@tiniii.rv: áo thun dài tay raglan hoạ tiết ngôi sao 🌟 #bapstudio86 #aothundaitay #aothunraglan #thoitrangnu #xuhuong

Tinii ᶻ 𝗓 𐰁 .ᐟ
Tinii ᶻ 𝗓 𐰁 .ᐟ
Open In TikTok:
Region: VN
Sunday 01 November 2026 04:50:43 GMT
155
9
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @tiniii.rv, please go to the Tikwm homepage.

Other Videos


" Raymond (Idiots) သို့မဟုတ် ကျွန်တော့်ဘ၀ရဲ့အပိုင်းအစတစ်ခု " 2021နောက်ပိုင်း နိုင်ငံရေးမငြိမ်မသက်ဖြစ်ဆဲကာလတစ်ခု အဲ့တုန်းကနယ်မှာ အစ်ကိုတ​စ်ယောက်နဲ့ရင်းနှီးခဲ့ဖူးတယ် သူနဲ့အတူအချိန်တစ်ခုထိ အတူတူနေခဲ့ကြတာ ညီအစ်ကိုတွေလိုပဲ အခုတော့သူလည်း အဝေးရောက်နေပါပြီ အဲ့ကာလမှာ သူ့ဆီကနေတဆင့် ကျွန်တော်ပထမဆုံး "Raymond နဲ့ Idiots" ကိုစသိပြီး သူတို့သီချင်းတွေ စနားထောင်ဖြစ်တယ်... ဒါရိုးရိုးသားသားပြောတာပါ အရင်က သီချင်းအချို့ကိုတော့ကြားဖူးပေမယ့် ကျွန်တော်သေချာနားမ​ထောင်ခဲ့ဖူးပါဘူး ဥပမာပြောရရင် သီချင်းကိုသိတယ် လူနဲ့သီချင်းတွဲပြီးမသိဘူး ဆိုတာမျိုးပေါ့... သို့သော်...ကျွန်တော်သေချာလေး Idiotsကို နားထောင်တဲ့အချိန်ကနေစပြီး Raymondသည် ကျွန်တော်အရမ်းကြိုက်တဲ့ Artistsတွေထဲကတစ်ယောက်ဖြစ်လာခဲ့တယ်... ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ် တော်တော်များများလည်းကျွန်တော့်လိုပဲနေမှာပါ ကိုယ်အရမ်းသဘောကျတဲ့ Artistတွေရဲ့အကြောင်းဆိုရင် အရမ်းစိတ်၀င်စားတာ သိချင်တာ သူတို့ရဲ့ဘ၀ဖြတ်သန်းမှုတွေ စိတ်နေသဘောထားတွေ အနုပညာတွေကို ကိုယ်လေ့လာနိုင်သလောက်ကို လိုက်လေ့လာတယ် ခံစားတယ်... အဲ့ဒီလိုနဲ့ အချိန်ပိုပေးပြီး သူ့ရဲ့သီချင်းတွေနားထောင် Interviewတွေ၀င်ကြည့် ရေလည်ချစ်ဖို့ကောင်းတဲ့ဘဲကြီး သူ့ကြည့်လိုက်ရင်ကို လူကအလိုလိုပျော်နေတာမျိုး... အော်...ကိုတွတ်ရယ် ခင်ဗျားတန်ဖိုးသိလာတဲ့အချိန်ကြမှ ကျွန်တော်တို့ကို နှုတ်ဆက်သွားပြီတဲ့လား... Raymondရဲ့သီချင်းတွေမှာ အချစ် အလွမ်း မပြည့်စုံခြင်း လူငယ်ဘ၀ရဲ့ မာနနဲ့နာကျင်မှုတွေကို ရိုးရိုးရှင်းရှင်းနဲ့ ရင်ထဲရောက်အောင်ပြောပြနိုင်တဲ့အရသာရှိတယ်... ဒီနေရာမှာကျွန်တော်တွေးမိတာက... တစ်ချို့သီချင်းတွေက နားထောင်ဖို့ပဲမဟုတ်ဘူး ကိုယ့်ဘ၀ထဲမှာ တစ်ချိန်က ဖြတ်သန်းခဲ့ဖူးတဲ့လူတွေကို ပြန်သတိရဖို့ဖြစ်လာတာ... Raymondသီချင်းတွေကို နားထောင်တိုင်း လူငယ်ဘ၀ရဲ့မာနတွေ မပြောဖြစ်ခဲ့တဲ့စကားတွေ မပိုင်ဆိုင်ခဲ့တဲ့အချစ်တွေ လက်လွှတ်လိုက်ရပေမယ့် မမေ့နိုင်သေးတဲ့သူတွေကို တိတ်တိတ်လေးပြန်တွေ့နေရသလိုပဲ... တစ်ခါတလေ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းနဲ့ မဆုံးဖြတ်ဘူး မပိုင်ဆိုင်နိုင်ခဲ့ရင်တောင် ရင်ထဲမှာ တစ်နေရာပေးထားနိုင်ခြင်းကလည်း အချစ်တစ်မျိုးပဲဖြစ်နိုင်တယ်..... Raymondရဲ့အသံထဲမှာ လူငယ်တစ်ယောက်ရဲ့ ရယ်သံလည်းရှိတယ် ခွဲခွာခြင်းရဲ့ နာကျင်မှုလည်းရှိတယ် မာနကြီးလို့မပြောဖြစ်ခဲ့တဲ့ လွမ်းတယ် ဆိုတဲ့စကားလေးလည်းရှိတယ်... အချိန်တွေက ဖြတ်သန်းသွားပေမယ့် သီချင်းတစ်ပုဒ်ကတော့ အချိန်ကို ပြန်လှည့်ပေးနိုင်တယ်... အဲ့ဒီသီချင်းထဲမှာ တစ်ချိန်က ကိုယ်ဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက် ချစ်ခဲ့ဖူးတဲ့လူတစ်ယောက် ဆုံးရှုံးခဲ့ဖူးတဲ့အချိန်တစ်ခု အမြဲတမ်း ရှင်သန်နေတတ်တယ်... Raymondရဲ့သီချင်းတွေက သီချင်းတွေထက်ပိုတဲ့ ကျွန်တော်တို့မပြောဖြစ်ခဲ့တဲ့ ဘ၀အပိုင်းအစလေးတွေရဲ့ အသံတွေပါပဲ... Brothersတို့ဘ၀မှာရော ဒီဘဲကြီးနဲ့ပတ်သက်တဲ့ အမှတ်တရတွေ ဒါမှမဟုတ် သူနဲ့ပတ်သက်တဲ့ ဘ၀ရဲ့အပိုင်းအစလေးတွေရှိခဲ့ရင် အချိန်ပေးနိုင်မယ်ဆိုရင်ဖြင့် လွတ်လပ်စွာပြောပြလို့ရပါတယ်... #photocrd_to_owner

About