@thefutur71: #pourtoi #creatorsearchinsights #tiktok #viralvideo #foryou

🪬Mabu🧌
🪬Mabu🧌
Open In TikTok:
Region: HT
Thursday 12 November 2026 09:33:07 GMT
118
6
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @thefutur71, please go to the Tikwm homepage.

Other Videos

“It was the last straw that broke the camel’s back”.ကုလားအုတ်ခါးကျိုးသွားတာနောက်ဆုံးတင်လိုက်တဲ့ကောက်ရိုးတမျှင်ကြောင့်တဲ့  ဒီစကားလေးကို သေချာဆင့်ပွါးတွေးလေ အတွေးများ ရလေပါပဲ။ နောက်ဆုံးကောက်ရိုးတမျှင်သာထပ်မတင်ခဲ့ရင် ကုလားအုတ် ခါးကျိုးခဲ့မှာမဟုတ်ဘူး ။ ဘာမဟုတ်တဲ့သေးသေးမွှားမွှားလေးလို့ထင်ရပေမယ့် အရှေ့မှာ အဲ့လိုအလားတူသေး၂ မွှား၂ (ကောက်ရိုးမျှင်)တွေအများကြီးရှိထားနှင့်ပြီးသားဆိုတာ လူတွေမသိကြ သတိမထားမိကြဘူး ။  ဘဝမှာလည်းအဲ့လိုအလားသဏ္ဍာန်တူတွေရှိတယ်။လူတစ်ယောက်ကို ကိုယ့်ဘက်ကတစ်လျှောက်လုံးသည်းခံနေခဲ့တာတွေ ၊ ရင်ထဲဖုနေခဲ့တာတွေကိုဘယ်သူမှမသိဘူး။ နောက်ဆုံးကိုယ့်ရဲ့ခံနိုင်အားမရှိတော့တဲ့အချိန် သူ့ရဲ့ဘာမဟုတ်တဲ့ အပြုအမူသေးသေးလေးတစ်ခု၊ စကားလေးတစ်ခွန်းကြောင့် မီးစကိုမီးညှိလိုက်သလို “ဟုန်း” ဆိုမီးထတောက်မှ “ ဒါလေးပြောတာကို “ “ ဒါလေးကိုများ အဖြစ်သည်းနေတာ” ဆိုပြီး ကောက်ချက်ကျကြတာပေါ့ ။  အမှန်က မီးလောင်ဖို့ မီးစာအပြည့်ရှိနေနှင့်ခဲ့ပြီးသား ရင်ထဲမှာအစိုင်အခဲထုကြီးက ခိုင်မာနေနှင့်ပြီးသားလေ။  “ဒီလောက်လေးကိုများဘာဖြစ်သွားမှာမို့လဲ” ဒါလေးကိုများ”ဆိုပြီး အဲဒီ့ နား​လေးပဲ ကွက်ပြီး pinpoint လုပ် ၊ ကိုယ့်အလွန် ကိုယ်သ​ဘောထားမကြီးသ​ယောင် အထိမခံသ​ယောင် label တပ်ခံရတာ​ပေါ့။ သူတို့မြင်တာ အဲ့ဒီ့ incident တစ်ခု( နောက်ဆုံး​ကောက်ရိုးတစ်မျှင်) ကိုပဲမြင်ပြီး အ​ရှေ့မှာ ကိုယ်ခံခဲ့ရတာ​တွေကို မမြင်မှမမြင်ခဲ့ပဲကိုး။  ကိုယ်က ဒီသဘောတရားကို နားလည်လာတဲ့အခါ ဘယ်သူ့ ဘယ်သူ့ကိုမှ “ အဖြစ်သည်းလိုက်တာ” “ ဆတ်ဆတ်ထိမခံဖြစ်နေလိုက်တာ” လို့ judge မလုပ်မိအောင်နေဖြစ်တော့တယ်။  ကြုံဖူးကြမှာပေါ့ ကိုယ်ကပြောလိုက်တာ ဘာရယ်မဟုတ် တဘက်က ရှိုက်ကြီးတငင်ငိုသွားတဲ့အခြေအနေတွေ၊ ရှူး၂ရှား၂ ဒေါသအိုးပေါက်ကွဲသွားတာမျိုးတွေ။  “ငိုချင်လျှက် လက်တို့” အခြေအနေမျိုး၊ ကိုယ်က ကုလားအုတ်ရဲ့ ကျောပေါ်နောက်ဆုံးတင်လိုက်တဲ့ ကောက်ရိုးမျှင်လေးဖြစ်သွားရတာပေါ့။ သူဘာတွေရင်ဆိုင်တွေ့ကြုံခံစားနေရသလဲ ဆိုတာ ကိုယ်က မသိဘဲ လုပ်လိုက်မိ ပြောလိုက်မိတဲ့အပြုအမူအပြောအဆိုသေးသေးလေးတွေက သူ့ခံနိုင်ဝန်အားကိုကျော်သွားခဲ့တဲ့အချိန်မျိုးပေါ့။

About