရင်းနဲ့ သီချင်းဟာ တဖြည်းဖြည်း ရှည်လာတယ်။ "ဒီလူနှင့် တူသောအကျိုးမျိုး မင်းတယောက် ကင်းလွတ်ဝေးပါစေ" နဲ့ ဟိုးအစ "ဒီတညမှာ" ပြန်အဝင် (C7) ဘား(၁)ဘား ခံပြီး "ဪ" ဆိုတဲ့ ညည်းသံလေးဆိုပြီး ကူးတာ အဆင်ပြေချောမွေ့သွားမှပဲ တေးသွားရေးဖွဲ့မှုအပိုင်းကို စိတ်အေးစွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် "အလည်လွန်ခြင်း" စာပိုဒ်ကို ရေးတယ်။ အဲ့ဒီမှာပဲ သီချင်းကို ပြီးပြီလို့ ယူဆပြီး ဒီအတိုင်း ထားလိုက်တယ်။ ဒီလိုနဲ့ တနှစ်လောက်ကြာတော့ မန္တလေးတက္ကသိုလ် သူငယ်ချင်းတွေအဆောင်မှာ နေရင်း "ပိုးကုန်၍ မောင်ပုံစောင်းတတ်ခဲ့ပြီ၊ ရင်ဆိုင်ကြဦးစို့" စတဲ့ နောက်ထပ်သီချင်းလေးတွေ ရေးဖြစ်နေချိန် ညညဆိုရင်လည်း ရွှေမန်း၊ သစ္စာနဲ့ အပြင်ဆောင်တွေမှာ သူငယ်ချင်းတွေစုပြီး သီချင်းသွားဆိုဖြစ်တယ်။ အဲ့ဒီသူငယ်ချင်းတွေထဲမှာ စိုင်းထီးဆိုင်လည်း ပါလာတတ်တယ်။ ကျွန်တော် အရင် မန္တလေးမှာ နေစဥ်ကတည်းက အစ်ကိုဝမ်းကွဲတယောက်နဲ့ ပတ်သက်ပြီး စိုင်းထီးဆိုင်နဲ့ ရင်းနှီးနေပါပြီ။ "မောင့်လပြည့်ဝန်း" ကို စိတ်ထဲမှာ တခုခု လိုနေသေးသလို ခံစားရပြီး "နယ်ကျွံခြင်း" အပိုဒ်ကို မန္တလေးမှာရေးပြီး စာသားရေးဖွဲ့မှုအပိုင်းကို အဆုံးသတ်ခဲ့ပါတယ်။ နောက်တနှစ်လောက်ကြာတော့ ရန်ကုန်မှာ စိုင်းထီးဆိုင်နဲ့ တွေ့တယ်။ ဒီသီချင်းကို ဆိုချင်တယ်။ ကျွန်တော်ကလည်း ခွင့်ပြုပါတယ်။ အသံသွင်းတော့ သီချင်းက (၇ မိနစ် ၃၅ စက္ကန့်)။ (Melody Structure) က ကောင်းတော့ သီချင်းကောင်းတပုဒ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် သီချင်းက ရှည်တဲ့အတွက် ဒီလောက်အောင်မြင်မယ်လို့ မထင်ခဲ့ဘူး။ ဒီလို နှစ်သက်အားပေးကြတော့ ကျွန်တော်လည်း ကြိုးစားရကျိုးနပ်တာပေါ့လေ။ ဒီသီချင်းဟာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတခု ဆိုရင်လည်း မမှားပါဘူး။ ကျွန်တော့်အတွက် အမှတ်တရဖြစ်စေတဲ့ ငယ်မူလက်ရာ တပုဒ်ပါပဲ။ #မောင့်လပြည့်ဝန်း_ကိုနေဝင်း #စိုင်းထီးဆိုင် #BeautyMagazine

About