@aunglay.1984: မိန်းမတွေဟာ သူတို့အချစ်ခံနေရတယ်လို့ ခံစားနေရသရွေ့ အဲ့နေရာကနေ မထွက်ခွါတတ်ကြဘူးတဲ့ ။ (တနေ့ကဖတ်မိတဲ့စာလေးပါ) ကမ္ဘာဦးအစတည်းကအမျိုးသမီးတွေဆိုတာ မိခင်စိတ်ကြီးတတ်တဲ့၊မေတ္တာကြီးတတ်တဲ့ သဘာဝပါပဲ။ ဘဝမှာ တန်ဖိုးထားပြီးတည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးတွေကို နှမျောတတ်တယ်၊အသိုက်အမြုံကိုတန်ဖိုးထားတတ်တယ်၊ ချစ်ခင်ရတဲ့လူတွေအပေါ် စိတ်ပျက်မှုတွေ ရှိခဲ့ရင်တော့ အချိန်တန်ရင် လောကဓံကို အတူတူပဲ ပြန်ဖြတ်ကျော်ချင်တာကလည်း မိန်းမတွေပါပဲ ။ ဒီလိုစိတ်သဘောထား နူးညံ့ပြီး မပြတ်သားတတ်တဲ့၊ခံစားချက်များတဲ့ မိန်းမတွေဟာ သူတို့တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုခု ၊ လူတစ်ယောက်ယောက်ကို စွန့်ခွါခဲ့ပြီဆိုရင် သေချာတယ် အဲ့နေရာမှာ အချစ်မခံရတော့လို့ပဲ ။ ဒါမှမဟုတ် အချစ်ခံနေရတယ် ၊ဦးစားပေးခံနေရတယ်၊တန်ဖိုးထားခံနေရတယ်လို့မခံစားရတော့လို့ပဲ ။ အဲ့ဒီလိုပဲ ကိုယ်ကမိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင်လူတစ်ယောက်နဲ့ပတ်သက်လိုက်ရင် အရေးအကြီးဆုံးအရာဟာ အချစ်ခံရဖို့၊ဦးစားပေးခံရဖို့ ၊တန်ဖိုးထား ခံရဖို့ပဲ ။အဲ့လိုမဟုတ်ဘဲ ချစ်တဲ့စိတ်အရင်းခံပြီး အနားမှာ ဆက်ရှိနေဖို့ ကြိုးစားနေရင်လည်း အချစ်ခံရမှသက်သောင့်သက်သာဖြစ်တဲ့ အမျိုးသမီးတွေရဲ့စိတ်ဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ညိုးနွမ်းလာဖို့ပဲ ရှိတယ်။ အဲ့လိုမျိုး အတင်းပြန်ပြီးတည်ဆောက်ချင်နေတဲ့အချိန်မှာ ကပ်ရမဲ့အသိတရားက-ငါအချစ်မခံရတော့ပါလား ဆိုတာကိုပဲ။ ဘဝမှာ နှမျောတသ ဖြစ်ရလောက်တဲ့ ဆက်ဆံရေးတွေလည်း ရှိချင်ရှိလိမ့်မယ်၊ ပြန်ပြီးပြင်ဆင်လို့ရရင် ကောင်းမှာပဲလို့ ထပ်တလဲလဲတွေးနေမိတဲ့အချိန်တွေလည်း ရှိချင်ရှိလိမ့်မယ် ဒါပေမဲ့အချိန်တန်လို့မှ ကိုယ်လုပ်နိုင်တာ ဘာမှမကျန်တော့ဘူးလို့ ထင်ရင် အများကြီးတွေးမနေမှ ဒီအတိုင်းပဲ ထွက်ခွါခဲ့လိုက်တော့။ တစ်ခါတလေ မေတ္တာတွေများပြီး အရာအားလုံးကို အကောင်းဆုံး မျှော်လင့်နေတာကလည်း နှစ်ဦးနှစ်ဖက်လုံးကို ပိုပင်ပန်းစေတယ်။ ဪ သူလည်းမချစ်ချင်တော့ဘူး ငါလည်း အချစ်မခံရတဲ့နေရာမှာ မနေနိုင်ဘူးဆိုပြီးသာ ရေစက်ချခဲ့လိုက်တာ အကောင်းဆုံးပါပဲ

♡︎ စပ်စုစိန် ♡︎ _ ♡︎ စာတို ♡︎
♡︎ စပ်စုစိန် ♡︎ _ ♡︎ စာတို ♡︎
Open In TikTok:
Region: MM
Sunday 25 October 2026 03:02:30 GMT
112071
10827
59
1112

