@chenpphuong: #KHAMPHAFINDX10 #VNOPPOFINDX10SERIES

Hồng Phương
Hồng Phương
Open In TikTok:
Region: VN
Friday 30 October 2026 14:30:46 GMT
115
3
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @chenpphuong, please go to the Tikwm homepage.

Other Videos

#နမောတဿ
#နမောတဿ "...ကို ဘာကြောင့် " သုံးခေါက် "ရွတ်ဆိုရသလဲ? 🙏"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"🙏 👉 အမေးအမြန်း ထူထပ်တဲ့ လောကကြီးမှာ မေးစရာရှိပါတယ်။ " ဘယ်လိုလဲ? " ဆိုတော့- “နေစမ်းပါဦးဗျာ.. ခင်ဗျားတို့ ဆရာ/ဒကာမှာ "သီလ"ပေးတဲ့ "ဆရာတော်"က "နေမာတဿ" တစ်ခေါက် သာ ဆိုပါလျှက်နဲ့ ခင်ဗျားတို့ ဒကာ/ဒကာမ တွေက ဘာပြုလို့ သုံးခေါက် ရွတ်ဆိုရတာလဲ" -လို့ မေးစရာရှိတယ်။ ဒီလို မေးလာလို့ရှိရင်- “မသိပါဘူးဗျာ… ရှေးက လူကြီး တွေက သုံးခေါက် ဆိုခဲ့ကြလို့ ကျွန်တော်တို့လည်း သုံးခေါက်ဆိုကြရတာပါပဲ"-လို့ အဲဒီလို လျော့ရဲရဲ ဖျော့နှဲနှဲ မဖြေလိုက်ပါနဲ့။ "ကျွန်ုပ်တို့၏ မိဘ,ဘိုးဘွား အထက်,အထက် လူကြီးများ က "သုံးခေါက်"- ဆိုရိုးပြုခဲ့ကြလို့ ကျွန်တော်/ကျမတို့လည်း "သုံးခေါက်"ဆိုကြတယ်"-လို့ ရဲရဲတောက်ဖြေကြားလိုက်ပါ။ ဒီအခါ-"မေးတဲ့လူ"က- “ခင်ဗျားတို့ -အထက်, အထက်လူကြီး များ -ဆရာသမားများ က, ဘာကြောင့် "သုံးခေါက်" ဆိုရိုးပြုခဲ့ကြတာလဲ? လို့ ထပ်မေးပါရစေ"-လို့ ဆိုလာလျှင်- ဤကဲ့သို့ ရဲရဲတောက် ဖြေလိုက်ပါ။ “ဒီ-"နမောတဿ ဘုရားရှိခိုးစာပိုဒ်"ဟာ "ဗုဒ္ဓဘာသာတရားစာပေ"-နယ်ပယ်မှာ သူမပါလျှင် မပြီးနိုင်လောက်အောင် အရေးပါအရာရောက်တဲ့ "ဘုရားရှိခိုးစာပိုဒ်"ဖြစ်ပါတယ်။ "ဘာကိုထောက်၍ သိရသလဲ?"-ဆိုရင် "ဗုဒ္ဓဘာသာ"နဲ့ပတ်သက်သော တရားစာပေမှန်သမျှ စာအုပ်တိုင်းကြည့်ပါ။ -"တစ်ဝါး လက်လေးသစ်လောက်ရှိတဲ့ စာအုပ်ကလေး"ဖြစ်ဖြစ်, -လက်နှစ်လုံး,သုံးလုံး,လေးလုံး,လောက်ထူတဲ့ "ဇိနတ္ထပကာသနီ"တို့လို စာအုပ်ကြီးပဲဖြစ်ဖြစ်, "ဗုဒ္ဓဘာသာ"စာပေမှန်သမျှ "ပထမဆုံးစာမျက်နှာ"ကိုလှန်လိုက်ရင်- ဒီ "နမောတဿဘုရားရှိခိုးစာပိုဒ်"ကို အရင်ဆုံးတွေ့ရပါတယ်။ "နမောတဿ"-မပါတဲ့ "ဗုဒ္ဓဘာသာစာပေ" -ရယ်လို့ မရှိပါဘူး။ ဤမျှလောက် "ဗုဒ္ဓဘာသာစာပေနယ်မှာ အရေးပါတယ်" -ဆိုတာ ဤအချက်ကိုထောက်၍သိရပါတယ်”။ “ဘာပြုလို့ ဒါလောက် အရေးပါ အရာရောက်ရသလဲ?" -လို့ တစ်ခါထပ်ပြီး စဉ်းစားကြည့်လိုက်ရင်- ဤ"နမောတဿဘုရားရှိခိုး"-စာပိုဒ်မှာ, "သဒ္ဒါ"သဘောနဲ့ကြည့်ရင်- -"နမော"တစ်ပုဒ် -"တဿ"တစ်ပုဒ် -"ဘဂဝတော"တစ်ပုဒ် -"အရဟ"တောတစ်ပုဒ် -"သမ္မာသမ္ဗုဒ္ဓဿ"တစ်ပုဒ် ဒီလို"ငါးပုဒ်ရှိတဲ့စာပိုဒ်"မှာ- "ငုံထားလိုက်တဲ့ဂုဏ်တော်"က, -ဘဂဝါဂုဏ် -အရဟံဂုဏ် -သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့ "မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကြီးသုံးပါး" -ကို ငုံပြီးတော့, ချီးမွမ်းပြီးတော့ "ဘုရားရှိခိုးတဲ့စာပိုဒ်"ဖြစ်တယ်။ ထို"စာပိုဒ်"ကို-"ဆရာသမားများ"ထံ "အနက်"ပြန်ဆိုလျှင် ဟောဒီလို "အနက်"ပြန်ဆိုတာတွေ့ရလိမ့်မယ်။ -"ဘဂဝတော"= ဘဂဝါ ဂုဏ်ရှင်ဖြစ်တော်မူသော။ -"အရဟေတာ"= အရဟံ ဂုဏ်ရှင်ဖြစ်တော်မူသော။ -"သမ်မာသမ်ဗုဒ်ဓဿ"= သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ဖြစ်တော်မူသော။ -"တဿ"= ထိုမြတ်စွာဘုရားအား။ -"နမော"=ရိုသေမြတ်နိုး အကျွန်ုပ်ရှိခိုးပါ၏။ -စာပိုဒ်တိုတိုနဲ့ "ဘယ်လောက်အဓိပ္ပာယ်လေးနက်သော ဘုရားရှိခိုး ဖြစ်တယ်"-ဆိုတာ ဒီလိုအနက်ပြန်ဆိုကြည့်လိုက်ရင် ပိုသိတယ်။ ယခုလို- "ဘဂဝတော၊ဘဂဝါဂုဏ်ရှင်ဖြစ်မူသော" -လို့ "အနက်မြန်မာပြန်"ဆိုတာဟာ, -သိလွယ်အောင် "နာမသတ် အနက်ပြန်ဆိုတာ" -လို့ ခေါ်ပါတယ်။ နောက်ကျမှ- "ဘဂဝါဂုဏ်"ဆိုတာ "ဘာခေါ်တယ်" စသဖြင့် သိရလိမ့်မယ်။ အဲဒီလို-"နာမသတ်"အနက်ပေးကြည့်တော့- "ဩော်- ဒီစာပိုဒ်ဟာ "မြတ်စွာဘုရား"၏, -ဘဂဝါဂုဏ် -အရဟံဂုဏ် -သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့ ဒီ"ဂုဏ်တော်ကြီးသုံးပါး"ဖြင့် ချီးကျူးပြီးတော့- "ဘုရား"ကို ရှိခိုးတဲ့စာပိုဒ်ပါလား"-လို့ အဲဒီလို"သဒ္ဓါတရား"တွေ ပိုပြီးတော့ဖြစ်ပါလိမ့်မယ်။ အဲဒီလို "စာပိုဒ်"က တိုပေမယ့်- "ဂုဏ်တော်ကြီးသုံးပါးနဲ့ ဘုရားကိုရှိခိုးတဲ့ စာပိုဒ်"ဖြစ်လို့- "ဘုရားရှင်"လက်ထက်တော်တုန်းက, -သိကြားနတ်မင်း, -သဟမ္ပတ်ိ ဗြဟ္မာမင်း, "လူ့ပြည်"က, -ဗိမ္ဗိသာရ မင်း၊ -ပေဿနဒီကောသလ မင်း, "ပုဏ္ကားပညာရှိ"ဖြစ်ကြတဲ့, -ဗွဟ်မာယုပုဏ်ကား -ပေါက္ခရသာတိပုဏ္ကား -ဇာဏုသောဏိပုဏ္ကား တို့ဟာ "ဘုရားရှင်"ထံမှာ ဒီ"နမော တဿ"ဖြင့် "သုံးကြိမ်"တိုင်တိုင် မြတ်မြတ်နိုးနိုး ဘုရား ရှိခိုးကြတယ်။ အားလုံး ကြားဖူးသိဖူးကြတဲ့အတိုင်း- "ဘုရား"လက်ထက်တော်တုန်းက "ဓနဉ္ဇာနီအရိယာပုဏ္ဏေးမကြီး"ဟာ ဘယ်အန္တရာယ်ကိုမှ မရေတွက်ဘဲ ဒီ "နမောတဿဘုရားရှိခိုး"နဲ့ "သုံးကြိမ်"တိုင်တိုင် "မြတ်စွာဘုရား" ကို ရှိခိုးခဲ့တယ်။ ဒါကြောင့် ဤကဲ့သို့ ဖြေလိုက်ပါ၊၊ “ဤနမောတဿဘုရားရှိခိုးသည် -လူ ပညာရှိ -နတ် ပညာရှိ -ဗြဟ္မာ ပညာရှိတို့က တမြတ်တနိုး-"ဘုရားရှိခိုးတဲ့ စာပိုဒ်"ဖြစ်လို့- -ကျွန်ုပ်တို့ရဲ့ မိဘ,ဘိုးဘွား -အထက်,အထက်လူကြီးများ -ဆရာသမားများက " သုံးခေါက် "ဆိုရိုးပြုခဲ့ကြပါတယ်"- လို့ ရဲရဲကြီး ဖြေဆိုလိုက်ကြပါ။ ━━━━━━━━━ ("မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး" ဟောကြားတော်မူသော- "ဩကာသ ရှင်းတမ်း တရားတော်"မှ ကောက်နှုတ်ချက်) စိတ်ငြိမ်ခြင်းသည် စွမ်းအားဖြစ်သည်။ #တရားတော်များ

About