Music

Download

Comments

thet.thet371
♒️♒️Z🖤🖤 :
ထွက်ခွာချင်နေပီ မချစ်ဖူးလို့ပဲခံစားနေရလို့
2026-10-25 03:42:04
17
shnweiji
𝓒𝓱𝓪𝔀 ᥫ᭡ :
အချစ်ခံချင်တာ တအားကြီးကပ်တွယ်နေရင်လဲမကြိုက်ပြန်ဘူး
2026-10-26 04:38:46
0
win25817
🍀Naw Way🍀(🇷🇺) :
စာသားလေလိုချင်လို့ပါရှင့်
2026-10-25 08:16:07
1
user353942051
❤️May Lay❤️ :
စာသားလေးယူပီးFbမှာပြန်တင်မယ်နော်ရှင့်
2026-10-25 16:59:16
2
sandarlin1670
Sandar🦋💜Lin🦋💜 :
စာသားလေးပြန်တင်ပါရစေရှင့်🥰
2026-10-26 01:21:37
1
hayme6559
Hay Miemie Kyaw :
တကယ်ပါတချို့ကြ တွဲတာကြာလို့ ပြတ်စေချင်တာ ကိုယ်တိုင်ကအချစ်ခံရတယ်လို့ ခံစားနေသရွေ့ ပြဿနာဘယ်လောက်တက်တက် အဆင်ပြေကြတယ် သူကိုယ့်အပေါ် ချစ်တာကိုလည်းသိနေတော့ အဆင်ပြေပြေရှေ့ဆက်နေကြတာ မယူနိုင်သေးတာလည်း အကြောင်းကြောင်းတေရှိနေသေးတော့ မကြာခင်တော့နီးစပ်ကြမှာပါ ဒါပေမဲ့ ဘေးလူတေအမြင်ကြ ကိုယ့်ကို အချိန်ဆွဲထားတယ်ဘာညာနဲ့ ပြတ်စေချင်ကြတာ
2026-10-25 14:24:09
1
eieimon8138
Ei🍁 :
ချစ်တယ်ပြောပီး ပေါ့ ပစ်ပစ်ဆက်ဆံတာကရော🥺
2026-10-25 14:52:48
2
d.nge.lay.h.h.w
D Nge Lay H.H.W :
စာသားလေးယူပရစေ🥰
2026-10-25 04:33:34
3
xing.yin02
Xing 😺💙 :
ပြန်တင်မယ်နော်
2026-10-25 05:47:08
3
yoonnadi.eain
🤍 :
ထွက်ခွါဖို့ ပြင်ဆင်နေပါပြီ🥺
2026-10-25 12:53:35
2
thagyan35
🥑 May Thingyan🥑ဖျာပုံသူ🍒🍑 :
အမှန်ပါဘဲ ရှင်
2026-10-25 18:34:20
1
khaingkhaing2132
👸Ma Khaing Lay🤱Official 🇸🇬 :
ပြန်တင်ခွင့်ပြုပါ 🙏
2026-10-25 08:55:42
2
khinsuhlaing570
🍓 Su Hlaing 🍒 :
ထွက်ခွာချင်နေပီ 🥺
2026-10-25 15:46:16
1
zuezaw15
Zaw.. Gyi(ကျိုက်ထို) :
ပြန်တင်ခွင့်ပြုပါရှင့်
2026-10-25 12:21:08
1
izumi.reina87
🐦‍🔥 မိရွှန်း🐦‍🔥 :
ပြန်တင်မယ်နော်[Pink heart]
2026-10-25 06:06:07
2
watpu51
Khun NYi Zaw(Do Di)🔥 :
2026-10-25 13:13:25
1
mangneo00
Mang :
2026-10-25 12:09:33
1
eieimon8138
Ei🍁 :
🥺
2026-10-25 14:47:45
1
zin07.14.22
♋ ZIN 💫 :
ဘယ်ချိန်မေးမေး ချစ်တယ်ပဲ့ဖြေပီး ဂရုမစိုက်ဘူးရော
2026-10-25 13:51:56
9
kkw1563
𝙺°•°🤍🫀 :
စာသားလေလိုချင်မိ🥰
2026-10-25 04:26:52
2
aye.thandar.moe609
Aye Thandar Moe :
မရနိုင်တော့တဲ့မေတ္တာတရားကိုအတင်းမတောင်းဆိုတော့ဟာငြိမ်းချမ်းမှုရဲ့အစပါပဲ
2026-10-25 16:15:45
1
yuyamon802
🌿🍀 :
ကိုယ်ကို့ အချစ်ဘူးထင်ရင် အရမ်းပျတ်သားတတ်တဲ့မိန်းမပါ 😊
2026-10-25 16:35:12
1
yatiphyominyatiph08
EI PHYU PHYU ❤️❤️ :
ဟုတ်တယ်နော် ရေစက်ချခဲ့လိုက်တာအကောင်းပါပဲ 😭😭
2026-10-25 03:13:03
2
userk.k.1992
🇲🇲🦋 KK🦋🇨🇳 :
တချိူ့အရာတွေက ဝေးသွားမှ ....
2026-10-25 14:43:48
1
khaing.hnin.wai2215
🩷K.&.K🩷 :
စာသားပေးပါသဲရေ❤️❤️
2026-10-25 12:14:41
0
To see more videos from user @aunglay.1984, please go to the Tikwm homepage.

Other Videos


About